မိုးရာသီသည် စိုစိုစွတ်စွတ်နဲ့ သွားလာရခက်ခဲတဲ့ ရာသီတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုစိုစွတ်တဲ့ ရာသီဥတုမှာ ခြောက်ခြောက်သွေ့သွေ့လေး ဖြတ်သန်းချင်တယ်ဆိုရင်တော့ ရေစိုခံ Sneakers ဖိနပ်ကောင်းကောင်းတစ်ရံတော့ ပိုင်ဆိုင်ထားသင့်ပါတယ်။ ရေစိုခံ Sneaker ဖိနနပ်များသည် ခြေမချော်အောင် ကူညီပေးပြီး မိုးရာသီမှာ တောင်တက်ချင်ရင်တောင်မှ စီးသင့်တဲ့ အားကစားဖိနပ်တစ်ရံပဲဖြစ်ပါတယ်။
သင့်အနေနဲ့ ဖက်ရှင်လည်း ကျချင်တယ် ဖိနပ်အကောင်းစားတစ်ရံလည်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖိနပ်များကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
Adidas

Adidas ချစ်သူများအတွက်တော့ ဒီမိုးတွင်းစီးဖိနပ်လေးက အသင့်တော်ဆုံးဖြစ်မှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ရှိပါတယ်။
Allbirds

မိုးရာသီမှာ သိုးမွှေးနဲ့ပြုလုပ်ထားတဲ့ Sneaker ဖိနပ်က မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါ့မလားလို့ သံသယဝင်နေတယ်ဆိုရင် ဒီဖိနပ်လေးကို ဝယ်စီးကြည့်လိုက်ပါ။ သူကတော့ ဒေါ်လာ ၁၁၅ ကုန်ကျမှာဖြစ်ပါတယ။်
The North Face

အကြမ်းလည်း ခံရမယ်၊ ဒီဇိုင်းလည်း လှရမယ်ဆိုရင်တော့ The North Face ရဲ့ဒေါ်လာ ၁၂၀ တန် ဖိနပ်လေးကိုသာ သတိရလိုက်ပါ။
Adidas

အရောင်အသွေးစုံလင်တဲ့ အားကစားဖိနပ်ကိုမှ လိုချင်တယ်ဆိုရင်တော့ Adidas ရဲ့ Tex Hiking Shoes ကို ရွေးချယ်သင့်ပါတယ်။ သူကတော့ ဒေါ်လာ ၁၃၀ ကုန်ကျမှာဖြစ်ပါတယ်။
Nike

Nike ရဲ့ ACG Air Nasu Gore-Tex ကတော့ တန်ဖိုး ၁၄၀ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Hoka One One

ဒီဖိနပ်လေးကတော့ နွေ၊ မိုး၊ ဆောင်း ဥတုသုံးမျိုးစလုံး ဝတ်ဆင်နိုင်ပြီးတော့ ဒေါ်လာ ၁၅၀ ကုန်ကျမှာဖြစ်ပါတယ်။
Nike

ဒီစီးရီးလေးကတော့ Nike ရဲ့ Pegasus Trail 2 ဖြစ်ပြီး ဈေးနှုန်းကတော့ ၁၁၀.၉၇ ဒေါ်လာဖြစ်ပါတယ်။
On

ဒီဖိနပ်လေး စီးထားရင်တော့ မိုးဘယ်လောက်သည်းသည်း၊ လမ်းဘယ်လောက် ချောချော စိတ်ပူစရာမလိုပါဘူး။ အဆိုးရွားဆုံး ရာသီဥတုဒဏ်မှာ သင့်ကို အကောင်းဆုံး ကာကွယ်ပေးမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၉.၉ ဒေါ်လာပါ။
Vasque

တောင်တက်သမားတွေအနေနဲ့ အရည်အသွေးအကောင်းဆုံး တောင်တက်ဖိနပ်တစ်ရံကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီဖိနပ်လေးက သင့်တော်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ၁၇၀ ဒေါ်လာဖြစ်ပါတယ်။
Hoka One One

အပြေးသမားများအတွက်သာမက တောင်တက်သမားများအတွက်ပါ သင့်တော်တဲ့ ဒီဖိနပ်လေးကတော့ ခြေထောက်ကို သက်သောင့်သက်သာရှိစေပြီး ရေစိုလည်း ခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ပါ။
Source: Esquire.com
