လူတိုင်းမှာ ကိုယ်ကိုယ်တိုင်က ကိုယ့်ဘဝရဲ့အမြဲတမ်းအဖော်မွန် ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ပျော်ရွှင်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုမှန်ကန်အောင်ပြုစုပျိုးထောင်ဖို့ အရေးကြီးပါတယ်။ အခုပြောပြပေးမှာက ကိုယ့်ကိုယ်ကိုပြုစုပျိုးထောင်ဖို့အတွက် ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုလက်ခံပြီး ဘဝကိုအပြု သဘောဆောင်စွာရှေ့ဆက်ဖို့အတွက် အကြုံပြုချက်တွေပဲဖြစ်ပါတယ်။

(၁) အမှားတွေကို ဝန်ခံပါ

 bored serious teenager male having breakfast at home alone looking outside

Photo : freepik

သင့်အနေနဲ့ အမှားတခုလုပ်မိတယ်ဆိုပါစို့ အဲ့ဒီအမှားကိုသင်ကပြဿနာကြီးတစ်ခုအနေနဲ့ မြင်ရင်တောင် ပြန်ပြင်ဆင်လို့ မရတော့ပါဘူး။ သင်လုပ်မိတဲ့အမှားကို ရှုံးနိမ့်သွားတယ်လို့မမြင်ဘဲ သင်ခန်းစာတစ်ခုအနေနဲ့ မြင်ဖို့ ကြိုးစားပါ။ သင်က သင့်အတွက်အဖြစ်မှန်ကိုထိန်းချုပ်နိုင်ပြီး မတူညီတဲ့ရွေးချယ်မှုတွေဆက်လုပ်ဖို့အတွက် အရေးကြီးဆုံးအရာပါ။

(၂) သင့်ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပါ

businessman in eyeglasses working on laptop

Photo : freepik

တခါတရံအမှန်တရားက လက်ခံဖို့ခက်ပါတယ် ဒါပေမယ့် ကိုယ့်ရဲ့လက်ရှိအခြေအနေကိုလက်ခံတာက ပိုမိုပျော်ရွှင်စေပြီး ပိုကောင်းတဲ့အနာဂတ်ကို ဦးတည်စေပါတယ်။ လက်တွေ့ကျတဲ့အခြေအနေအဖြစ်မှန်နဲ့ ဆက်လက်လုပ်ဆောင်တဲ့အခါ ရည်ရွယ်ချက်လဲမှန်ကန်လာပါတယ်။ ဒါ့က သင့်ရဲ့ဖြစ်တည်မှုကိုလက်ခံပြီး သင့်ရဲ့အိမ်မက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ကို ကူညီပေးပါလိမ့်မယ်။

(၃) ကိုယ့်ကိုယ်ကို အကောင်းပြောပေးပါ

oung stylish smiling man in co-working office, startup freelancer holding using tablet

Photo : freepik

တကယ်တော့ သင့်ကိုယ်ကိုယ်အပြုသဘောဆောင်တဲ့ဆက်ဆံမှုက သင့်အတွက်ကြီးမားတဲ့အရာတွေရစေပြီး သင်ကိုယ်တိုင်ရဲ့ စဉ်းစားတွေးခေါ်ပုံကိုပြောင်းလဲစေပါတယ်။ သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ သင့်ရဲ့လုပ် ဆောင်မှုတိုင်းအတွက် ကိုယ့်ကိုယ်ကို စိတ်ရင်းနဲ့ချီးကျူးပါ။ ဥပမာ- ဒီနေ့အတွက် သင်အားကစားလုပ်ခဲ့တာဖြစ် ဖြစ်၊ ဖုန်းမသုံးဘဲ စောစောအိပ်ရာဝင်ခဲ့တာဖြစ်ဖြစ် ကောင်းတဲ့အရာလုပ်တိုင်းကိုယ့်ကိုယ်ကို ကျေးဇူးတင်ပါ။ နေ့စဉ်လုပ်ဖြစ်တဲ့အထိ အလေ့အကျင့်ဖြစ်လာတဲ့အခါ သင့်ကိုယ်သင်ပိုပျော်ရွှင်လာပါလိမ့်မယ်။

(၄) မကြောက်ပါနဲ့

Upset african man with his head in his hands

Photo : freepik

သင့်ကိုယ်သင် ဘယ်အရာကိုမှ ကြောက်ဖို့ခွင့်မပြုပါနဲ့။ အထူးသဖြင့် သင်လုပ်ချင်တဲ့အရာတခုအတွက် တခြားသူတွေကသင့်ကို ဘယ်လိုထင်မြင်မလဲဆိုတာကိုကြောက်တာပြီး ရှေ့ဆက်မလုပ်ချင်တော့တာမျိုး မဖြစ်ပါစေနဲ့။ သင့်အတွက် အကောင်းဆုံးလို့သင်ထင်တဲ့လမ်းကိုလျှောက်ဖို့ဆန္ဒရှိပြီး မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေအကျိုးရ လဒ်တွေကိုရင်ဆိုင်နိုင်ပါစေ။