လူကို အလေ့အကျင့်က ပြုပြင်တာပါ။ တစ်ချို့သူတွေဟာ ရုပ်ရည် ၊ ပညာနဲ့ ဥစ္စာဓနအားဖြင့် လူရိုသေရှင်ရိုသေခံရပေမယ့် သူတို့ရဲ့ ဥပဓိရုပ်ကို ပျက်စီးစေမယ့် အလေ့အထဆိုးတွေကို မရည်ရွယ်ဘဲ လုပ်နေတတ်မိပါတယ်။ ဒါဆို ယောကျ်ားတွေရဲ့ သပ်ရပ်ခန့်ညားမှုကို ဘယ်အချက်တွေက ဖျက်ဆီးနေမိပါသလဲ။
ကျွန်တော်တို့တစ်တွေ မကြာခဏဆိုသလို ဘောင်းဘီအိတ်ထဲ လက်ထည့် လမ်းလျှောက်ဖူးကြပါတယ်။ သက်တောင့်သက်သာ ရှိသလို ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုပါ ငြိမ်ဝပ်စေတယ်လို့ ခံစားရစေလို့ပါ။ ဒီအကျင့်ကို အကျင့်ဆိုးရယ်လို့ ပြောလို့မရပေမယ့် အလုပ်မှာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံ ပြောဆိုတဲ့ အချိန်မှာ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားတာဟာ မလေးစားတဲ့ ရိုင်းပြတဲ့ အမူအယာတစ်ခု ဖြစ်ပါတယ်။Body Language ကျွမ်းကျင်သူတွေကတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေစဉ်မှာ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားတာဟာ တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ထင်စေတဲ့ အပြုအမှုဖြစ်သလို တစ်ခါတစ်လေမှာ လိမ်ဖို့အတွက် ကြံရွယ်နေတယ်လို့ ယူဆမိစေတယ်လို့ ဆိုပါတယ်။

Photo : Freepik
လူတော်တော်များများဟာ သွားနဲ့ခံတွင်းကျန်းမာရေးကို မေ့လျော့ထားတတ်ကြပါတယ်။ ကိုယ်နဲ့ မတွေ့ဘူးတဲ့ လူတစ်ယောက်ကို စကားပြောချိန်မှာ အဲ့ဒီလူပါးစပ်က အနံ့ဆိုးဆိုးထွက်လာရင် အတော်ညစ်ပတ်တဲ့သူလို့ ဘယ်သူမဆို ထင်မှတ်သွားကြမှာပါပဲ။ သွားမှန်မှန်တိုက်သင့်သလို Oral Care အတွက် သီးသန့် အချိန်ပေးသင့်ပါတယ်။သွားတိုက်တံကိုလည်း ဘက်တီးရီးယားမကပ်နိုင်အောင် သွားတိုက်ပြီးတိုင်း ခြောက်သွေ့သန့်ရှင်းအောင် ထားပေးသင့်ပါတယ်။ သွားတိုက်ရာမှာလည်း စိုက်ဝိုင်းပုံနဲ့ အထက်အောက် သွားတွေ ပွတ်တိုက်ပေးတဲ့ ပုံစံနဲ့ ၂ မိနစ်အနည်းဆုံး ကြာအောင် သန့်ရှင်းပေးသင့်ပါတယ်။ သွားတိုက်တံကိုတော့ ၃ လတစ်ခါ လဲပေးသင့်သလို ခံတွင်းအနံ့ဆိုးစေမယ့် အစားအသောက်တွေကိုလည်း တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။
တစ်ချို့လူတွေဟာ Introvert ဆန်ကြပါတယ်။ အလုပ်ခွင်မှာ ဖြစ်စေ ၊ လူမှုရေးရာ ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေမှာ ဖြစ်စေ လူတွေကို ကိုယ့်ဘက်က စပြီး မိတ်ဆက်တာ မလုပ်တဲ့ သူတွေဟာ အခွင့်အလမ်းတွေ လက်လွတ်တတ်ရုံတင်မဟုတ်ဘဲ လူမှုရေးမကောင်းသူတွေအဖြစ်ပါ အမြင်ခံရတတ်ပါတယ်။ လူတွေကို ကိုယ်က စပြီး မိတ်ဆက်တတ်ဖို့လုပ်ပါ။ သိမ်မွေ့ယဉ်ကျေးပြီး လူတွေကို လက်ကမ်းရဲသူ ဖြစ်ပါစေ။စကားပြောရာမှာ “အင်း အဲ” “ဟိုဟာလေ” စသည်ဖြင့် အဓိပ္ပါယ်မရှိတဲ့ ကိုးရိုးကားယား စကားလုံးတွေ ညှပ်ပြီး ပြောမိတဲ့ အကျင့်ရှိရင် ပြင်လိုက်ပါ။ အသံဟာ စိတ်ကြည်လင်နေသူတစ်ယောက်ကို စိတ်ရှုပ်သွားစေသလို စိတ်တိုနေသူကိုလည်း သက်သာရာ ရစေပါတယ်။ ဒါကြောင့် နားထဲမှာ ထောက်မယ့် စကားလုံးတွေ ရှောင်သင့်ပါတယ်။

Photo : Freepik
လူတော်တော်များများဟာ တစ်ခုခု စဉ်းစားနေချိန်မှာဖြစ်စေ ၊ ဘာမှလုပ်စရာမရှိလို့ အားနေချိန်မှာဖြစ်စေ လက်သည်းတွေကို အကြောင်းမဲ့ ကိုက်နေတတ်ပါတယ်။ ဒီအကျင့်ကို လုံးဝ ဖျောက်ပစ်ဖို့ လိုပါတယ်။ လက်သည်းတွေကို သပ်ရပ်အောင် ပုံမှန်ညှပ်ပေးပါ။ ဒီအလေ့ဆိုးလိုပဲ နှာခေါင်းနှိုက်တတ်တဲ့ အကျင့်မျိုးကိုလည်း လုံးဝ မလုပ်သင့်တဲ့ အကျင့်ဆိုးဖြစ်ပါတယ်။ဒီအလေ့ဆိုးတွေကို ပြင်နိုင်ရင်ကိုပဲ နေ့စဉ် လူမှု ဆက်ဆံရေးဘဝမှာ ကိုယ့်ရဲ့ ပင်ကိုယ်ဟန်ကို အတောက်ပဆုံး အရောင်တင်နိုင်ပြီး လူတွေနဲ့ ဆက်ဆံရာမှာ ပိုပြီး လွယ်ကူလာမှာ ဖြစ်ပါတယ်။
