ဘဝမှာ ခန္ဓာကိုယ် ကျန်းမာဖို့လည်း လိုအပ်သလို စိတ်ကျန်းမာဖို့လည်း လိုအပ်ပါတယ်။ သင့်ရဲ့စိတ်က နေမကောင်းဖြစ်နေမယ်ဆိုရင်တော့ မိမိကြံရွယ်သမျှအားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။

လူတိုင်း လူတိုင်းမှာ စိတ်ညစ်စရာများ တစ်ခုမဟုတ် တစ်ခု ရှိတတ်ကြပါတယ်။ စိတ်ပင်ပန်းလာပြီး စိတ်ဓာတ်ကျလာပြီဆိုရင် သင့်ရဲ့စိတ်ကို အနားပေးဖို့လိုအပ်ပါတယ်။ သင့်ရဲ့စိတ်ဝိညာဉ်ကို ပြန်လည်နေကောင်းကျန်းမာလာအောင် ဘယ်လိုကုသနိုင်မလဲဆိုတော့ …

ယောဂ ဆော့ကြည့်ပါ

man doing yoga for a healthy lifestyle

ယောဂ ဆော့ခြင်းသည် အရွတ်များ၊ အကြောများကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ စိတ်ညစ်နေတဲ့အရာများကို ဖယ်ရှားပေးပြီး ခံစားချက်များ ပြန်လည်ကောင်းမွန်ဖို့ရန်အတွက်လည်း ကူညီပေးပါတယ်။ စိတ်အာရုံများကို စုစည်းနိုင်ပြီး ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

ရနံ့ကုထုံး အသုံးပြုပါ

lavender oil for healthy lifestyle

သဘာဝအဆီက ထုတ်လုပ်ထားတဲ့ ရနံ့တွေဖြစ်တဲ့ လာဗန်ဒါရနံ့၊ သံပုရာရနံ့၊ စန္ဒကူးရနံ့ စတဲ့မွှေးရနံ့လေးများသည် စိတ်ဖိစီးမှုများကို ဖယ်ရှားစေပြီး စိတ်သက်သာရရစေပါတယ်။ ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေပြီး ထိုရနံ့ဖြင့် အိပ်စက်ပါက နှစ်ခြိုက်စွာ အိပ်မောကျသွားမှာပဲဖြစ်ပါတယ်။

တရားထိုင်ပါ

man meditate for a healthy lifestyle

သက်သောင့်သက်သာထိုင်ပြီးနောက် မျက်လုံးများ ပိတ်ထားလိုက်ပါ။ ဝင်လေ ထွက်လေကို ဖြည်းဖြည်းချင်း မှတ်ပြီး အသက်ကိုလည်း ဖြည်းဖြည်းမှန်မှန်သာရှူသွင်း ရှူထုတ်လိုက်ပါ။ တခြားကို အာရုံမပျံ့လွှင့်စေဘဲ တရားထိုင်ပေးပါက သွေးပေါင်ချိန်ကို မှန်ကန်စေပြီး စိတ်ထဲမှာ နာကျင်ခံစားနေရတဲ့ဝေဒနာတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။

အိပ်လိုက်ပါ

man getting enough sleep for a healthy lifestyle

အရမ်းစိတ်ဓာတ်ကျလာပြီး ဘာမှ လုပ်ချင်ကိုက်ချင်စိတ်မရှိတော့တဲ့အခါ ဘာကိုမှ မတွေးတော့မှ အိပ်ပစ်လိုက်ပါ။ ထိုကဲ့သို့ အိပ်စက်လိုက်ခြင်းအားဖြင့် စိတ်လည်း တည်ငြိမ်သွားပြီး စိတ်ညစ်တာတွေ တစ်ဝာက်လောက်သက်သာသွားပါလိမ့်မယ်။ အိပ်ရေးဝဝသာ အိပ်စက်ပေးလိုက်ပါ။ အိပ်ရေးဝဝ အိပ်စက်မယ်ဆိုရင် စိတ်ဖိစီးစေတဲ့ဟော်မုန်းများ ပျောက်ကွယ်သွားပါလိမ့်မယ်။

သူငယ်ချင်းများနှင့် အချိန်ဖြုန်းပါ

man socializing for a healthy lifesytle

ကိုယ့်အခန်းထဲမှာ တစ်ယောက်တည်း နေနေတဲ့အခါ အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ စိတ်သောက ရောက်တတ်ကြပါတယ်။ အခန်းအောင်းနေမယ့်အစား သူငယ်ချင်းများနဲ့ စိတ်ပြေလက်ပျောက် ထွက်လည်ပါ။ သူငယ်ချင်းများကို ဖုန်းဆက်ပြီး ရောက်တက်ရာရာ စကားပြောပါ။ ဒါဆိုရင် တစ်ယောက်တည်း အထီးကျန်ပြီး တောင်တွေးမြောက်တွေးနဲ့ ဝမ်းနည်းတတ်တဲ့စိတ်ကလေးက ပြန်လည်နေကောင်းကျန်းမာလာပါလိမ့်မယ်။

Source: Danilabarrie.com