ကျွန်တော်တို့ ကြားဖူးတဲ့ အောင်မြင်ရေးနည်းလမ်းတွေ အများကြီး ရှိမှာပါ။ အလိုဆန္ဒပြင်းပြမှု ၊ အစီအစဉ်တကျ လုပ်တတ်မှု ၊ စည်းကမ်းကောင်းပြီး အလုပ်ကြိုးစားမှု စတဲ့အချက်တွေက အောင်မြင်ဖို့ အဓိကဒေါက်တိုင်တွေလို့ ဆိုကြပါလိမ့်မယ်။ တကယ်လို့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ ရိုးရှင်းလှတဲ့ နေ့စဉ်အလေ့အကျင့်လေးတွေနဲ့ဆိုရင်ရော မဖြစ်နိုင်ဘူးလား။

သတင်းကောင်းက ကိုယ့်ရဲ့ ရိုးစင်းလှတဲ့ နိစ္စဒူဝလုပ်နေကျအလေ့အကျင့်လေးတွေဟာလည်း အောင်မြင်ဖို့ ထိရောက်တဲ့လက်နက်ကိရိယာလေးတွေဆိုတာပါပဲ။ လူတစ်ယောက် တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်းတွေကို အကျင့်က ပြုပြင်သွားတာပါ။ ဒါကြောင့် အောင်မြင်မှုပန်းတိုင်ဆီ ရောက်ဖို့ သွားတဲ့ ခရီးကို ပိုတွင်စေမယ့်အကျင့်လေးတွေအကြောင်း လေ့လာထားတာ အကောင်းဆုံးပါပဲ။

(၁) စိတ်ကို ရှင်းရှင်းထားခြင်း

back-view-man-relaxing-beach-outside-with-copy-space

Photo: Freepik

အနှောင့်အယှက်တွေနဲ့ ပြည့်ကျပ်နေတဲ့ စိတ်ဟာ မှန်မှန်ကန် မဆုံးဖြတ်နိုင် ၊ ပြည့်ပြည့်ဝဝ အာရုံမစိုက်နိုင်ဖြစ်ပြီး နောက်ဆုံး ထိထိရောက်ရောက် စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ တစ်နေ့တာမှာ စိတ်ထဲ အရှုပ်ထုပ် Message တွေ အဝင်မခံဘဲ Airplane Mode နဲ့ နေတဲ့အကျင့် လုပ်ထားကြည့်ပါ။ စစချင်း အကျင့်မရှိရင် တစ်နေ့ ၁၅ မိနစ်လောက် ခေါင်းထဲ ဘာအတွေးနဲ့ ဖိစီးမှုမှ မဝင်စေဘဲ စိတ်ကို ရှင်းရှင်းထား နေကြည့်ပါ။ နောက်မှ တိုးတိုးပြီး မိနစ် ၆၀ နေကြည့်ပါ။ အများကြီး တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။

(၂) လှုပ်လှုပ်ရှားရှား နေထိုင်ခြင်း

hiking-man-with-backpack-walking-forest

Photo: Freepik

ကိုယ်လက်လှုပ်ရှားမှုလောက် ကောင်းတဲ့ဆေးမရှိပါဘူး။ ကျန်းမာရေးမှာ ကိုယ်ကာယလှုပ်ရှားမှုကလည်း သိပ်အရေးပါပါတယ်။ ဒါတင်မဟုတ်ဘဲ စိတ်နေစိတ်ထားနဲ့ အာရုံကြောတွေပါ လန်းပွင့်ကြည်လင်စေပါတယ်။ ရိုးရိုးလေး စလို့ ရပါတယ်။ တစ်ရက်ကို အနည်းဆုံး ၁၀ မိနစ် အားကစားလုပ်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး လုပ်ကြည့်ပါ။ ဖန်တီးမှု ၊ စိတ်ဓါတ်အင်အားနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ သိသိသာသာ တိုးတက်လာပါလိမ့်မယ်။

(၃) အသစ်အဆန်း လုပ်ခြင်း

creative-design-designer-man-working

Photo: Freepik

အမြဲတမ်း ရိုးအီပြီး အပြောင်းအလဲမရှိတဲ့ ပျင်းစရာနေ့စဉ်ဘဝကနေ ခုန်ထွက်ပါ။ ကိုယ့်ကိုယ်ကိုယ် အလုပ်ပေးပါ။ စိတ်ကို တွေးခေါ်ရေးလေ့ကျင့်ခန်း ပေးပါ။ လူကို ဖန်တီးမှုပါတဲ့ အလုပ်လုပ်ခိုင်းပါ။ တစ်ရက်မှာ အနည်းဆုံး မိနစ် ၂၀ လောက် Creative ဖြစ်တာလေးတွေ လုပ်ပါ။ တစ်ပတ်လောက်ဆို အနည်းဆုံး ၂ နာရီလောက် ဖန်တီးအားထုတ်မှုတွေ လုပ်ပြီး ဖြစ်ပါလိမ့်မယ်။

(၄) နေ့တိုင်း သင်ယူခြင်း

little-man-turns-page-large-book-scale-effect-gaining-knowledge-education-reading

Photo: Freepik

တစ်ရက် ၁၀ မိနစ် ပုံမှန်သင်ယူသူဟာ တစ်နှစ်မှာ နာရီပေါင်း ၆၀ ပညာသင်ပြီးသွားပါပြီ။ တချို့လေ့လာမှုတွေက နည်းနည်းချင်းဆိုပေမယ့် ရေရှည်မှာ ကိုယ့်ကို တောင်ပုံရာပုံ ကြီးမားတဲ့အကျိုးပေးလာမှာပါ။ ဥပမာ တစ်ရက်ကို စာမျက်နှာ ၁၀ မျက်နှာ ဖတ်ဖြစ်တယ်ဆိုရင် တစ်နှစ်ကို ပျမ်းမျှ စာအုပ် ၁၈ အုပ် ဖတ်ပြီး ဖြစ်သွားပါလိမ့်မယ်။ သုံးနှစ်ဆို အုပ်ရေ ၅၀ ကျော်လာပါပြီ။ စာအုပ်ပေါင်း ၅၀ ကျော် ဖတ်ထားတဲ့သူရဲ့ ဦးနှောက်ဟာ ဘယ်လောက်ထက်မြက်ပြီး အမြင်သန်နေမလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့။