နေ့တိုင်းမှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေနည်းမျိုးနဲ့ နေဖို့အတွက် ခက်ခဲတယ်ဆိုပေမယ့် အလေ့အကျင့်ကောင်းကောင်းလုပ်ထားတယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ဘဝနေမှုအတွက် ပြင်ဆင်ပြီး ဖြစ်မှာပါ။ ဒါကြောင့်ဒီနေ့မှာတော့ ပိုကောင်းတဲ့လူမှုဘဝပုံစံရဖို့ အမြဲလုပ်ဆောင်သွားရမယ့်အရာများအကြောင်းပြောပြချင်ပါတယ်။
ကိုယ့်အတွက်အချိန်ပေးပါ

Photo : Freepik
လူတွေဟာ ငယ်ငယ်ကတည်းကနေ အသက်ကြီးလို့ အိုမင်းလာတဲ့အထိ သူတစ်ပါးအပေါ်ပဲ အချိန်ပေးခဲ့တာ များပါတယ်။ ကိုယ့်စိတ်ကြိုက် ကိုယ်ပိုင် စိတ်ထားတဲ့ အခန်းလေးနဲ့ ကိုယ့်ကိုယ်ကို VIP လို သဘောထားပြီး နေဖို့တော့ မေ့နေတတ်ပါတယ်။ တစ်နေ့မှာ တစ်နာရီလောက်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ပြန်စောင့်ကြည့်ပြီး ကိုယ့်အတွက် ကိုယ် အချိန်ယူပါ။
သစ်ပင်စိုက်ပါ

Photo : Freepik
ဖြစ်နိုင်ရင်တော့ ကိုယ်သဘောကျတဲ့ သစ်ပင် ပျိုးပင်လေးတွေ တစ်ပတ်ကို တစ်ပင်နှုန်း စိုက်သွားသင့်ပါတယ်။ သစ်ပင်စိုက်တယ်ဆိုတာ ရေရှည် စိတ်ကျေနပ်မှုရစေတဲ့ အလေ့အကျင့်ကောင်းဖြစ်သလို ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို အကျိုးပြုဖို့ စရိတ်စက အနည်းဆုံး အလုပ်လည်း ဖြစ်ပါတယ်။
လမ်းလျှောက်ပါ

Photo : Freepik
ကျန်းမာပျော်ရွှင် အသက်ရှည်ချင်တယ်ဆိုရင် လမ်းပုံမှန်လျှောက်ဖို့ တိုက်တွန်းပါတယ်။ လမ်းလျှောက်တာဟာ စိတ်ကို လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပါတယ်။ လမ်းလျှောက်စက်ပေါ်မှာ လျှောက်တာထက် အပြင်ဘက် လမ်းတွေနဲ့ တောတန်းနံဘေးတွေမှာ လျှောက်တာက အများကြီး ပိုကောင်းပါတယ်။
ဂီတခံစားပါ

Photo : Freepik
တကယ်ကတော့ အနုပညာတစ်ခုခုမှာ ခံစားသက်ဝင်ခြင်းဟာ လူသားတစ်ယောက်ရဲ့ အဖြစ်ကို ပိုပြီး ပီပြင်စေပါတယ်။ အနုပညာခံစားနိုင်စွမ်းဟာ လူမှာပဲ တွေ့နိုင်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ ပိုပြီး အဆင့်မြင့်တဲ့ လူတွေဟာ ပိုပြီး အဆင့်မြင့်တဲ့ ဂီတ ၊ ရသတွေကို ခံစားနိုင်ပါတယ်။
