အသည်းမကောင်းရင် ပွဲမတောင်းနိုင်ဘူးလို့ လက်ဝှေ့သမားလောကမှာ ပြောကြတာ ရှိပါတယ်။ အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အများကြီး ဂရုစိုက်ဖို့လိုပါတယ်။ လူတော်တော်များများကတော့ အရက်သောက်မှ အသည်းပျက်စီးမယ်လို့ပဲ သိထားပါတယ်။ တစ်ချို့သူတွေ အရက်မသောက်ဘဲနဲ့ အသည်းထိခိုက်တာတွေ ရှိတာ ဒါတွေလုပ်လို့ပဲ ဖြစ်ပါတယ်။

(၁) အကိုက်အခဲ ပျောက်ဆေး

man having pills in hand

Photo : Freepik

ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေဟာ အသည်းထိခိုက်နိုင်ခြေရှိပါတယ်။ အကိုက်အခဲပျောက်ဆေးမှာ ပါတဲ့ Acetaminophen ဓါတ်ကို အများအပြား သုံးစွဲမိရင် အသည်းရောဂါ ဖြစ်နိုင်ပါတယ်။ အရက်သောက်ထားချိန် အကိုက်အခဲပျောက်ဆေး သောက်တာက အသည်းကို ၂ ဆပိုပြီး ဆိုးစေနိုင်ပါတယ်။

(၂) Fast Food

Man holds burger with hands and potato chip

Photo : Freepik

အမြန်စားနိုင်မယ့် Fast Food တွေဟာ တာရှည်အထားခံတဲ့ ဓါတုပစ္စည်းနဲ့ ပြည့်ဝဆီတွေ ပါဝင်တာကြောင့် အသည်းပျက်စီးနိုင်ပါတယ်။

(၃) လှုပ်ရှားမှု

 man reading book while sitting on chair

Photo : Freepik

ဘာမှ မလုပ်ဘဲ သေနိုင်တဲ့ အထဲမှာ အထိုင်များတာ ၊ တစ်နေ့လုံး ထိုင်ပြီးရင်း ထိုင်နေတာလည်း ပါဝင်ပါတယ်။ ရောဂါကြီးတွေ ဖြစ်တဲ့ နှလုံးရောဂါကို ပိုဆိုးစေနိုင်တဲ့ အထဲမှာ ဒီအလေ့အကျင့်လည်း ပါဝင်ပါတယ်။

(၄) အဆီ

man with excessive belly fat

Photo : Freepik

ကိုယ်တွင်း အဆီဓါတ်သိပ်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းနေပြီဆိုရင် အဝလွန်ရောဂါ ဖြစ်ဖို့များပါတယ်။ အဝလွန်တာရဲ့ အကျိုးဆက်ကတော့ အသည်းယောင်ယမ်းပြီး အသည်းခြောက်တာ ၊ အသည်း ပျက်စီးတာနဲ့ အသည်းကင်ဆာတွေပါ ဖြစ်နိုင်ပါတယ်။