မိမိခန္ဓာကိုယ်က တဖြည်းဖြည်း ဝိတ်တက်လာလို့ စိတ်ညစ်နေတဲ့ ယောကျာ်းများအတွက် ဝိတ်အမြန်ကျစေမယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းကောင်းများသည် တကူးတက လုပ်စရာမလိုဘဲ နေ့စဉ်မှန်မှန်ပြုလုပ်ပေးသွားရုံနဲ့တင် ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။

စောစောအိပ်ရာဝင်ပြီး အိပ်ရေးဝဝအိပ်ပါ

tips for men to lose weight

အိပ်ရာဝင်နောက်ကျခြင်းသည်လည်း သင့်ကို ဝိတ်တက်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒါ့ကြောင့် ညဘက်မှာ အလွန်အမင်းအိပ်ရေးပျက်မခံဘဲ စောစောအိပ်ရာဝင်ပါ။ တစ်နေ့လျှင် ၇ နာရီ၊ ၈ နာရီခန့် အိပ်ရေးဝဝ အိပ်ပျော်အောင် အိပ်ပါ။

အာဟာရဓာတ် ပေါကြွယ်ဝတဲ့အစားအစာများ စားသုံးပါ

tips for men to lose weight

အာဟာရဓာတ် ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အစေ့အဆံများ၊ ပဲအမျိုးမျိုးနှင့် ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများ များများစားသုံးပေးပါ။ ထိုအစားအစာများသည် သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်အောင် ကူညီပေးပါလိမ့်မယ်။

တရားထိုင်ပါ

tips for men to lose weight

တရားထိုင်ခြင်းသည် စိတ်ဖိစီးမှုကို ဖယ်ရှားပေးနိုင်တဲ့ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တရားထိုင်တဲ့အခါ သင့်ရဲ့အတွေးများ၊ အစားအလွန်အကျွံ စားချင်စိတ်များကို ထိန်းချုပ်ပါ။ ဒီနည်းဖြင့် သင့်ရဲ့အစာ စားချင်စိတ်ကို ထိန်းချုပ်နိုင်ပါတယ်။

အစာ စားတိုင်း ပရိုတင်း မပါမဖြစ် ထည့်သွင်းစားသုံးပါ

tips for men to lose weight

ပရိုတင်း စားသုံးခြင်းသည် သင့်ရဲ့ခန္ဓာကိုယ်ကြွက်သားများကို ကြီးထွားစေပြီး ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်အောင် ကူညီပေးပါတယ်။ ကယ်လိုရီများ မြန်မြန်လောင်ကျွမ်းအောင် ကူညီပေးတဲ့အတွက်ကြောင့် သင့်ကို ဝိတ်အမြန်ကျစေမှာပါ။

အစား စားတဲ့အခါ ဖြည်းဖြည်းနှင့် အရသာခံကာ စားသုံးပါ

tips for men to lose weight

လမ်းလျှောက်နေရင်း အစား စားတာတို့ အလုပ်လုပ်နေရင်း ထမင်း စားတာတို့ကို မလုပ်သင့်ပါဘူး။ ဘယ်လောက်ပဲ အလုပ်များများ ထမင်းစားမယ့်အချိန်ကိုတော့ သပ်သပ်ဖယ်ထားရပါမယ်။ ထမင်းစားတဲ့အခါမှာလည်း မြန်မြန် မြန်မြန်စားတာမျိုးမဟုတ်ဘဲ တစ်လုပ်ချင်းစီကို သေချာဇိမ်ခံစားပေးဖို့လိုပါတယ်။ ထမင်းကို မြန်မြန်စားတဲ့အခါ ဗိုက်ထဲ ဘယ်လို ဝင်လို့ဝင်မှန်းမသိဘဲ ခဏခဏ ဗိုက်ဆာတတ်ပါတယ်။

မိမိခန္ဓာကိုယ်ကို အလွန်အကျွံ တွန်းအားမပေးပါနဲ့

tips for men to lose weight

တချို့တွေက ဝိတ်အမြန်ကျချင်ဇောနဲ့ လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်တာမျိုး၊ အစား လုံးဝ မစားတော့ဘဲ အစားရှောင်လိုက်တာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ အမှန်တော့ ဒီလိုပြုလုပ်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ညှင်းပန်းရာကျပြီး ဝိတ်ချမှုနည်းလမ်းအမှန်မဟုတ်ပါဘူး။

အစားရှောင်ချင်တယ်ဆိုရင် ည ရှစ်နာရီကနေ မနက် ရှစ်နာရီအတွင်း အစား လုံးဝ မစားတော့တာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ ဒါဆိုရင် သင့်ရဲ့အိပ်ချိန်ထဲမှာလည်း အစားရှောင်တဲ့အချိန်က ပါသွားပြီဆိုတော့ တကူးတကကြီး အစားရှောင်စရာ မလိုတော့ဘူးပေါ့။

ရေများများ သောက်ပါ

tips for men to lose weight

သင့်ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းသည် ရေဖြင့် အဓိကဖွဲ့စည်းထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ် ပြည့်ဝနေမှသာ သင့်ရဲ့ဝမ်းဗိုက်က ဆာလောင်မှုကို မခံစားရမှာဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝမှုသည် အစာအိမ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ကယ်လိုရီဓာတ်များ စုပုံမနေအောင်လည်း ကူညီပေးပါတယ်။

Source: Nextluxury.com