အလုပ်ကြိုးစားတိုင်း အောင်မြင်မှုရမယ်လို့တရားသေပြောလို့မရနိုင်ပေမယ့် အလုပ်ကြိုးစားခြင်းဟာ အောင်မြင်ခြင်းမှာ အဓိကကျတဲ့ အချက်လည်း ဖြစ်ပါတယ်။ ကျောင်းမှာ စာကြိုးစားတဲ့သူလိုပဲ လုပ်ငန်းခွင်မှာ အလုပ်ကြိုးစားတဲ့ သူအတွက် ထိုက်တန်တဲ့ ရလဒ်တွေ ရရှိမှာပါ။ ဒီတော့ ကိုယ်ရဲ့ အလုပ်ကြိုးစားချင်စိတ်ကို ဘယ်လို မြှင့်တင်ကြမလဲ။
Photo : Freepik
အရှုံးတွေနဲ့မောပန်း မွန်းကြပ်နိမ့်ပါးလာချိန်မှာ စိတ်ဓါတ်ခွန်အားတွေ ပြည့်လာဖို့အလွယ်ဆုံးနည်းလမ်းက ကိုယ့်ရဲ့ အမြင့်ဆုံးပန်းတိုင်ကို မော့ကြည့်ဖို့ပါပဲ။ တိုက်ခိုက်ရင်ဆိုင်နေရတဲ့ချိန် ကိုယ့်ရဲ့ ပန်းတိုင်ကို စိတ်နဲ့မြင်နေတာကိုက ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာ အရှင်းလင်းဆုံး သိစေတဲ့ အရာဖြစ်ပါတယ်။
တစ်ခါတစ်လေ ဖြစ်တတ်တဲ့ ပြဿနာက စိတ်သွားတိုင်း ကိုယ်မပါဆိုသလို လုပ်ချင်ကိုင်ချင်စိတ် ပြင်းပြနေပေမယ့် ခန္ဓာကိုယ်က မကျန်းမာလို့ ထင်တိုင်း မလုပ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ မောပန်းနွမ်းနယ်လာရင် အနားယူတတ်ဖို့ လိုပါတယ်။ အားရှိအောင်စား ၊ အိပ်ရေးဝအောင် အိပ် ၊ ကိုယ့်ခန္ဓာကိုယ်က ပြောလာတဲ့ အတွင်းအသံကို နားထောင် ၊ ကိုယ့်ကို မသက်မသာဖြစ်စေမယ့် အကြောင်းတရားကို ဖော်ထုတ် ၊ ဒါတွေကို အကောင်းဆုံး စနစ်တကျ ဖွဲ့စည်းဖြေရှင်းရမှာပါ။
တစ်ခုခုကို စိတ်ခွန်အားသပ်သပ်နဲ့ ထပ်တလဲလဲ လုပ်နိုင်ဖို့ဆိုတာ တကယ်ခက်ပါတယ်။ စိတ်စွမ်းအားဆိုတာ အကန့်အသတ်ရှိတဲ့ အရင်းအမြစ် ဖြစ်လို့ တစ်ကြိမ်မှာ တစ်ခါအားထည့်နိုင်တဲ့ အကျင့်တစ်မျိုးကို မွေးမြူတည်ဆောက်ပါ။ ကိုယ့်ရဲ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်များထဲမှာ အမူအကျင့်လေးတွေ ထည့်သွင်း ပေါင်းစပ်လာခြင်းဟာ စိတ်ခွန်အားကို တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
Photo : Freepik
တစ်ခါတစ်လေ ကိုယ့်စိတ်ကို ဖိစီးထားတဲ့ အရာတွေနဲ့တည့်ရင်ဆိုင်ရပါမယ်။ သက်တောင့်သက်သာ နေရတဲ့ အခြေအနေကိုပဲ တွယ်တာ မနေဖို့ လိုပါတယ်။ စိတ်မသက်သာစရာ တင်းကြပ်မှုတွေကို ရုန်းကန်ရတာကိုပဲ ကောင်းမွန်တဲ့ သင်္ကေတသဖွယ် လက်ခံဖို့ လိုပါတယ်။စိတ်ခွန်အားဖြစ်စေဖို့ကိုယ်လုပ်တဲ့ အကောင်းအဆိုးတွေပေါ် လိုက်ပြီး ဆုပေး ဒဏ်ပေးနည်းလမ်း သုံးရပါတယ်။ ဥပမာ- စာအုပ်တစ်အုပ်ကို ဖတ်ချင်ပြီဆိုရင် ဘယ်နေ့အပြီးဖတ်မယ်။ ဖတ်ဖြစ်တာနဲ့ ကိုယ့်ကိုယ်ကို ဘာလေး ဆုချမယ်ဆိုတာ စီစဉ်ထားပါ။ ဆုသေးသေးလေးပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိအမှတ်ပြုထားလို့ကိုယ်လုပ်မယ့် အရာပေါ်မှာလည်း စိတ်အင်အားနဲ့ လုပ်နိုင်မှာ ဖြစ်ပါတယ်။