ကာရင် ဘန်ဇီးမားဟာ ပြင်သစ်နဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဘောလုံး ဘယ်နေရာပေးပို့ရမလဲဆိုတဲ့ ညွှန်ကြားချက်ကို လိုက်နာခဲ့ပုံ ပေါ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်းတွေဟာ ဗုဒ္ဓဟူးနေ့ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စုနောက်ဆုံးပွဲစဉ်မှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး သက်ဆိုင်ရာလက်ရွေးစင်အသင်းအတွက် အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ နှစ်ဦးစလုံးဟာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။

Karim Benzema 'Followed' Cristiano Ronaldo's Instruction

Photo: sportbible

ဒါပေမယ့်လည်း ဒုတိယပိုင်းက အခိုက်အတံ့တစ်ခုမှာ ဘန်ဇီးမားဟာ ရော်နယ်ဒိုနဲ့အတူတူ ကစားနေတာမဟုတ်ဘဲ ထိပ်တိုက်ယှဉ်ပြိုင်ကစားနေတယ်ဆိုတာကို မေ့လျော့သွားခဲ့ပုံရတာကို မြင်တွေ့ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ ခရစ္စတီယာနို ရော်နယ်ဒို လက်ဟန်ပြလိုက်တဲ့အချိန်မှာပဲ ရာဖေးလ် ဗာရန်းဆီကို ဘောလုံးပေးပို့ခဲ့တာဖြစ်တာဖြစ်ပြီး ဘာနေဗျူးမှာ ၎င်းတို့ ၃ ဦး ၈ နှစ်ကြာ ကစားခဲ့တဲ့အချိန်တုန်းကလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ရော်နယ်ဒိုက အကြားအမြင်ရနေတာထင်တယ် ဟားဟား။ ဒါက အရမ်းရင်းတဲ့ ညီအစ်ကို ဆက်ဆံရေးပဲ။ မျက်နှာပြောင်ပြီး ဟာသတောင်နည်းနည်းလုပ်နေတယ်။ သူတို့တွေ အတူတူရှိနေတာ ဘယ်လောက်တောင် ပျော်နေကြလဲဆိုတာသာ ကြည့်တော့”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

“အခု ဒီဟာက အသင်းခေါင်းဆောင်အစစ်အမှန်ပဲ။ နောက်တစ်ခါဆို သူ ကိုယ်တိုင် ပြစ်ဒဏ်ဘော တောင်းပေးလိမ့်မယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။