ရံဖန်ရံခါဆိုသလို လူတွေဟာ လိမ်ပြောမိတတ်ကြတာပါပဲ။ တချို့အရာတွေက လိမ်ချင်တဲ့ဉာဉ်ကြောင့် မုသားပြောတာ ဖြစ်ပြီး တချို့လိမ်မိတဲ့အချိန်တွေက မလွှဲသာတဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြောချင်တာက လိမ်တယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ သဘာဝတစ်ခု ဖြစ်ပါတယ်။

လူတွေဟာ တခြားသူတွေကို နေ့တိုင်းမုသားပြောဖြစ်ချင်မှ ပြောဖြစ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်တော့ နေ့တိုင်းလို လိမ်ညာလိုက်တဲ့အချိန်တွေ ရှိကြပါတယ်။ အထူးသဖြင့် ခံစားချက်နဲ့ ပတ်သက်လာရင် လူတွေဟာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာတတ်စမြဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ရာသီခွင်အလိုက် အများဆုံး လိမ်ညာလေ့ရှိကြတဲ့ အကြောင်းအရာတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Aquarius

aquarius

Photo: thehoroscope

ကုမ်ရာသီသမားတွေဟာ Emotions နဲ့ ပတ်သက်ပြီး အများဆုံး လိမ်ညာတတ်တယ်လို့ ဆိုပါတယ်။ ခံစားရပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်တတ်တဲ့ ရာသီခွင်ဖွားလည်း ဖြစ်ပါတယ်။

(၂) Aries

Aries

Photo: wix

မိဿရာသီခွင်တွေဟာ အလုပ်ဝန်ပိပြီး မနိုင်ဝန်ထမ်းနေရပေမယ့် အဆင်ပြေပါတယ်ဆိုတဲ့ပုံဖမ်းတတ်ပါတယ်။ မိဿရာသီဖွားတွေဟာ သူတို့ကို တစ်ယောက်ယောက် စိတ်ပျက်သွားမှာ မလိုလားသူ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်လုပ်ချင်စိတ်မရှိတဲ့ အရာတစ်ခုခုကို လုပ်ရတဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့ လှုံ့ဆော်တဲ့အကြောင်းရင်းတွေအကြောင်းကို ညာပြောတတ်ပါတယ်။

(၃) Cancer

cancer-constellation

Photo: planetguide

ကရကဋ်သမားတွေက ဘယ်သူ့ကိုမှာ အားမကိုးတာနဲ့ပတ်သက်လို့ ညာတတ်ကြပါတယ်။ တကယ်တမ်းတော့ သူတို့ဟာ တွယ်တာတတ်သူတွေ ၊ အကူအညီလိုအပ်နေသူတွေလည်း ဖြစ်လေ့ရှိပါတယ်။ နာကျင်ဝမ်းနည်းနေရတဲ့အခါ အကောင်းမြင်စိတ်နဲ့ ကျော်ဖြတ်ဖို့လည်း ကြိုးစားတတ်သူတွေ ဖြစ်ပါတယ်။

(၄) Capricorn

capricornus-constellation-stars

Photo: telescopeobserver

မကာရသမားတွေကလည်း ထူးခြားပါတယ်။ အရာအားလုံး အထိန်းအချုပ်မဲ့ဖြစ်လို့ တွယ်ရာမဲ့နေချိန်မှာတောင် ဘယ်သူ့ဆီကမှ အကူအညီမတောင်းတတ်သူတွေပါ။ သူတို့ကိုယ် သူတို့ စောင့်ရှောက်နိုင်တယ်လို့ ဟန်ဆောင်တတ်ပြီး ကိုယ့်ပြဿနာထက် သူများ ပြဿနာတွေကိုဖြေရှင်းပေးဖို့ပဲ ကြိုးစားနေတတ်ပါတယ်။

(၅) Gemini

Gemini

Photo: parenting

ကိုယ်သဘောမကျတဲ့သူကိုတောင် မုဒိတာဖြစ်နိုင်တဲ့ စိတ်မျိုးကို မေထုန်ဖွားတွေမှာ တွေ့ရတတ်ပါတယ်။ ကိုယ့်အတ္တကို ချိုးနိုမ်ပြီး ပေါင်းသင်းတတ်တာကြောင့် မေထုန်ဖွားတွေကို လူတွေက ယုံကြည်မှုရှိပါတယ်။ မေထုန်ဖွားတွေ အများဆုံးလိမ်တဲ့အပိုင်းက တခြားသူတွေကို ကျေနပ်အောင် ထားချိန်မှာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်ပြန်လိမ်တတ်ခြင်းပါပဲ။

