အလုပ်အင်တာဗျူးနောက်ဆုံးအဆင့်မှာ ညှိနှိုင်းရမယ့်အရာက လစာတစ်ခုတည်းတော့လည်း မဟုတ်ပါဘူး။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အလုပ်တစ်နေရာခေါ်ပြီဆိုရင် HR ဌာနတွေမှာ ခေါ်ထားတဲ့ Position အတွက် လစာဘယ်လောက်အထိ ပေးမယ်လို့ သတ်မှတ်ပြီးသားပါ။ ဒီသတ်မှတ်ထားတဲ့အထဲကမှ လစာကို အလုပ်လျှောက်တဲ့သူရဲ့ အရည်အချင်းနဲ့ တောင်းဆိုချက်ပေါ်လိုက်ပြီး တိုးပေးတာမျိုး လုပ်ပါတယ်။
တကယ်တော့ အလုပ်လျှောက်တဲ့သူတွေဟာ လစာအပြင် တခြားအရာတွေလည်း ကိုယ်ဖြစ်ချင်တာကို ပြောပြီး ညှိဖို့ အရေးကြီးပါတယ်။ ဥပမာ- အလုပ်ခွင်မူဝါဒတွေနဲ့ ကိုယ်အတွက် အဆင်ပြေစေမယ့် အလုပ်လုပ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဘယ်လိုအချက်မျိုးကို အလုပ်အင်တာဗျူးမှာ တစ်ခါတည်း ညှိခဲ့ဖို့ လိုမလဲဆိုတာကိုလည်း ပြောပြပေးချင်ပါတယ်။

(၁) အလုပ်က စီစဉ်ပေးတဲ့ အပန်းဖြေခရီးရှိသလား

african-american-applicant-holding-resume-job-interview

Photo: Freepik

ဘဝဆိုတာ ငွေရှာဖို့ချည်းပဲမှမဟုတ်တာ။ တစ်နှစ်လုံး သင့်အလုပ်ထဲမှာပဲ နာရီပေါင်းများစွာ ကြာအောင် တကုပ်ကုပ်နဲ့ အညောင်းမိအောင် လုပ်နေပြီး ဘယ်လိုမှ စိတ်အပန်းပြေအောင် ထားဖို့ အချိန်မရှိဘူးဆိုရင် အလုပ်က သင့်ကို သတ်သွားပါလိမ့်မယ်။ စိတ်နဲ့ကိုယ် အနားမရဘဲ တစ်နှစ်ပြီးတစ်နှစ် အလုပ်သွားရင် အလုပ်ခွင်စိတ်ပင်ပန်းမှု ဖြစ်လာတတ်ပါတယ်။ အလုပ်ခွင်ပင်ပန်းမှုက ကြာလာရင် သင့်ကို အကုန်လွှတ်ချပစ်ချင်တဲ့စိတ် ဖြစ်လာပြီး အလုပ်လုပ်ချင်စိတ် ကုန်ဆုံးသွားတတ်ပါတယ်။

(၂) အလုပ်ချိန်က သက်တောင့်သက်သာရှိအောင် ပြောင်းလို့ရလား

business-career-placement-concept-happy-caucasian-man-30s-rejoicing-shaking-hands-with-employee-when-was-recruited-during-interview-office

Photo: Freepik

အမြဲတမ်း လူတွေ့ဆက်ဆံရတဲ့ အလုပ်မျိုးမှ မဟုတ်ရင် အိမ်ကနေ တစ်ပတ် တစ်ရက် ၊ နှစ်ရက်ဆိုသလို လုပ်လို့ရသလား ညှိကြည့်ပါ။ တချို့အလုပ်တွေက တစ်ပတ်မှ တစ်ရက်နှစ်ရက်လောက်ပဲ ရုံးလာရင် အဆင်ပြေတာမျိုးတောင် ရှိပါတယ်။ ကိုယ့်အထက်လူကြီးနဲ့ ညှိကြည့်လို့ အိမ်ကနေလည်း တစ်လကို ၇ ရက် ၈ ရက်လောက် လုပ်လို့ ရတယ်ဆိုရင် အလုပ်သွား/ပြန် အချိန်မကုန်တော့သလို စရိတ်စကလည်း သက်သာပြီး အလုပ်လုပ်နိုင်စွမ်းလည်း ပိုတက်လာနိုင်ပါတယ်။

