စတိုင်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဗားရှင်းမြှင့် အသစ်ပြင်လိုက်တာပါပဲ။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက ကိုယ့်ခံစားချက်နဲ့ ကိုယ့်ရဲ့ ပုံပန်းကို ပြောင်းပစ်နိုင်စွမ်းရှိပါတယ်။ အဝတ်အစားသစ်ဝယ်ဝတ်တယ်ဆိုရာမှာလည်း ကိုယ့်ကိုယ်ကိုယ် တစ်နည်းနည်းနဲ့ အဆင့်မြှင့်လိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ပုံစံကို မြှင့်တင်နိုင်မယ့် Style Hack တွေအကြောင်း ပြောရင် အခုပြောမယ့်အချက် ၃ ချက်ကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။

(၁) Designer ထုတ်ကုန်တွေ

model-man-fashion-pexels-generic-men-elegant-fashionable-fine-looking

Photo: theupcoming

အဝတ်အစားဝယ်ရင် လူတွေ အရင်စဉ်းစားလေ့ရှိတာက Label တွေပါပဲ။ ဘယ်ဖက်ရှင် Brand ကို ဝယ်ရမလဲ ဆိုတဲ့အတွေးက အရင်ရောက်လေ့ရှိပါတယ်။ Designer Items တွေကို ဝယ်ရတဲ့ အကြောင်းရင်းက ကိုယ့်စတိုင်အတွက် အာမခံချက် ပိုရှိလို့ပါပဲ။ ဒီဇိုင်နာဖြစ်အထည်တွေက အရည်အသွေးကောင်းတယ် ၊ရေရှည် အဝတ်ခံတယ် ၊ ဝတ်ရတာ ပိုပြီး ဂုဏ်ရှိတယ် ၊ ကိုယ်နဲ့လည်း ပိုအဆင်ပြေတတ်လို့ ဖြစ်ပါတယ်။

ဒါကြောင့် အဝတ်အစားကောင်းကောင်း ဝယ်ချင်ရင် တွေ့ကရာ အဝတ်အစားတွေ ၄-၅ စုံဝယ်မယ့် ပိုက်ဆံကို စုထားပါ။ ကိုယ့်အကြိုက်ကို တည့်တည့်တိုးပြီး ကိုယ်ဝတ်တိုင်း စိတ်တိုင်းကျမယ့် တံဆိပ်နဲ့ ဒီဇိုင်းကို ဝယ်ပါ။ ဈေးကြီးတယ်ဆိုပေမယ့် အရည်အသွေးကောင်းပြီး သပ်ရပ်တဲ့ ဂျက်ကတ်တစ်ထည် ၊ Shoes ဖိနပ်ကောင်းတစ်ရံ ပိုင်တာက နောင်တရစရာ ရှိမှာ မဟုတ်ပါဘူး။

(၂) Minimalism စတိုင်

man fashion in Minimalism

Photo: Pinterest

အဝတ်အစားတွေ နှစ်တိုင်း အရေအတွက် သန်းပေါင်းများစွာ ထွက်ပါတယ်။ ဒါပေမယ့် လူတွေ ပုခုံးတွေမှာ ကျန်နေခဲ့တဲ့ ဒီဇိုင်းက ဘယ်တော့မှ ရိုးမသွားတဲ့ Minimalism ဒီဇိုင်းပါပဲ။ ခေတ်ပေါ် Trend ဖြစ်တဲ့ ကြောင်တိကြောင်ကျားဖက်ရှင်တွေ ၊ Oversized အပွကြီးတွေ ဝယ်တာက ခဏလောက်တော့ အထာကျတယ်ခံစားရကောင်း ခံစားရနိုင်ပါတယ်။ တကယ်တမ်း ရေရှည်မှာ ဝတ်ဖြစ်တာက ရိုးရိုးရှင်းရှင်းနဲ့ သန့်ပြန့်သွားတယ်လို့ ခံစားရစေမယ့် Classic Design တွေ Monochrome Outfit တွေ ဖြစ်ပါတယ်။ အရောင်က အစ ဒီဇိုင်းနဲ့ ချုပ်သားအထိ ရိုးရှင်းသပ်ရပ်ပြီး မျက်စိကို ချမ်းသာပေးတဲ့ ဖက်ရှင်မျိုး စဉ်းစားတာ မှားစရာ မရှိပါဘူး။

(၃) တွဲဖက်ပစ္စည်းလေးတွေ

Hayley-Cooper-Sydney-CBD-Personal-and-Fashion-Stylist

Photo: hayleycooper

လိုက်ဖက်အောင် ဝတ်တတ်မှ လှတာပါ။ ဘယ်အင်္ကျီက ဘယ်ဘောင်းဘီနဲ့ လိုက်မလဲ ၊ဘယ်အရောင်ကို ဘာနဲ့ တွဲဝတ်မလဲ သိတာကလည်း စတိုင်ပညာရပ်ပါပဲ။ လူတစ်ကိုယ်လုံးမှာ ဖက်ရှင်အဖြစ် ဝတ်တဲ့ အမျိုးအစားတွေ ခွဲကြည့်မယ်ဆိုရင် အနည်းဆုံး အင်္ကျီ ၊ ဘောင်းဘီ ၊ ဖိနပ်နဲ့ ခါးပတ်တွေ ရှိပါတယ်။ ဒီလို ၃-၄ မျိုးထဲက အနည်းဆုံး နှစ်မျိုးလောက်က Match ဖြစ်နေမှ ကြည့်ကောင်းတာပါ။

အရောင်အနေနဲ့ ယောင်္ကျားတစ်ယောက်အတွက် လိုက်ဖက်တာက အနက် ၊ နက်ပြာ ၊ မီးခိုး ၊ အညိုနဲ့ သံလွင်ရောင်တွေ ဖြစ်ပါတယ်။ ဘာရောင် ဝတ်ရမှန်းမသိရင် Neutral ဖြစ်တာ ဝတ်ပါ။ အရောင်တစ်ရောင်ကို ပင်တိုင်ထားပြီး အရောင်ချင်းဟပ်တာမျိုး နီးစပ်တဲ့ ကာလာတွေနဲ့ တွဲဝတ်ပါ။ Complementary Colors တွေအနေနဲ့ အနီနဲ့ အစိမ်း ၊ အပြာနဲ့ လိမ္မော် ၊ အဝါနဲ့ ခရမ်း တွဲနိုင်ပါတယ်။
ဒီအချက် သုံးချက်ဟာ အခြေခံစတိုင်လျှို့ဝှက်ချက်ထဲမှာ ပါပြီး အသုံးတည့်မယ်လို့လည်း ထင်ပါတယ်။