လူဟာ နေ့စဉ်ဘဝရဲ့ ပုံမှန်တစ်စိတ်တစ်ဒေသအဖြစ် တခြားသူတွေနဲ့ တွေ့ဆုံပတ်သက်ရစမြဲပါ။ လူအချင်းချင်း ပေါင်းသင်းမှုမှာ အမြဲတမ်းတော့လည်း ဘယ်အဆင်ပြေပါ့မလဲ။ တချို့ အာရုံနောက်အောင် လာလုပ်တဲ့ပုဂ္ဂိုလ်တွေကြောင့် ကိုယ့်မှာ စိတ်ဒုက္ခရောက်ရတာလည်း အကြိမ်ပေါင်း မနည်းတော့ဘူးမလား။

ရံဖန်ရံခါဆို ပြဿနာမရှိပေမယ့် စိတ်လေရလောက်အောင် အာရုံလာစားတဲ့သူတွေနဲ့ ပတ်သက်ရတာက စည်းမထားရင် စိတ်အင်အားကုန်တဲ့အထိ ခံစားရတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီ အရှုပ်ထုတ်တွေ လာပေးတတ်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ အကန့်ထားနိုင်မယ့် နည်းလမ်းလေးတွေအကြောင်း ညွှန်းချင်ပါတယ်။

(၁) မတုံ့ပြန်ခင် အရင် စဉ်းစားပါ

man-woman-are-sitting-table-talking-quarreling-with-each-other-real-quarrel-household-issues

Photo: Freepik

Toxic ဖြစ်တယ်ထင်တဲ့သူကို Negative Reaction နဲ့ တစ်ခုခု ပြောမိတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင် မေးခွန်းထုတ်စဉ်းစားကြည့်ပါ။ ဥပမာ-
အခုချိန် ငါ့ရဲ့ စိတ်ခံစားချက်အတိုင်း တုံ့ပြန်မှုက ဖြစ်သင့်တာထက် ပြင်းထန်နေသလား ၊ နောက်နှစ်ပတ်လောက် နေရင် ဒီအခြေအနေက အခုလောက် အရေးကြီးပါဦးမလား ၊ ဒီလူ့ကို ငါ့ရဲ့ အကောင်းမြင်စိတ်ပေါ် ခြယ်လှယ်ခွင့် ပေးလိုက်မိပြီလား ၊ ခံစားချက်ကြီးနဲ့ ပြန်မပြောဘဲ အေးအေးဆေးဆေး ရှင်းပြရင် အလုပ်ဖြစ်မလား ၊ ဒီကိစ္စကို လျှော်ပစ်လိုက်ပြီး ဆက်သွားလို့ရမလား။

ဒီမေးခွန်းတွေကို ယထာဘူတနည်းကျကျ ဖြေပြီးမှ တုံ့ပြန်လိုက်ပါ။ ကိုယ်က ဘယ်လိုလူလဲဆိုတာ သိခွင့်ပေးလိုက်ပါ။ အရေးမပါရင်တော့ မဆက်ဆံလိုက်တာ အကောင်းဆုံးပါပဲ။

(၂) ငြင်းပါ

man-with-raised-hand-saying-stop

Photo: Freepik

No ဆိုတဲ့ စကားလုံးဟာ ကိုယ့်ကို အာရုံလာစားပြီး စိတ်ထဲ အမှိုက်လာပုံတဲ့သူတွေနဲ့ ဘောင်ကန့်ရာမှာ သိပ်အရေးပါတဲ့ စကားလုံးပါ။ လူတွေကို အားနာသမှုနဲ့ အကြိုက်လိုက်တတ်တဲ့ People Pleasers သမားဖြစ်ရတာထက် ကိုယ့်ကိုယ်ကိုယ် တကယ်နားလည်ပြီး Yes / No ပြောရမယ့် ကိစ္စကို မှန်မှန်ကန်ကန် ခွဲခြားတတ်သူဖြစ်တာကို ဂုဏ်ယူလိုက်ပါ။ ကိုယ်မကြိုက်တဲ့အလုပ်တစ်ခုကို ငြင်းတတ်ခြင်းဟာ ကိုယ်လည်း စိတ်ပေါ့ပါးတယ် ၊ စိတ်ကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတာ မမေ့ပါနဲ့။

(၃) ကရုဏာထားလိုက်ပါ

Handshake Business Men Concept

Photo: Freepik

Toxic လာကျတဲ့လူတွေကို မေတ္တာပွားတယ် ၊ ကရုဏာထားတယ်ဆိုတာ ကိုယ့်အပေါ် မဟုတ်တာ လုပ်ခွင့်ပေးလိုက်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကြီးမြတ်မှုနဲ့ အနေမှန်မှုကို ကိုယ်တိုင် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ အဆိုးမြင်တာကို အထုံလို ဖြစ်နေတဲ့သူတစ်ယောက်ကို ဘယ်လိုနေရမယ်လို့ သွားသွန်သင်ဆုံးမလို့ မရပါဘူး။ ကိုယ်ကသာ မြင့်မြတ်မှုရဲ့ သက်ရှိအမှတ်လက္ခဏာအဖြစ် ပုံစံပြ နေပေးရုံနဲ့ သူတို့ အရှက်ရပါစေ။

(၄) လူမှုကွန်ရက်မှာ Block ထားပါ

close-up-male-hands-using-smartphone

Photo: Freepik

ကိုယ့်ကို အာရုံနောက်စေတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်ရဲ့ အပြင်ဘဝမှာရော Social Media Life မှာပါ တွေ့ရတတ်ပါတယ်။ အပြင်မှာကတော့ မကောင်းလို့ ကင်းအောင် နေလို့ မရပေမယ့် Social Media ပေါ်မှာ အပေါင်းအသင်းမလုပ်ဖို့က သိပ်လွယ်ပါတယ်။ အဲ့ဒီလို အကောင့်တွေကို Unfriend လုပ်ပါ။ သူတို့ Noti တွေ တက်မလာအောင် Mute ထားပါ။ ဒါမှမဟုတ် Block လိုက်ပါ။

(၅) အဆက်ဖြတ်ပါ

man looking into the forest

Photo: Freepik

နောက်ဆုံးနည်းဆိုပေမယ့် အတော်များများ သုံးနေကြတဲ့ နည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ရှိရှိ စဉ်းစားပြီးမှ အပေါင်းအသင်းမလုပ်ဖို့ အဆက်ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။