(၆) Leo

Leo

Photo: metro

သိဟ်ရာသီဖွားတွေက ယုံကြည်မှုအပြည့်နဲ့ ရှင်သန်ကြပါတယ်။ သူတို့ကိုယ်သူတို့ အထင်ကြီးတတ်ကြပါတယ်။ တကယ်တမ်းမှာ ပြောလောက်အောင် အရည်အချင်းမရှိရင်တောင် သူ့ကိုယ်သူ သိပ်ထင်တတ်တာမျိုးပါ။ နောက်တစ်ချက်က သူတို့ဟာ အတင်းအဖျင်းစုပြောရာနေရာကြီး ဖြစ်တတ်ပါတယ်။

(၇) Libra

Libra_Yearly_Prediction

Photo: Metro

တူရာသီဖွားတွေဟာ လူနာမည်နဲ့ပတ်သက်ရင် ခဏခဏ မေ့တတ်သူတွေ ဖြစ်ပါတယ်။ လူတွေနဲ့ ပြဿနာဖြစ်မယ့်အရေးမျိုးဆို ရှောင်ဖို့ လိမ်ညာတတ်ပါတယ်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေရှိခဲ့တယ်ဆိုပြီးလည်း လိမ်တတ်ကြပါတယ်။

(၈) Pisces

PISCES

Photo: Metro

မိန်ဖွားတွေဟာ သူများတွေ ထိခိုက်နာကျင်အောင် လုပ်ရမှာကို ရှောင်ကြပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ရှိရတာကို ပျော်ကြောင်း ပြောတတ်ပါတယ်။ စိတ်ထဲမှာ အဆင်ပြေမနေရင်တောင် ရပါတယ် ပြောတတ်တဲ့သူမျိုး ဖြစ်ပါတယ်။

(၉) Sagittarius

Sagittarius

Photo: wix

ဓနုရာသီဖွားတွေဟာ ပွင့်လင်းတဲ့သူတွေ တည့်ဆက်ဆံတတ်သူတွေ ဖြစ်လို့ လိမ်ပြောမယ့်အစား ငြင်းတတ်တာ များပါတယ်။ ဒါပေမယ့်လည်း သူတို့လိမ်ချင်ရင်တော့ စိတ်ပါပါ မပါပါ လိမ်လိုက်တာပါပဲ။

(၁၀) Virgo

VIRGO

Photo: Metro

ကန်ရာသီဖွားတွေက ထင်ပေါ်လိုသူတွေ ဖြစ်ပါတယ်။ နောက်ပြီး လူတွေရဲ့ ဒိုင်ယာရီထဲမှာ နာမည်ကောင်းနဲ့ ကျန်ခဲ့ချင်သူမျိုးပါ။ သူတို့အကျင့်ဆိုးတစ်ခုက အသေးအမွှားကိစ္စတွေနဲ့လိမ်တတ်ပါတယ်။ ဥပမာ ဖုန်းမပြောချင်တော့ရင် ဖုန်းအားကုန်တော့မယ်ပြောပြီး ဖုန်းချသွားတာမျိုး ဖြစ်ပါတယ်။

(၁၁) Taurus

TAURUS

Photo: Metro

ပြိဿဖွားတွေဟာ သူတို့ကို ခံစားရစေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ညာတတ်ကြပါတယ်။ “အေးဆေးပဲ ဘာမှမဖြစ်ဘူး” ဆိုတာမျိုးပေါ့။ သေလောက်အောင် မနာလိုဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမယ့် လူတွေရှေ့မှာ ဟန်ဆောင်ကောင်းတယ်ဆိုတဲ့ လူမျိုး ဖြစ်ပါတယ်။

(၁၂) Scorpio

Scorpio

Photo: belatina

ဗြိစ္ဆာဖွားတွေဟာ အမှန်တရားကို ချဲ့ပြောတာမျိုး လုပ်ပြီး လိမ်တတ်ပါတယ်။ သူတို့ကိုသူတို့တော့ လူရိုးလေးပါ အထာနဲ့ နေတတ်ပြီး ပါးပါးချင်း လိမ်တတ်ပါတယ်။ တစ်ခုခုဆို လိုတာထက် ပိုသည်းပြတာ ၊ ဒရာမာချိုးတာမျိုးလည်း လုပ်တတ်ပါတယ်။