အဆင်မပြေမှုနဲ့ အခက်အခဲအကြပ်အတည်းတွေဟာ လူတိုင်းကြုံတွေ့နေကြရတဲ့ အရာတစ်ခုပါ။ ဘဝဆိုတာက အမြဲအဆင်ပြေချောမွေ့နေမှာမဟုတ်သလို အမြဲတမ်းလဲခက်ခဲနေမှာမဟုတ်ပါဘူး။ အဆိုးအကောင်းတစ်လှည့်စီကြုံတွေ့နေရတာကိုက ဘဝလို့ခေါ်တဲ့အတွက် ဘဝမှာအကြပ်အတည်းနဲ့ ခက်ခဲတဲ့အချိန်ကာလတွေကြုံလာတိုင်း ပျော်ပျော်ဖြတ်သန်းသွားနိုင်ဖို့ကအရေးကြီးပါတယ်။

(၁) သီချင်းတွေကိုအဖော်ပြုပါ

man spending morning outdoor and listening music. photo of handsome african guy in black suit sitting on bench in front of green lawn

Photo : Freepik

ခက်ခဲကြပ်တည်းမှုတွေအတွက် အကောင်းဆုံးစိတ်ပျော်မွေ့စရာထွက်ပေါက်က ဂီတပါပဲ။ ဂီတဟာ လူတွေရဲ့စိတ်ခံစားမှုကိုမြင့်တင်ပေးနိုင်သလို ပျော်ရွှင်မှုကိုပေးစွမ်းနိုင်တဲ့အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။ ဒါကြောင့်စိတ်ညစ်နေတဲ့အချိန် စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ သင်အကြိုက်ဆုံးသီချင်းလေးတွေကိုဖွင့်ပြီး နားဆင်ကြည့်လိုက်ပါ။

(၂) ဆိုရှယ်မီဒီယာလျော့သုံးပါ

male in casual clothing reading the holy bible on a blurred

Photo : Freepik

ဆိုရှယ်မီဒီယာပေါ်က စိတ်မချမ်းမြေ့စရာသတင်းတွေ ၊ ရှုပ်ထွေးတဲ့ပြဿနာမျိုးစုံတွေဟာ ကိုယ့်ဆီအပူကူးစက်လာပြီး ပိုစိတ်ညစ်ရတက်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကိုအချိန်နဲ့ သုံးစွဲပါ။ အကောင်းဆုံးကဖုန်းတွေဝေးဝေးမှာနေပြီး စာအုပ်ဖတ်တာ ၊ အပင်စိုက်တာ ၊ မိသားစုနဲ့စကားပြောတာတွေလုပ်သင့်ပါတယ်။

(၃) အသစ်သစ်တွေသင်ယူပါ

student with stylish afro haircut smiling broadly while reading message on cell phone

Photo : Freepik

လေ့လာသင်ယူခြင်းတွေကို ဘယ်တော့မှမရပ်တန့်လိုက်သင့်ပါဘူး။ အသစ်သစ်သောအရာတွေကို လေ့လာသင်ယူနေခြင်းဟာ စိတ်ခံစားမှုကိုတိုးတက်စေပြီး ပျော်ရွှင်မှုခံစားရစေပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ ဘာသာစကားအသစ်တွေ ၊ အသက်မွေးမှုပညာရပ်တွေ ၊ တခြားသောဗဟုသုတဖြစ်စရာ အရာတွေကိုအမြဲလေ့လာသင်ယူနေသင့်ပါတယ်။

(၄) အနားယူပါ

man sitting happily playing guitar in the forest alone

Photo : Freepik

ခက်ခဲတဲ့အချိန်တွေမှာ အတွေးတွေက တောက်လျောက်အလုပ်လုပ်နေတက်ပြီး စိတ်ရောကိုယ်ပါ ပင်ပန်းအားနည်းလာတက်ပါတယ်။ တစ်ခါတစ်လေမှာ ခေါင်းထဲကအတွေးတွေအကုန်လွတ်ချပြီး စိတ်ရောကိုယ်ပါ ကောင်းကောင်းအနားယူလိုက်သင့်ပါတယ်။ အနားယူလိုက်မှလည်း ရှေ့ဆက်ဘာဆက်လုပ်ရမလဲဆိုတဲ့အတွေးအမြင်သစ်တွေရမှာဖြစ်သလို ပျော်ရွှင်မှုကိုလည်းခံစားရမှာပါ။