ဘောလုံးလောကရဲ့ မှော်ဆရာတစ်ပါးရယ်လို့ အများကတင်စားကြတဲ့ ဆွီဒင်နိုင်ငံသား မိုဗစ်၊ မြင့်မားတဲ့ အရပ်အမောင်း၊  တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ဂိုးတွေအမြဲလိုလိုသွင်းယူတတ်တဲ့ မိုဗစ်၊ မတူညီတဲ့ ကလပ်အသင်းတွေနဲ့အတူ အောင်မြင်မှုများစွာယူခဲ့တဲ့ မိုဗစ်ရဲ့အကြောင်းလေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Zlatan Ibrahimović

Source : Eurosport

သူရဲ့ပရိသတ်တွေအများဆုံးရှိတဲ့ ပြင်သစ်နိုင်ငံရဲ့ ကဖေးတစ်ခုမှာတော့ သူရဲ့နာမည်ကို ဘာဂါတစ်ခုပြုလုပ်ပြီးတောင် ဂုဏ်ပြုထားပါသေးတယ်။ အစာတွေအများကြီးပါပြီ၊ စားချင်စဖွယ်ဖြစ်နေတဲ့ ဘာဂါကို သူနာမည်ပေးထားတာဖြစ်ပါတယ်။သူဟာ အသက် (၁၀) နှစ်အရွယ်တုန်းက လူစားဝင်ကစားပြီး ဂိုး ၈ ဂိုးအထိသွင်းယူပေးခဲ့ဖူးပါတယ်။ သူ့အသင်းဟာ ပထမအပိုင်းမှာ ၅ ဂိုးပြတ်နဲ့  ရှုံးနေပေမဲ့လည်း သူဝင်လာတဲ့အခါမှာတော့ (၈) ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

သူမှာ သားနှစ်ယောက်လည်းရှိပါတယ်။ အသက် (၂၀) အေဂျက်မှာထဲက ချစ်လာတဲ့ အတူနေ ချစ်သူနဲ့ ရရှိထားတာဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့အအောင်မြင်ဆုံးကစားသမားဖြစ်တဲ့သူဟာ အကောင်းဆုံးဆုကို (၉) ကြိမ်တောင်ရဖူးပါတယ်။

Zlatan Ibrahimović

Source : Eurosport

သူဟာတတ်တူးတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး တတ်တူးများစွာကိုလည်း ခန္ဓာကိုယ်မှာဆေးခြယ်ထားပါတယ်။ သူဟာ ဒေါသထွက်လွယ်ပြီး ကွင်းတွင်းမှာလည်းရန်များတတ်ပါတယ်။ သူကွန်ဖူးကန်ချက်တွေကိုတော့ ပရိသတ်ကြီးတို့မြင်ဖူးကြမယ်ထင်ပါတယ်။

ပဲရစ်မြို့မှာ သူရဲ့ဖယောင်းရုပ်ထုကို ထုလုပ်ပေးထားပါတယ်။ ဘရိုစေနီးယားနဲ့ ခရိုအေရှားတို့ရဲ့ ကမ်းလှမ်းမှုတွေရှိပေမဲ့လည်း ဆွီဒင်ကိုသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ အဘိဓာန်စာအုပ်မှာပါ သူရဲ့နာမည်ကို မှတ်တမ်းယူထားရပါတယ်။ သူဟာ ဘယ်အသင်းကိုပဲရောက်ရောက်အမှတ်ပေးဖလားယူဖူးတဲ့ စံချိန်ရှိပါတယ်။ မန်ယူအသင်းမှာတော့ ထိုစံချိန်ကို ဆက်မထိန်းသွားနိုင်ခဲ့ပါဘူး။