ဘဝကြီးက အနိမ့်အမြင့်အတက်အကျ လှိုင်းလုံးကြီးတွေနဲ့ ပြည့်နှက်နေတာပါ။ ဒီနေ့မှာတော့ အရာအားလုံးကို ကျော်ဖြတ်နိုင်ရမယ်ဆိုပြီး စိတ်ဓာတ်တက်ကြွနေပေမယ့် နောက်တစ်ရက်မှာတော့ အရာအားလုံးကို အရှုံးပေးချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။

ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေသည် သင့်ရဲ့ဘဝကို ပိုမိုမြင့်မားလာအောင် အောင်မြင်မှုနဲ့ ပိုပြီးနီးစပ်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် စိန်ခေါ်မှုတွေကို မိမိအောင်မြင်မှုအတွက် လှေကားထစ်သဖွယ် အသုံးချတတ်ရပါမယ်။

ဘဝရဲ့စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုပြီး စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

Plan ချထားပါ

time to plan for men

Photo Source: Everyaustraliancounts.com

အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ပေမယ့် Plan ရေးဆွဲထားခြင်းသည် သင် ရှေ့ဆက်လျှောက်မယ့် ခရီးလမ်းအတွက် ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲဆိုတာ သိနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုလည်း ကြိုတင်ခန့်မှန်းနိုင်ပါပြီ။ စိန်ခေါ်မှုတွေသည် သင့်ရဲ့အားနည်းချက်တွေကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ထိုအားနည်းချက်တွေကို တဖြည်းဖြည်း အားသာချက်အဖြစ် ပြောင်းလဲပြီး စိန်ခေါ်မှုများကို အနိုင်ယူနိုင်ပါတယ်။

သင် တစ်ယောက်တည်းမဟုတ်ပါဘူး

helping each other; tips for men

Photo Source: Oceanmhs.org

ဘဝမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရခြင်းသည် သင် တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ စိတ် သွင်းထားပါ။ လူတိုင်းမှာ ကိုယ်ပိုင်အားနည်းချက်တွေ ရှိတဲ့အတွက်ကြောင့် တစ်ယောက်စီတိုင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေသည်လည်း မတူကွဲပြားပါတယ်။ သင့်ရဲ့အားနည်းချက်သည် အခြားသူတစ်ယောက်ရဲ့ အားသာချက် ဖြစ်နိုင်သလို အခြားသူရဲ့ အားနည်းချက်သည်လည်း သင့်အတွက် အားသာချက်ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အချင်းချင်း အတွေ့အကြုံများ ဖလှယ်ရင်း စိန်ခေါ်မှုတွေကို အတူတူကျော်လွှားနိုင်ပါတယ်။

မိမိရဲ့လုပ်ဆောင်နိုင်စွမ်းကို သံသယမဝင်ပါနဲ့

man working; tips for men

သံသယစိတ်သည် သင့်ကို တဖြည်းဖြည်းဝါးမျိုသွားပြီး နောက်ဆုံးမှာ အရှုံးပေးချင်စိတ်တွေ ပေါ်ပေါက်လာစေပါတယ်။ ဒါ့ကြောင့် မိမိရဲ့အရည်အချင်း၊ လုပ်ဆောင်နိုင်စွမ်းကို သံသယမဝင်ဘဲ မိမိကိုယ်ကို မိမိ ယုံကြည်ချက်ရှိပါ။ မိမိကိုယ်ကို ယုံကြည်ချက်ရှိပါက အရာအားလုံးကို ကျော်ဖြတ်နိုင်ပါတယ်။

စမတ်ကျကျ အလုပ်လုပ်ပါ

work hard vs work smart; tips for men

Photo Source: Medium.com

အလုပ်ကို နေ့မအား ညမနား ကြိုးကြိုးစားစားလုပ်ဆောင်တတ်ဖို့ထက် စမတ်ကျကျ လုပ်ဆောင်တတ်ဖို့လိုအပ်ပါတယ်။ ဒီလိုစမတ်ကျကျ လုပ်ဆောင်တတ်ဖို့ဆိုရင် ပထမဦးဆုံးပြောခဲ့တဲ့ Plan ရေးဆွဲတတ်ဖို့လိုအပ်ပါတယ်။ မိမိရဲ့ Plan ၊ မိမိရဲ့ Target တိကျမှသာလျှင် သင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ကွဲကွဲပြားပြားသိမှာဖြစ်ပါတယ်။ နို့မဟုတ်ရင် ဦးတည်ရာမဲ့နေပြီး မိမိရဲ့အလုပ်ကြိုးစားမှုသည်လည်း အချည်းနှီးပဲဖြစ်ပါလိမ့်မယ်။

ဒီအခြေခံအချက်လေးတွေ သိထားပြီဆိုရင်တော့ ဘယ်လိုစိန်ခေါ်မှုနဲ့ပဲ တွေ့တွေ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ။

Source: Uopeople.edu