အွန်လိုင်းသင်တန်းတွေဆိုတာ အိမ်ကနေပဲ လွယ်ကူထိရောက်စွာ လေ့လာနိုင်တဲ့စနစ်ဖြစ်ပြီး အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ မိမိအားတဲ့အချိန်တွေမှာလေ့လာနိုင်ပါတယ်။ လက်ရှိအွန်လိုင်းသင်တန်းတွေအများကြီးပေါ်လာခဲ့ပြီး ဖြစ်တာကြောင့် အိမ်မှာနေရင်း အွန်လိုင်းသင်တန်းတက်တမယ့်သူတွေအတွက် အကြံပြုချက်လေးတစ်ချို့ကိုပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုစိတ်ပိုင်းဖြတ်ပါ

Boy studying in the university library

အွန်လိုင်းပေါ်ကလေ့လာတယ်ဆိုတာ တစ်နည်းအားဖြင့်ပြောရရင် self Learning လုပ်ရတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ပုံမှန်စာလုပ်ပါ။ အတန်းတက်ပါဆိုပြီး လိုက်တွန်းနေမယ့်သူမရှိပါဘူး။ ဒါ့ကြောင့် သင်တန်းတက်တော့မယ်ဆိုရင် ကိုယ်တကယ်စိတ်ဝင်စားတဲ့ ပညာရပ်ကိုရွေးချယ်ပြီး သင်တန်းပြီးမြောက်တဲ့အထိ တက်မယ်လို့ ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံး ခိုင်ခိုင်မာမာဆုံးဖြတ်ထားဖို့လိုပါတယ်။

(၂) ကောင်းမွန်တဲ့နေရာတစ်ခုဖန်တီးပါ

Attractive student uses internet technology and high speed wi-fi connection to chat with friend

စာလေ့လာဖို့ နေရာကလည်း အရမ်းကိုစကားပြောပါတယ်။ တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး အလင်းရောင်ကောင်းကောင်းရတဲ့နေရာ တီဗီ ရေဒီယိုတွေနဲ့ ဝေးတဲ့နေရာတွေက စာလုပ်ဖို့ိပိုပြီးအာရုံရစေပါတယ်။ အွန်လိုင်းကနေလေ့လာရတာဖြစ်တဲ့အတွက် အင်တာနက်လိုင်းကောင်းကောင်းရှိဖို့ကလည်းအရေးကြီးတာကြောင့် အင်တာနက်လိုင်းကောင်းစေမယ့် နေရာဖြစ်ဖို့လည်းလိုအပ်ပါတယ်။ သင်တန်းနဲ့ ပတ်သတ်ပြီး မှတ်ဖို့စာအုပ်တွေ ဘောပင်တစ်ခြားလိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုလည်း တစ်ခါတည်း စာလေ့လာမယ့်နေရာမှာစုံစုံလင်လင်ထားထားပါ။

(၃) စာလုပ်ချိန်ကိုသတ်မှတ်ထားပါ

Focused young afro american english teacher checking his students' copybooks,

အွန်လိုင်းသင်တန်းအများစုက ကိုယ်အားတဲ့အချိန်မှာလေ့လာနိုင်တယ်လို့ ပြောထားကြပေမယ့် စာလုပ်တဲ့အချိန် ပုံမှန်သတ်မှတ်ထားတာမျိုးမရှိရင် တော်တော်လေးပျင်းပြီး စာလုပ်ဖို့နေ့ရွေ့ညရွေ့ပြုလုပ်မိတက်ကြပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင် စာလုပ်ချိန်ကို သတ်သတ်မှတ်မှတ်လေးသတ်မှတ်ထားသင့်ပါတယ်။ ကိုယ့်လုပ်ရမယ့်အလုပ်တွေကို စာလုပ်ချိန် (သို့) သင်တန်းအချိန် မတိုင်ခင်အပြီးလုပ်ထားသင့်ပါတယ်။ ဒါမှနေ့တိုင်း စာပုံမှန်လုပ်ဖြစ်မှာပါ။

(၄) သူငယ်ချင်းအသစ်တွေဖွဲ့ပါ

Friends attending online classes together

အွန်လိုင်းသင်တန်းတွေက အပြင်သင်တန်းတွေလို သူငယ်ချင်းတွေနဲ့ မရနိုင်ဘူးထင်ရင်တော့မှားသွားပါလိမ့်မယ်။ အွန်လိုင်းသင်တန်းတက်ရင်းလည်း သူငယ်ချင်းအသစ်တွေရနိုင်ပါတယ်။ ကိုယ့်နဲ့အတန်းအတူတူ Join ထားတဲ့ ကျောင်းသားတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ အွန်လိုင်းပေါ်မှာ Group Chat တွေလုပ်ပါ။ ခုနောက်ပိုင်းလူသုံးများနေတဲ့ Zoom တို့ Discord တို့လို App တွေကနေ Group Meeting တွေ Discussion တွေကိုလည်းပြုလုပ်လို့ရပါတယ်။ ဒါဆိုရင် သင်တန်းတက်ရတာပိုပျော်စရာကောင်းပြီး သူငယ်ချင်းအသစ်တွေရရုံမက စာလည်းပိုလုပ်ဖြစ်နိုင်ပါတယ်။

Photo : Freepik