ခံတွင်းအနံ့အသက်ဆိုးခြင်းးသည် မိမိကိုယ်ကို ယုံကြည်မှုကို လျော့ကျစေပါတယ်။ လူရှေ့သူရှေ့စကားပြောရတဲ့အခါ မိမိကိုယ်ကိုမိမိ မဝံ့မရဲဖြစ်ပြီး ရှက်ရွံ့နေပါလိမ့်မယ်။ ဒီလိုခံတွင်းအနံ့အသက်ဆိုးရခြင်းကို ကုသပေးနိုင်မယ့် အစားအစာကောင်းတချို့ရှိပါတယ်။
နံနံပင်

နံနံပင်ထဲမှာ ပါဝင်တဲ့ သဘာဝအဆီဓာတ်သည် ခံတွင်းရနံ့လေး သင်းပျံ့နေအောင် ကူညီပေးပါတယ်။ ထမင်းစားတဲ့အခါ (သို့) အသုပ်စားတဲ့အခါ နံနံပင်လေး တို့စားပေးလိုက်မယ်ဆိုရင် သင့်ရဲ့ခံတွင်းရနံ့လေးသည်လည်း သင်းပျံ့နေပါလိမ့်မယ်။
သံပုယိုသီး

မိမိရဲ့ခံတွင်းရနံ့ နံနေတယ်လို့ ခံစားမိပါက သံပုယိုသီးကို အကွင်းလိုက် ပါးပါးလှီးပြီးနောက် ဝါးစားလိုက်ပါ။ ဒါမှမဟုတ် ရေထဲသို့ သံပုယိုကွင်းလေး ထည့်သောက်လိုက်ပါ။ သံပုယိုသီးထဲမှာပါဝင်တဲ့ ဗီတာမင်စီသည် ခံတွင်းအနံ့အသက်ဆိုးများကို ဖယ်ရှားပေးပါလိမ့်မယ်။
ပင်စိမ်းရွက်
ပင်စိမ်းရွက်ကတော့ အထူးတလည် ညွှန်းနေစရာမလိုလောက်အောင် အစွမ်းထက်တဲ့ ဆေးဖက်ဝင်အရွက်ပဲဖြစ်ပါတယ်။
ဒိန်ချဉ်

ဒိန်ချဉ် နေ့စဉ်စားသုံးပေးခြင်းသည် ခံတွင်းအနံ့အသက်ဆိုးများကို ဖြစ်ပေါ်စေတဲ့ Hydrogen Sulfide ဓာတ်ကို လျော့ကျစေပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်စားတဲ့အခါ တစ်ခုသတိထားရမှာက ဆေးသကြားမပါဝင်တဲ့ သဘာဝဒိန်ချဉ်ကိုသာ ရွေးချယ်ရမှာဖြစ်ပါတယ်။
ပန်းသီး

ကိုက်စားတဲ့အခါ တကြွပ်ကြွပ်နဲ့ အသံမြည်တဲ့ ပန်းသီးသည် တံတွေးထွက်နှုန်းကို တိုးမြှင့်ပေးတာကြောင့် သွားနှင့် ခံတွင်းသန့်ရှင်းရေးကို အထူးမြှင့်တင်ပေးပါတယ်။
သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်သည် ခံတွင်းရနံ့ကို သင်းပျံ့စေရုံသာမကဘဲ ခံတွင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများကိုလည်း ဖယ်ရှားပေးပါတယ်။
ဘယ်ရီသီးများ

ဘယ်ရီသီးထဲမှာ ပါဝင်တဲ့ Antioxidants များသည် အသက်အရွယ် အိုမင်းရင့်ရော်မှုကို သက်သာစေရုံသာမကဘဲ ခံတွင်းရနံ့ကိုလည်း သင်းပျံ့စေပါတယ်။
လိမ္မော်သီး

လိမ္မော်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်သည် ခံတွင်းရနံ့ သင်းပျံ့အောင် ကူညီပေးပါတယ်။ ကြက်သွန်တွေ စားမိပြီး ခံတွင်းနံ့ နံနေလို့ စိတ်မညစ်လိုက်ပါနဲ့။ လိမ္မော်သီး စားပေးလိုက်ရုံနဲ့တင် ခံတွင်းရနံ့ သင်းပျံ့လာပါလိမ့်မယ်။
Source: Dumblittleman.com

