ကမ္ဘာပေါ်က ဖခင်တိုင်းရဲ့ ကြီးမားတဲ့မေတ္တာနဲ့ ကျေးဇူးတရားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဇွန်လရဲ့ တတိယမြောက် တနင်္ဂနွေနေ့ကို “အဖေများနေ့” အဖြစ်သတ်မှတ်ပြီး အခမ်းအနားလေးတွေ ကျင်းပလေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ ဒီကနေ့ဟာဆိုရင်လည်း ဖေဖေတို့ကို ဂုဏ်ပြုရမယ့် “အဖေများနေ့” ဖြစ်ပါတယ်။ ဒီလိုထူးမြတ်တဲ့ အဖေများနေ့လေးမှာ သင့်ရဲ့ချစ်ရတဲ့ဖေဖေနဲ့အတူ အမှတ်တရဖြစ်အောင် ဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။
(၁) ငါးမျှားထွက်ပါ
Source : Freepik
အကယ်၍သင့်အဖေဟာ ပြင်ပလှုပ်ရှားမှုလေးတွေနဲ့ ငါးမျှားရတာကို ဝါသနာပါတယ်ဆိုရင်တော့ ငါးမျှားထွက်ဖို့က အကောင်းဆုံးအကြံ ဖြစ်ပါတယ်။ ရာသီဥတုသာယာတဲ့ညနေခင်းမှာ စားသောက်စရာတွေနဲ့ ငယ်ဘဝအမှတ်တရတွေပြန်ပြောရင်း ငါးမျှားကြမယ်ဆိုရင် အမှတ်တရဖြစ်စေမယ့် အဖေများနေ့လေးအဖြစ် ဖြတ်သန်းရမှာသေချာပါတယ်။
(၂) ယောဂလေ့ကျင့်ပါ
Source : Freepik
မိဘတွေဟာ ကျွန်တော်တို့ငယ်ငယ်ကတည်းက ကျန်မာရေးနဲ့ပတ်သတ်ပြီး အမြဲ ဂရုတစိုက်ရှိခဲ့ကြတယ် မဟုတ်လား။ အခုကျွန်တော်တို့က တလှည့်ပြန်ပြီး သူတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ရမယ့်အချိန်ပါ။ ဒါကြောင့် အဖေများနေ့မှာ ကျန်းကျန်းမာမာနဲ့ အမှတ်တရဖြစ်စေဖို့ ယောဂလေ့ကျင့်ခန်း အတူတူပြုလုပ်သင့်ပါတယ်။
(၃) Camping ထွက်ပါ
Source : Freepik
အခုလို COVID-19 ကူးစက်ရောဂါများ ပြန့်ပွားနေဆဲကာလမှာ လူများများနဲ့ထိတွေ့မှု မရှိချင်ဘူးဆိုရင်တော့ အကောင်းဆုံးအစီအစဉ်က Camping ထွက်တာပါပဲ။ စီးပွားရေး ၊ မိသားစုအရေးတွေနဲ့အမြဲခေါင်းရှုပ်နေတက်တဲ့ အဖေတို့အတွက် တောတောင်ရဲ့ သဘာဝအရသာကို ခံစားရင်း လွပ်လွပ်လွတ်လွတ်အနားယူအပန်းဖြေရင်း အဖေများနေ့ကို အဓိပ္ပါယ်ရှိစွာဖြတ်သန်းလို့ရပါတယ်။
(၄) ဟင်းချက်ကျွေးပါ
Source : Freepik
အဖေများနေ့ကို အမှတ်တရဖြစ်အောင်ဖြတ်သန်းချင်တယ်ဆိုရင်တော့ သင့်ရဲ့အချက်အပြုတ်လက်ရာကို အစွမ်းပြရမယ့်အချိန်ပါပဲ။ သင့်အဖေ အကြိုက်ဆုံးအစားအစာတွေကို ချက်ပြုတ်ပြီး မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်စားသောက်ကြရင်း အချိန်ကုန်ဆုံးသင့်ပါတယ်။ ဒီလိုနေ့မှာ အမှတ်တရလည်းဖြစ် မိသားစုတွေနဲ့လည်း နှောင်ကြိုးခိုင်မြဲစေမယ့် နည်းလမ်းလေးဖြစ်တာကြောင့် သင့်ရဲ့အချက်အပြုတ်လက်စွမ်းပြလိုက်ဖို့ အကြံပြုချင်ပါတယ်။
(၅) လက်ဆောင်ဝယ်ပေးပါ
Source : Freepik
အဖေတို့အတွက် အမှတ်တရဖြစ်စေမယ့် လက်ဆောင်လေးတွေဝယ်ပေးခြင်းဖြင့်လည်း အဖေများနေ့ကို ဂုဏ်ပြုလို့ရပါတယ်။ များသော အားဖြင့်တော့ ယောကျ်ားလေးတွေသဘောကျတက်တဲ့ နာရီ၊ ပိုက်ဆံအိတ် ၊ ခါးပတ် ၊ ဖိနပ် ၊ ရေမွှေး စတဲ့ ပစ္စည်းလေးတွေ လက်ဆောင်ဝယ်ပေးလို့ရပါတယ်။