လူငယ်ဆိုတာ မိမိဘဝတိုးတက်ရာတိုးတက်ကြောင်းကို ကိုယ်တိုင်ရှာဖွေကြရတာပါ။ ပြောင်းလဲတိုးတက်လာတဲ့ ယနေ့ခေတ်လူမှု့ဘဝပုံစံသစ်ထဲမှာ ကိုယ့်ကိုယ်ကိုတိုးတက်အောင်မလုပ်ဘူးဆိုရင် နောက်ကောက်ကျန်ခဲ့မှာ သေချာပါတယ်။ လက်ရှိအခြေအနေလို အဘက်ဘက်က ခက်ခဲကြပ် တည်းတဲ့အချိန်မျိုးမှာတောင် ထိုင်စိတ်ဓာတ်ကျမနေပဲ တိုးတက်အောင်လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေကို စာဖတ်ပရိသတ်တွေအတွက် ပြောပြပေးချင်ပါတယ်။
(၁) အသေးစား Challenge တွေလုပ်ပါ
Photo : Freepik
ကြီးကြီးမားမားတိုးတက်ပြောင်းလဲဖို့ သေးသေးလေးတွေကပဲ စတင်ကြရမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို Challenge အသေးလေးတွေလုပ်ကြည့်ပါ။ ဥပမာ မနက် ၇ နာရီပုံမှန်အိပ်ရာထတာမျိုးပေါ့။ ဒီလိုသေးသေးမွှားမွှားလေးတွေကနေ စတင်ပြောင်းလဲခြင်းက ဘဝမှာကြီးမာတဲ့အရာတွေတိုးတက်ပြောင်းလဲဖို့ရာ အလေ့အကျင့်ဖြစ်စေပါတယ်။
(၂) စာအုပ်ဖတ်ပါ
Photo : Freepik
စာပေတိုင်းက ဖတ်ရှုသူတွေအတွက် ဗဟုသုတတွေ ၊ အသိပညာတွေနဲ့ တွေးတောစရာတစ်မျိုးမျိုးတော့ ပေးစွမ်းတာချည်းပါပဲ။ စာဖတ်ပါများရင် စဉ်းစားဆင်ခြင်နိုင်စွမ်းတွေလဲတိုးတက်သလို ဘဝအတွက် သင်ခန်းစာကောင်းတွေလည်းရရှိနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သုတ ရသအစုံအလင်ပေးနိုင်တဲ့ စာအုပ်အမျိုးမျိုးကို ပုံမှန်ဖတ်သွားဖို့ လိုအပ်ပါတယ်။
(၃) ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပါ
Photo : Freepik
တိုးတက်အောင်မြင်ရေးလမ်းကြောင်းကို လျောက်မယ့်သူတစ်ယောက်အနေနဲ့ လမ်းခရီးတစ်လျောက်လုံးမှာ အဆင်ပြေချောမွေ့မှုတွေချည်းကြုံရဖို့ သိပ်တော့မလွယ်လှပါဘူး။ အခက်အခဲတွေ ကျရှုံးမှုတွေကြုံလာတိုင်းမှာ ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ ကျရှုံးမှုက ပြဿနာမဟုတ်ပဲ တစ်ခါလဲကျတိုင်းမှာ တစ်ခါပြန်ရုန်းထနိုင်ဖို့ပဲ အရေးကြီးတာပါ။
(၄) ပြန်သုံးသပ်ပါ
Photo : Freepik
ဘဝမှာ တိုးတက်ပြောင်းလဲချင်တဲ့သူတစ်ယောက်အနေနဲ့ မိမိကိုယ့်ကိုယ်ကိုအမြဲမျက်ခြေမပျက် ပြန်လည်သုံးသပ်နေဖို့ လိုအပ်ပါတယ်။ နေ့ရက်တိုင်းမှာ တိုးတက်အောင်ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘယ်အရာတွေလုပ်ဖို့ လိုနေသေးလဲဆိုတာ သိရပါမယ်။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်မှလည်း ကိုယ်သွားချင်တဲ့လမ်းကြောင်း ၊ ကိုယ်လိုချင်တဲ့အနာဂတ်ပန်းတိုင်ကို တန်းတန်းမတ်မတ်ရောက်နိုင်မှာပါ။