ကျွန်တော်တို့အတွက် အလုပ်ခွင်ဆိုတာ အိမ်ပြီးရင်ဒုတိယ အချိန်အများဆုံးကုန်ဆုံးရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အလုပ်ခွင်မှာ ပျော်ရွှင်မှလည်း ကုန်ဆုံးရတဲ့အချိန်တွေအတွက် စိတ်ကျေနပ်မှုရှိမှာဖြစ်သလို လုပ်ငန်းပိုင်းဆိုင်ရာမှာ အောင်မြင်မှုအသီးအပွင့်တွေခံစားရမှာပါ။ ဒီတော့ အလုပ်ထဲမှာပျော်အောင် ဘယ်လိုနေကြရမလဲ။ ဘာတွေလိုက်နာရမလဲဆိုတာပြောပြပေးချင်ပါတယ်။

(၁) ပေါင်းသင်းဆက်ဆံရေး

people having a meeting in the office

Photo : Freepik

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခင်မင်ရင်းနှီးတဲ့ ပေါင်းသင်းဆက်ဆံရေးမျိုး ရှိထားတာဟာ ပျော်ရွှင်တဲ့လုပ်ငန်းခွင်ဖြစ်ဖို့ များစွာအထောက်အကူပြုပါတယ်။ တစ်ရုံးလုံးနဲ့ရင်းနှီးမနေရင်တောင် ဌာနတစ်ခုတည်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရအောင်တည်ဆောက် ဖို့လိုတာပေါ့။

(၂) တာဝန်ကျေပွန်မှု

Business people in the modern office

Photo : Freepik

ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ကျေပွန်အောင်အချိန်မီ လုပ်ဆောင်ခြင်းကလည်း စိတ်ပျော်ရွှင်ကျေနပ်မှုကိုရစေပါတယ်။ ဒါကြောင့်အလုပ်လုပ်တဲ့အခါ အချိန်ဆွဲ ၊ ဆိုင်းငံ့တာတွေမလုပ်ပဲ အတက်နိုင်ဆုံး အချိန်မီပြီးစီးအောင်လုပ်ဆောင်ပါ။

(၃) ဝါသနာ

male freelance web designer sitting in co-working space, working on laptop computer

Photo : Freepik

အလုပ်နဲ့ဝါသနာ ကိုက်ညီမှုရှိတဲ့လုပ်ငန်းခွင်ကိုတက်နိုင်သလောက်ရွေးချယ်ပါ။ ကိုယ့်ဝါသနာနဲ့ထပ်တူကျတဲ့အလုပ်ဖြစ်နေရင် တော်ရုံပင်ပန်းတယ်လို့ မခံစားရပဲ အလုပ်လုပ်နေချိန်တိုင်းကပျော်ရွှင်နေရပါတယ်။ ဝါသနာနဲ့အလုပ်ထပ်တူကျဖို့ဆိုတာလည်း အခက်သားဆိုတော့ အတက်နိုင်ဆုံး ကိုယ့်ဝါသနာကိုအခြေခံတဲ့အလုပ်မျိုးကိုရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

(၄) စိန်ခေါ်မှု

Business concept with copy space

Photo : Freepik

လုပ်ငန်းခွင်တိုင်းက အမြဲအဆင်ပြေချောမွေ့နေမှာမဟုတ်တာကိုတော့ ကောင်းစွာနားလည်ထားဖို့လိုပါမယ်။ တစ်ခါတစ်ရံမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေလည်း ကြုံလာရနိုင်ပါတယ်။ ဆိုတော့ ခက်ခဲမှုတွေရှိလာတိုင်းမှာ စိတ်ပျက်မသွားပဲ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ အကောင်းဆုံးကျော် ဖြတ်ဖို့ ကြိုးစားရပါမယ်။ ဒါမှလည်း အလုပ်မှာပျော်ရွှင်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာမှာပါ။