ဝန်ထမ်းတွေအတွက် တက်တက်ကြွကြွနဲ့ အလုပ်လုပ်တဲ့နေ့တွေရှိသလို တခါတလေအလုပ်ထဲအာရုံစိုက်မရပဲ စိတ်လေနေတဲ့အချိန်တွေလည်း ရှိတက်ပါတယ်။ ဘာကြောင့်ရယ်ဆိုတဲ့ အကြောင်းပြချက်မရှိပဲ အလုပ်လုပ်ချင်စိတ်ပျေက်နေတယ်ဆိုရင်တော့ အခုပြောမယ့်အရာလေးတွေလုပ်ကြည့်ပါ။ သင့်စိတ်ကိုအပြောင်းအလဲဖြစ်စေပြီး အလုပ်လုပ်ဖို့ပြန်လည်ခွန်အားတွေရလာစေမယ့် နည်းလမ်းကောင်းလေးတွေဖြစ်ပါတယ်။

(၁) ခဏအနားယူပါ

hand picking up a cup of espresso of capsule coffee machine at home

Photo : Freepik

အလုပ်ထဲ စိတ်မပါပဲ အလုပ်စားပွဲမှာအောင့်အီးပြီး ဆက်ထိုင်နေမယ့်အစား စိတ်ရောကိုယ်ပါ ခဏလာက် အနားပေးဖို့လိုပါတယ်။ အလုပ်စားပွဲကထပြီး ၅ မိနစ်လောက် ဟိုနားဒီနား လမ်းလျောက်လိုက်တာ ၊ ကော်ဖီဖျော်တာ ဒါမှမဟုတ် အလုပ်တွေအားလုံးမေ့ထားပြီး ခဏတဖြုတ်အိပ်စက်အနားယူလိုက်မျိုးလုပ် သင့်ပါတယ်။ ဒါမှလည်း Energy ပြန်လည်ပြည့်ဝလာပြီး လန်းလန်းဆန်းဆန်းနဲ့ အလုပ်ဆက်လုပ်နိုင်မှာပါ။

(၂) အရသာရှိတာလေးတွေမှာစားပါ

Eating pizza. man studying at home during online courses, smart school

Photo : Freepik

အလုပ်လုပ်ချင်စိတ် ပျောက်ဆုံးနေတဲ့အချိန်မှာ စိတ်ပြန်လည်ကြည်လင်လန်းဆန်းလာစေဖို့ ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။ ကိုယ်အကြိုက်ဆုံး အစားအသောက်လေးတွေနဲ့ ကိုယ့်ကိုယ့်ကို Treat လုပ်တာကလည်း စိတ်ကျေနပ်မှုရစေပြီး လေးလံထိုင်းမှိုင်းနေတဲ့ စိတ်တွေလျော့ကျ သက်သာသွားစေနိုင်ပါတယ်။ ဒါကြောင့် စိတ်တွေရှုပ်ထွေးပြီး အလုပ်ထဲအာရုံစိုက်မရဖြစ်နေတဲ့ အချိန်မျိုးမှာ အရသာရှိတာလေးတွေမှာစားကြည့်ပါ။

(၃) သီချင်းနားထောင်ပါ

hands holding headphones and working on laptop computer at home

Photo : Freepik

ဂီတက လူတွေရဲ့စိတ်အခြေအနေကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ စိတ်မကြည်မလင်နဲ့ လန်းဆန်းတက်ကြွမှုပျောက်ဆုံးနေတယ်ဆိုရင် စိတ်ဓာတ်ပြန်လည်တက်ကြွလာစေမယ့် သီချင်းမြူးမြူးလေးတွေနားထောင်ပေးသင့်ပါတယ်။ ၁၀ မိနစ်လောက် သီချင်းလေးတွေနဲ့လွင့်မြောလိုက်ရင်ပဲ စိတ်ကြည်လင်လန်းဆန်းပြီး အလုပ်လုပ်ချင်စိတ်ပြန်လည်ဖြစ်ပေါ်လာပါလိမ့်မယ်။

(၄) သူငယ်ချင်းတွေကိုဖုန်းခေါ်ပါ

smiley man talking on phone

Photo : Freepik

သူငယ်ချင်းတွေနဲ့ ရယ်စရာမောစရာလေးတွေပြောလိုက်ရင် စိတ်ပေါ့ပါးလန်းဆန်းပြီး ခံစားမှုပိုကောင်းလာစေပါတယ်။ အားလပ်ရက်မှာ သူငယ်ချင်းတွေ ဒိတ်ဖို့ Plan လေးတွေ တိုင်ပင်တာ ၊ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာလေးပြောတာနဲ့ပဲ ပျော်စရာကောင်းပြီး စိတ်ပြန်လည်တက်ကြွလာပါလိမ့်မယ်။ အမြဲတမ်းအလုပ်တွေနဲ့ လုံးလည်ချာလည်လိုက်ပြီး စိတ်မပါဖြစ်နေရင် သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး တွေ့ဖို့အကြောင်းလေးတွေ တိုင်ပင်ကြည့်လိုက်ပါ။