ကိုယ့်ကို စိတ်အနှောင့်အယှက် ပေးတဲ့သူ ၊ ကိုယ့်ခေါင်းထဲ အဆိုးမြင်စိတ်တွေလာထည့်တတ်သူကို Toxic Person လို့ ခေါ်ပါတယ်။ မြန်မာလို တည့်ဘာသာပြန်ရရင် အဆိပ်သင့်စေတဲ့သူလို့ ဆိုရမလားပါပဲ။ နာမည်အတိုင်းပဲ။ Toxic Person ဖြစ်တဲ့ သူတွေဟာ ကျွန်တော်တို့အတွက် အဆိပ်အတောက်လို ဖြစ်စေမယ့် စိတ်ဖိစီးမှုတွေ နဲ့ စိတ်ဒဏ်ရာတွေ ပေးတတ်ပါတယ်။

လူတော်တော်များများဟာ သူတို့ ပေါင်းသင်း တွေ့ကြုံနေရတဲ့ Toxic People တွေကြောင့် ဘဝကို မပျော်မရွှင် ဖြတ်သန်းနေရပါတယ်။ အခြေအနေဆိုးတဲ့ တချို့သူတွေဆို ကိုယ့်ကိုယ်ကိုယ်ပါ ပြန်ထိခိုက်မိအောင် လုပ်လာကြပါတယ်။ Toxic People တွေကို ဘဝထဲကနေ အပြီးအပိုင် ထုတ်ပစ်ဖို့က ဘာကြောင့် အရေးကြီးတာလဲ ပြောပြပေးချင်ပါတယ်။

(၁) ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်

It can affect you physically

Photo: Brightside Me

ပညာရှင်တွေရဲ့ အဆိုအရ Toxic ဖြစ်စေတဲ့ လူတွေနဲ့ ဆက်ဆံနေမိတဲ့သူဟာ ကျန်းမာရေးယိုယွင်းလာနိုင်တယ်လို့ ဆိုပါတယ်။ အပြန်အလှန်လေးစားမှု နဲ့ နားလည်တမှု မရှိတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံနေရတဲ့သူဟာ နှလုံးကျန်းမာရေးမှာ ပြဿနာရှိဖို့ အလားအလာများတတ်ကြပါတယ်။ တခြား ကျန်းမာရေးနဲ့ ဆိုင်တဲ့ သွေးဖိအားမြင့်တာ ၊ သကြားဓါတ် တက်တာ ၊ အဝလွန်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် ပျောက်သွားနိုင်တယ်

It can shatter your self-esteem

Photo: Brightside Me

ကိုယ့်ကို စိတ်ဒုက္ခပေးနေတဲ့သူတွေနဲ့ ဆက်ဆံရတာဟာ လူမှာ အရေးကြီးလှတဲ့ ပင်ကိုယ်လေးစားစိတ်ပျောက်ဆုံးစေနိုင်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးတစ်ခုစီ ရှိထားကြပြီး အဲ့ဒီတန်ဖိုးတွေဟာ မြတ်နိုးလေးစားရမယ့်အရာတွေ ဖြစ်ပါတယ်။ Toxic People တွေကတော့ တခြားသူတွေရဲ့ ကိုယ်ပိုင်တန်ဖိုးကို လေးစားရကောင်းမှန်း မသိတဲ့သူတွေ ဖြစ်ပြီး တမင်ဖျက်ဆီးဖို့ပါ ကြိုးစားလေ့ရှိကြပါတယ်။

(၃) တခြားသူတွေအပေါ် အလွန်အမင်း အားကိုးချင်လာတယ်

It makes you overly dependent on others

Photo: Brightside Me

ကိုယ့်ကို တန်ဖိုးချ ပေါင်းတဲ့သူတွေကြောင့် ကြာလာရင် ကိုယ့်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တောင် မချရဲလောက်အောင် ဖြစ်သွားတတ်တာကိုလည်း သိထားဖို့ လိုပါတယ်။ တဖြည်းဖြည်းချင်း ကိုယ့်ဘဝရဲ့ ကဏ္ဍတိုင်းကို တခြားသူရဲ့လက်ထဲ ထိန်းချုပ်ခွင့်ပေးမိသွားတတ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်ဖြစ်တည်မှု ပျောက်ဆုံးပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိ သူများရဲ့ တိုက်တွန်းစေခိုင်းမှုအတိုင်းပဲ နေထိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

(၄) ကိုယ်ပိုင်လိုအင်တွေကို လျစ်လျူရှုမိတတ်တယ်

It makes you neglect your needs

Photo: Brightside Me

ကိုယ့်ကို လွှမ်းမိုးလွန်းတဲ့သူတွေနဲ့ အတူ ပေါင်းသင်းမယ်ဆိုရင် ကိုယ့်အကြိုက်ဆုံးအရာတွေ ပွန်းပဲ့တိုက်စားခံရတတ်ပါတယ်။ ကိုယ့်အကြိုက်ဆုံး ဝါသနာတွေ စွန့်လွှတ်ရနိုင်တယ်။ တခြားသူတွေအကြိုက် နေထိုင်ရင်း ကိုယ်ပိုင်လိုအင်ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်ရတတ်ပါတယ်။ နောက်တော့ ကိုယ့်အချိန်တွေ ၊ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာပါ စတေးလိုက်ရတတ်ပါတယ်။

(၅) တခြားသူတွေကို ယုံကြည်ဖို့ ခက်လာမယ်

It can make it harder for you to trust others

Photo: Brightside Me

Toxic People တွေနဲ့ ပေါင်းသင်းရင်းနဲ့ ကိုယ်ချည်း ခံရပါများလာရင် လူတိုင်းက အလကား ချီးထုပ်တွေပဲလို့ မြင်လာတတ်ပါတယ်။ တကယ်က ကိုယ့်ကို စိတ်ဒုက္ခပေးနေတဲ့လူတွေကြောင့် လောကကြီးပေါ် ကိုယ့်ရဲ့ အမြင်တွေပါ ဆိုးဆိုးဝါးဝါး ထိခိုက်သွားတာ ဖြစ်ပါတယ်။ လူတွေကို မယုံတတ်တော့ဘူး ဆိုတာ တော်ရုံပဲ ကောင်းပါတယ်၊။ လုံးဝကို Negative ဖြစ်သွားရင် ကိုယ့်ရဲ့ ပျော်ရွှင်နိုင်တဲ့အခွင့်အရေးတွေပါ ဆုံးရှုံးသွားရတတ်ပါတယ်။