“ဘယ်အရာမဆို များလွန်းရင် မကောင်းဘူး။ ဝီစကီကောင်းလွန်းရင်တော့ တန်ကာကျရုံပဲ”လို့ ကမ္ဘာကျော်စာရေးဆရာကြီး မတ်ခ်တွိုင်းက ပြောဖူးပါတယ်။ ဝီစကီကောင်းတစ်ခွက်ဟာ ကြိုက်တတ်သူအတွက်တော့ တပ်မက်စရာပါပဲ။

အလယ်ခေတ်ဘုန်းတော်ကြီးတွေ အိုင်ယာလန်ကို သယ်ဆောင်လာတဲ့ ပေါင်းခံချက်လုပ်နည်းတွေက တစ်ဆင့် ၁၄၀၅ ခုနှစ်က အိုင်းရစ်ချ်သမိုင်းစာအုပ်တစ်အုပ်မှာ Whiskey ဆိုတဲ့ ယမကာတစ်မျိုးအကြောင်း စတင်ပါရှိလာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဝီစကီဟာ အမေရိကန်ရဲ့ အရောင်းရဆုံးအရက်စာရင်းမှာ ရုရှားထုတ် ဗော့ဒ်ကာကို ကျော်ပြီး ထိပ်ဆုံးက ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။

high-angle-closeup-shot-male-holding-glass-whiskey

Photo: Freepik

အခုဆို ဝီစကီအမှတ်တံဆိပ်မျိုးစုံ ထွက်နေပြီး ဝီစကီတွေပေါ် လူကြိုက်များမှုကလည်း ရပ်တန့်သွားခြင်း မရှိသေးပါဘူး။ တကယ်လို့ ဝီစကီကြိုက်လို့ ပရိုကျကျ သောက်မယ်ဆိုရင် ခွက်မ,မခင်မှာ ပြင်ဆင်ထားရမယ့် အချက်တွေအကြောင်း ပြောပြချင်ပါတယ်။ သိပ်များများ စားစားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဝီစကီကို ဝိုင်လို အရသာခံသောက်တော့မယ်ဆိုရင်တော့ အရင်ဆုံး သိထားရမှာက ဖန်ခွက်ထဲ ဖြည်းဖြည်းပဲ ထည့် ၊ နည်းနည်းပဲ လောင်းဖို့ပါပဲ။

ပြီးရင် ဝီစကီခွက်လေးကို လက်နဲ့ ခပ်ဆဆလေး လှုပ်ပေးပါ။ ဝီစကီရဲ့ ရနံ့ကို ခံစားချင်ရင်တော့ ဝီစကီအရက်နဲ့ တစ်လက်မလောက်အကွာမှာ နှာခေါင်းကို ထားပြီး အနံ့ခံကြည့်နိုင်ပါတယ်။ ဝီစကီနံ့ကို ရှုကြည့်ချိန်မှာ ပါးစပ်ကိုတော့ ဖွင့်ထားပေးဖို့ လိုပါတယ်။ ဒါမှသာ ဝီစကီရနံ့စစ်စစ်ကို ပိုစူးစူးရှရှ ခံစားရမှာ ဖြစ်ပါတယ်။ ဝီစကီကို Neat သောက်နိုင်ပါတယ်။ ဒါပေမယ့် ရေနည်းနည်း မဆိုစလောက်လေး ထည့်သောက်တာ ပိုကောင်းပါတယ်။

group-peoeple-drinking-whiskey_1303-24902

Photo: Freepik

ဝီစကီထဲက အယ်လ်ကိုဟောကြောင့် ပူရှမနေအောင် ရေနည်းနည်းလောက် ထည့်တာက ကူညီပေးနိုင်ပါတယ်။ ပါးစပ်ထဲ ရောက်လာတဲ့ ဝီစကီကို လျှာက အပြည့်အဝအာရုံခံနိုင်ဖို့ ခဏငုံထားပြီး လျှာတစ်ပြင်လုံး ဝီစကီရည်တွေ စီးသွားအောင် လုပ်နိုင်ပါတယ်။ ဝီစကီကို မြိုချပြီးလို့ တက်လာတဲ့ အနံ့ဟာ နှာခေါင်းထဲက ထွက်ပါတယ်။ သတိထားကြည့်ရင် နှာခေါင်းကနေ ဝီစကီရဲ့အနံ့ကို ရမှာပါ။
ဒီလောက်ဆို ဝီစကီကို အထာကျကျ သောက်ဖို့ မခက်တော့ဘူးဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။