ဆာဂျီယို ရာမို့စ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းကို ငြင်းပယ်သွားမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ် စပိန်နောက်ခံကစားသမားဟာ ဘာနေဗျူးမှာ ၁၆ နှစ်ကြာ ထူးခြားတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုနွေရာသီမှာ မက်ဒရစ်ကို စွန့်ခွာတော့မှာဖြစ်ပါတယ်။ ရာမို့စ်ဟာ မက်ဒရစ်နဲ့အတူ လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကာဆီးလက်စ် ထွက်ခွာပြီးနောက် အသင်းခေါင်းဆောင်ဖြစ်လာခဲ့သူဖြစ်ပါတယ်။

Sergio Ramos Immediately Rules Out Joining Barcelona Or Sevilla After Real Madrid Exit In Premier League Transfer Boost

Photo: footballreporting

ဘာနေဗျူးကနေ စပိန်ဝါရင့်ဗဟိုခံစစ်ကစားသမား ထွက်ခွာတော့မယ့်အခြေအနေဟာ ဆီဗီလာ၊ မန်စီးတီး၊ မန်ယူနိုက်တက်နဲ့ ပီအက်စ်ဂျီအသင်းတို့ဆီကနေ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး ရာမို့စ်ဟာ အသင်းဟောင်း ဆီဗီလာကို ပြန်သွားဖို့ကို ငြင်းပယ်ထားပြီးဖြစ်သလို ဘာစီလိုနာကို အလွတ်နဲ့ ပြောင်းမယ်ဆိုတဲ့သတင်းတွေကိုလည်း ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ Diario AS ရဲ့ ဖော်ပြချက်အရ စပိန်လက်ရွေးစင်နောက်ခံကစားသမားဟာ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဆီကနေ ကမ်းလှမ်းမှုတွေ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း စပိန်သတင်းစာက ပီအက်စ်ဂျီအသင်းဟာ ပရီးမီးယားလိဂ်အသင်း ၂ သင်းစလုံးထက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီး မန်စီးတီးထက်ပိုပြီး ပဲရစ်က ရာမို့စ်ကို နည်းနည်းပို ဆွဲဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နှုတ်ဆက်သတင်းစာရှင်းလင်းပွဲမှာ ရာမို့စ်က ၎င်းအနေနဲ့ ယခုနွေရာသီမှာ မက်ဒရစ်ကို စွန့်ခွာဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဘယ်တော့မှ တခြားအသင်းအကြောင်းကို ဘယ်အချိန်မှာမှ မတွေးခဲ့ပါဘူး။ ဇန်နဝါရီလကတည်းက ကျွန်တော်က စျေးကွက်ထဲမှာ ရှိနေခဲ့ပြီး အဲဒီတော့ ဖုန်းခေါ်ဆိုမှု တချို့၊ စိတ်ဝင်စားတဲ့ကလပ်အသင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်တုန်းကမှ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာဖို့ စိတ်ထဲမှာ မရှိခဲ့ပါဘူး။ အခုအချိန်ကစပြီး ကျွန်တော်တို့ ကောင်းမွန်တဲ့ရွေးချယ်စရာကို ရှာဖွေသွားမှာပါ”

Sergio Ramos Immediately Rules Out Move To Two Clubs

Photo: Independent

“ဆီဗီလာက ကျွန်တော့်နှလုံးသားထဲက တခြားကလပ်အသင်းပါ။ ကျွန်တော် အရမ်းကောင်းမွန်တဲ့အချိန်တွေ အဲဒီမှာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော် အဲဒါကို ရွေးချယ်စရာလို့ မတွေးနေပါဘူး။ ဘာကာကတော့ ဟင့်အင်းလို့ပဲ ပြန်ပြောရမှာပါ။ ရာမို့စ်ကို ဘာကာရှပ်နဲ့မြင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

“ဒီလတွေက ခက်ခဲတဲ့ လတွေဖြစ်ခဲ့ပါတယ်။ လုံးဝ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော် ကွင်းထဲမှာ ရှိတဲ့အချိန်ဆို အပြည့်အဝ ပျော်ရွှင်ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော် ပြန်လည်သက်သာလာပြီလို့ ပြောနိုင်ပါပြီ။ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်ဖို့အတွက် တကယ် စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။