ကြည့်ကောင်းပြီး အဆီပြန်ခြင်း ကင်းဖို့အတွက် မျက်နှာသစ်ဆေးတွေဟာ အံ့ဩလောက်အောင် စွမ်းဆောင်နိုင်ပါတယ်။ မျက်နှာမှာ ချွေးနဲ့ အညစ်အကြေးတွေ ပေပြီး ၊မွဲခြောက်ခြောက် ဖြစ်နေမယ် အဆီပြန်နေမယ်ဆိုရင် အမြန်ဆုံးနဲ့အကောင်းဆုံးနည်းက မျက်နှာသစ်ဆေးကောင်းကောင်း သုံးလိုက်ဖို့ပါပဲ။ မျက်နှာသစ်ဆေးမှာလည်း ကိုယ့်အသားအရေပေါ်လိုက်ပြီး မှန်ကန်တဲ့ မျက်နှာသစ်ဆေးရွေးသုံးမှ ထိရောက်မှာပါ။

လူတွေရဲ့ အရေပြားကို အမျိုးအစားခွဲမယ်ဆိုရင် Skin Type အနေနဲ့ ခြောက်သွေ့ပြီး Sensitive ဖြစ်တဲ့ အသားအရေ ၊ အဆီပြန်တတ်တဲ့ အသားအရေနဲ့ နှစ်မျိုးစလုံး အကျုံးဝင်တဲ့ Skin Type ဆိုပြီး ရှိတတ်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် Salicylic Acid လိုမျိုး ဓါတုပစ္စည်းလုံးဝမပါတဲ့ Face Wash မျိုး သုံးတာ အကောင်းဆုံးပါပဲ။ သဘာဝပါဝင်ပစ္စည်းအသားပေး ထုတ်ကုန်တွေ ပိုသုံးပါ။ တဇောင်းလက်ပတ်ပါ အစိုထိန်းခရမ် Moisturizer နဲ့ တွဲသုံးပါ။

male-model-washing-his-face

Photo: Freepik

Dry Skin ပိုင်ရှင်တွေအနေနဲ့ တစ်ရက်ကို တစ်ကြိမ်ထက် ပိုပြီး Face Wash / Cleaner မသုံးသင့်ပါဘူး။ အရေပြားခြောက်သွေ့မှုကို ကာကွယ်နိုင်ဖို့ ညဘက် မျက်နှာသစ်တာ ပိုကောင်းပါတယ်။ Sensitive Skin သမားတွေအနေနဲ့ သုံးမယ့် Face Wash ထဲမှာ တဇောင်းလက်ပတ်လိုမျိုး ရေဓါတ်ဖြည့်ပေးနိုင်တဲ့ သဘာဝပါဝင်ပစ္စည်း ပါတာ ၊ မျက်နှာကို ခြောက်မသွားစေဘဲ အညစ်အကြေးတွေ ဖယ်ရှားနိုင်မယ့် သဘာဝမီးသွေးနဲ့ ညစ်ပစ်နေတဲ့အဆီတွေကို ဖယ်ထားနိုင်မယ့် သဘာဝသံလွင်ဆီမျိုး ပါတာတွေ သုံးပါ။

အဆီပြန်တတ်တဲ့ Oily Skin သမားတွေလည်း ဓါတုပစ္စည်းသိပ်များများ မသုံးတဲ့ Face Wash မျိုး ရွေးချယ်သင့်ပါတယ်။ အဆီပြန်တတ်သူတွေဟာ မနက်ဘက်မှာ Face Wash သုံးသင့်ပါတယ်။ နေ့လည်နဲ့ ညဘက်အိပ်ရာမဝင်ခင်မှာလည်း Face Wash နဲ့ မျက်နှာသစ်သင့်ပါတယ်။ အဆီပြန်သူတွေ သုံးမယ့် Face Wash ထဲမှာ အုန်းသီးအခြေခံထားတဲ့ မျက်နှာသန့်စင်ဆေး Cleansers ၊ မွေးညင်းပေါက်ထဲက အညစ်အကြေးတွေ ဆေးပေးနိုင်မယ့် ဂါရေနီယမ်ပန်း နဲ့ ရေဓါတ်ဖြည့်ပေးနိုင်မယ့် တဇောင်းလက်ပတ်တို့ ပါသလား ကြည့်ပါ။

ပုံမှန်အသားအရေပိုင်ရှင်တွေမှာလည်း ပါးပြင်တစ်ဝိုက် အသားအရေခြောက်ကပ်ပြီး နဖူးနဲ့ နှာခေါင်းမှာ အဆီပြန်တတ်ပါတယ်။ ဒီလိုလူတွေအတွက် Sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်သုံး မျက်နှာသစ်ဆေးမျိုး သုံးဖို့ လိုပါတယ်။ အဆီပြန်တဲ့ နှာခေါင်းနဲ့နဖူးတစ်ဝိုက်ကို တစ်နေ့ တစ်ကြိမ် နှစ်ကြိမ်လောက် ပိုပြီး မျက်နှာသစ်ပေးသင့်ပါတယ်။ ဝက်ခြံပေါက်တတ်တဲ့ အမျိုးသားတွေအတွက်လည်း ညွှန်းချင်ပါတယ်။

portrait-cheerful-shirtless-bearded-man-applying-aftershave-lotion-isolated-white

Photo: Freepik

ဝက်ခြံဆိုတာ အမွေးအမှင်ပေါက်တဲ့ ဆံသားအိတ်နေရာကို ဘက်တီးရီးယား ၊ အဆီနဲ့ ဆဲလ်သေတွေ ပိတ်ဆို့မိရာကနေ ဖြစ်တတ်ပါတယ်။ ချွေးထွက်ပြီးနောက် အသားအရေကို ကောင်းကောင်းမွန်မွန် သန့်ရှင်းရေး လုပ်မပေးသူတွေမှာ ဝက်ခြံအဖြစ်များပါတယ်။ ဝက်ခြံဖြစ်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် မွေးညင်းပေါက်မှာ ပိတ်ဆို့နေတတ်တဲ့ ဆီတွေကို စုပ်ထုတ်နိုင်ဖို့ ဖြစ်ပါတယ်။

သုံးသင့်တဲ့ Face Wash ကတော့ အဆီပြန်တဲ့ အသားအရေသမားတွေ သုံးတဲ့ မျက်နှာသစ်ဆပ်ပြာမျိုး ဖြစ်ပါတယ်။ Oily Skin သမားတွေ သုံးတဲ့ Face Wash သုံးတာဟာ မွေးညင်းပေါက်တွေ သန့်ရှင်းဖို့အတွက် အထောက်အကူဖြစ်ပြီး ချွေးပေါက်နဲ့ မွေးညင်းပေါက်တွေ ပွင့်သွားစေနိုင်ပါတယ်။ အရမ်းကြီးလည်း မျက်နှာအဆီတွေ ခြောက်သွားလောက်အောင် မျက်နှာမသစ်ဖို့ လိုပါတယ်။