အလုပ်တွေအများစုက မနက် ၉ – ညနေ ၅ နာရီ ပုံသေအလုပ်ချိန်နဲ့ တနင်္လာ-သောကြာနေ့အထိ ရုံးတက်ရပါတယ်။ ဒါပေမယ့် တချို့လူတွေအတွက် ဒီလို အလုပ်ချိန်ဇယားအသေကြီးနဲ့ အလုပ်လုပ်လို့ အဆင်မပြေတာတွေ ရှိပါတယ်။ အလုပ်အကိုင်သဘာဝပေါ်လိုက်ပြီး အချိန်ကို မနက် ၉ ညနေ ၅ နာရီအစား ကိုယ်အဆင်ပြေမယ့် အချိန်ကို ပြောင်းပေးလို့ ရမလား တောင်းဆိုကြည့်ပါ။ ကိုယ့်ရဲ့ Customized လုပ်ထားတဲ့ အချိန်ဇယားက ကိုယ့်ရဲ့ အလုပ်အရည်အသွေးကို ပိုကောင်းစေနိုင်တဲ့အကြောင်းလည်း ရှင်းပြလိုက်ပါ။

(၃) ပရော်ဖက်ရှင်နယ်အသင်းအဖွဲ့တွေမှာ မန်ဘာစာရင်းသွင်းပေးလား

business-job-interview-concept

Photo: Freepik

တကယ်လို့ ကိုယ်က အင်ဂျင်နီယာ ၊ ပရောဂျက်မန်နေဂျာ ၊ ပရိုဂရမ်မာနဲ့ စာရင်းကိုင်တို့လို ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် အလုပ်ဝင်မယ့်သူဆိုရင် ကိုယ့်အခုအလုပ်က ကိုယ့်ကို ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းတွေ (အင်ဂျင်နီယာအစည်းအရုံး ၊ MBA တန်း ၊ ကွန်ပျူတာပညာရှင်အသင်း စသည်) မှာ Membership ဝင်ဖို့အတွက် လစဉ်ကြေးနဲ့ ကုမ္ပဏီဘက်က ထောက်ပံ့တာမျိုးတွေ ရှိမလား။ ဒါမှမဟုတ် လျှော့ဈေးနဲ့ ရအောင် စီစဉ်ပေးသလား စုံစမ်းကြည့်ပါ။

(၄) ပရောဂျက် ခန့်ထားမှုကို ကိုယ့်အကြိုက်ပြောင်းလို့ ရွေးလို့ ရသလား

business-job-interview

Photo: Freepik

တချို့အလုပ်အကိုင်နယ်ပယ်တွေမှာ ကိုယ့်အနေနဲ့ Professional Development ဖြစ်ဖို့နဲ့ အသက်မွေးဝမ်းကြောင်း တိုးတက်ရေးအတွက် အကျိုးရှိမယ့် ပရောဂျက်တွေ Assignment တွေပဲ ရွေးပြီး တာဝန်ပေးဖို့ တောင်းဆိုခွင့်ရှိပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ ပရောဂျက်တွေက ကိုယ့်ရဲ့ Resume သစ်မှာ ပါသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်မဝင်ခင်ကတည်းက ကြိုပြီး ဒီအချက်ကိုလည်း ညှိထားပါ။

(၅) နှစ်စဉ်ဆုကြေး ဘယ်လိုပေးသလဲ

business-job-interview

Photo: Freepik

တစ်နှစ်ကုန်တိုင်း ငါ့အတွက် ဘောနပ်စ်ဘယ်လောက်ရမလဲလို့ တွေးနေရရင် မဟုတ်သေးပါဘူး။ ကုမ္ပဏီက ပေးသလောက်နဲ့ ကျေနပ်ရရင်လည်း မဟုတ်သေးပါဘူး။ အကောင်းဆုံးက အလုပ်မဝင်ခင်မှာကတည်းက ဘောနပ်စ်ကို ဘယ်လိုပေးတာလဲ။ ဘယ်လောက်% ထားပြီး ပေးသလဲ။ Performance ကြည့်ပြီးပေးတာလား။ လုပ်သက်ကြည့်ပေးတာလားလည်း မေးပါ။ အလုပ်မှာ လုပ်ရမယ့်တာဝန်နဲ့ ရမယ့်အခွင့်အရေးအကြောင်း အစကတည်းက ပွင့်ပွင့်လင်းလင်း လုပ်ထားတာ အကောင်းဆုံးပါပဲ။