တက်တူးတွေထဲမှာ ပခုံးပေါ်မှာ ထိုးတတ်ကြတဲ့ Shoulder တက်တူးတွေက ယောင်္ကျားလေးတွေအကြား လူကြိုက်အများဆုံးတက်တူးတွေထဲမှာ ပါပါတယ်။ ပခုံး ၊ လက်မောင်း ၊ ကျောပြင်နဲ့ ရင်ဘတ်ဆိုတဲ့ နေရာတွေက တက်တူးဒီဇိုင်းတွေဟာ ယောင်္ကျားဆန်မှုနဲ့ ထူးခြားခြင်းကို ဖော်ပြနိုင်တယ် မဟုတ်လား။ Shoulder တက်တူးတွေက ပခုံးဆစ်နဲ့ လက်မောင်းအိုးကောင်းလေလေ တက်တူးဒီဇိုင်းကို ပိုကြွစေနိုင်လေလေပါပဲ။

အခုခေတ်မှာ တက်တူးဒီဇိုင်းရွေးရ ပိုလွယ်လာပါတယ်။ အင်တာနက်မှာလည်း Browsing လုပ်ရုံနဲ့ ဘယ်လို တက်တူးစတိုင် ရွေးရမယ် ၊ ဘာတွေ လိုမယ်ဆိုတာ အလွယ်လေး ရှာလို့ ရလာပါပြီ။ Shoulder တက်တူးကတော့ ဘယ်ဘက်ပဲ ထိုးထိုး ညာဘက်ပဲ ထိုးထိုး အဆင်ပြေပါတယ်။ ကိုယ်စိတ်ထဲမှာ ပိုပြီး Confident ရှိစေမယ် ထင်တဲ့အခြမ်းဘက် ထိုးတာကတော့ အကောင်းဆုံးပါပဲ။

shoulder-Tattoos-Ideas-For-Guys

Photo: newmensstyles
တက်တူးရဲ့ အဓိက မျက်စိကို ဆွဲဆောင်မယ့်အပိုင်းဟာ လူတွေ အာရုံစိုက်နိုင်မယ့်နေရာမျိုးမှာ ရှိဖို့ လိုပါတယ်။ Shoulder လို့ခေါ်တဲ့ လက်ပြင်ပခုံးနေရာဟာ ကျယ်တာကြောင့် ဒီဇိုင်းစိတ်ချချနိုင်ပါတယ်။ Shoulder တက်တူးတွေ ထိုးမယ်ဆိုရင် အနုပညာမြောက်ပြီး အနုစိတ်ဆန်တဲ့ တက်တူးမျိုးကို ပိုရွေးသင့်ပါတယ်။ တက်တူးဒီဇိုင်းပေါ် လိုက်ပြီး လက်မောင်းအထိ Full Sleeve ၊ နောက်ကျောဘက် ၊ လက်မောင်းအောက်ဘက် ၊ Bicep နေရာ ၊ ရင်အုံနဲ့ တခြားနေရာတွေအထိ ဆက်စပ်နိုင်ပါတယ်။

Full Sleeve မျိုးပဲ ဖြစ်ဖြစ် လက်မောင်းလယ်ရောက်တဲ့ Half Sleeve ပဲဖြစ်ဖြစ် ဘယ်လိုမျိုးပဲ ထိုးထိုး ထိုးနိုင်ပါတယ်။ Half Sleeve တက်တူးကတော့ ရုံးဝန်ထမ်းတွေ နဲ့ Formal Event ပွဲတွေ တက်ရတဲ့သူမျိုးအတွက် အဆင်ပြေပါတယ်။ Half Sleeve တွေက တော်ရုံလက်တိုဝတ်ရုံနဲ့တင် တက်တူးကို ဖုံးထားလို့ ရနိုင်တာကြောင့် ဖြစ်ပါတယ်။ ပခုံးကနေ လက်မောင်းပြည့် Full Sleeve တက်တူးထိုးတာကတော့ နည်းနည်း ပိုစဉ်းစားရပါတယ်။

ထိုးမယ့် စတိုင် ၊ ပုံစံ Shapes ၊ အရွယ်အစားနဲ့ ကာလာ Tones တွေကတော့ ကိုယ့်အကြိုက်နဲ့ကိုယ် ရွေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်အတွက် အမှတ်တရဖြစ်စေချင်ရင် စကားလုံးတွေ ၊ နာမည်တွေ ထိုးနိုင်ပြီး ဆွဲဆောင်မှုရှိချင်ရင် သင်္ချာဆိုင်ရာ Shapes တွေ ၊ မှော်ဆန်တဲ့ မြွေဆိုးကြီးတွေ ၊ ငှက်နဲ့ နတ်ဘုရားပုံတွေ ၊ တောင်ပံပုံနဲ့ ခေါင်းခွံဒီဇိုင်းတွေ ထိုးနိုင်ပါတယ်။ တချို့ ဂျပန်ဒီဇိုင်းလေးတွေကလည်း စိတ်ဝင်စားစရာပါ။

shoulder tattoos ideas for men

Photo: designsforlifehome
Monochrome စတိုင်ကြိုက်ရင် Black & White ဒီဇိုင်း ရွေးနိုင်ပါတယ်။ အရိုးခေါင်း Skull Sleeve တက်တူးတွေကတော့ လူတိုင်းနဲ့ အဆင်ပြေမှာ မဟုတ်ပေမယ့် စဉ်းစားသင့်တဲ့ Shoulder တက်တူးထဲမှာ ပါပါတယ်။ လူမျိုးစု အမှတ်လက္ခဏာ Tribal Sleeve တက်တူးတွေဟာ အားကောင်းပြီး ၊ စိတ်အာရုံကို နှိုးဆွပေးနိုင်ပါတယ်။ အနုပညာအမြင်ရှိတဲ့ တက်တူးတွေ ဖြစ်ပါတယ်။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့ တက်တူးမျိုး ဖြစ်ဖို့တော့ လိုပါတယ်။

အခုခေတ်မှာ 3D တက်တူးဒီဇိုင်းတွေလည်း ထိုးတဲ့သူတွေ ရှိပါတယ်။ များသောအားဖြင့် Biomechanics ဒီဇိုင်းတွေ ၊ ဒြပ်မဲ့ဒီဇိုင်းနဲ့ Hyper-Realistic ပေါထရိတ်တွေ ရွေးနိုင်ပါတယ်။ ဒီဇိုင်းပုံစံတွေကိုတော့ အွန်လိုင်းတွေပေါ်မှာ အလွယ်တကူရှာနိုင်ပါတယ်။ ဘယ်လို တက်တူးပဲ ထိုးထိုး ကိုယ်ထိုးလိုက်တဲ့ တက်တူးကြောင့် ဂုဏ်ယူနေရရင် အကောင်းဆုံးပါပဲ။