နေ့စဉ်ဘဝတွင် သွားလာရေးအဆင်ပြေဖို့ရန်အတွက်နှင့် သက်သောင့်သက်သာသွားလာနိုင်ဖို့ရန်အတွက် ကားများသည် များစွာအထောက်အကူပြုပါတယ်။ ကားများသည် မော်ဒယ်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် လာပါတယ်။ မိမိရဲ့အကြိုက်နှင့် သုံးစွဲချင်သော ပိုက်ဆံအမောင့်ပေါ် မူတည်ပြီး ကားမော်ဒယ်အမျိုးမျိုးကို ဝယ်ယူနိုင်ပါတယ်။
သင့်ကားရဲ့တံခါးဒီဇိုင်းသည်လည်း သင် ဝယ်ယူတဲ့မော်ဒယ်ပေါ်မူတည်ပြီး အမျိုးအစားအမျိုးမျိုး ပြောင်းလဲသွားနိုင်ပါသေးတယ်။
တောင်ပံတံခါး
ဒီတံခါးကို ကတ်ကြေးတံခါးလို့လည်း ခေါ်ပါသေးတယ်။ ကားတံခါးက ဒေါင်လိုက်ထောင်တက်ကာ ပွင့်သွားတဲ့ဒီဇိုင်းဖြစ်ပါတယ်။
ဇင်ယော်တောင်ပံတံခါး
ဒီဒီဇိုင်းကိုတော့ ၁၉၃၉ ခုနှစ်တွင် Jean Bugatti ဆိုတဲ့ ကားဒီဇိုင်နာက ပထမဦးဆုံးရေးဆွဲခဲ့တာဖြစ်ပြီး ၁၄ နှစ်ကြာမှ Mercedes Benz ကားတွင် စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။
လိပ်ပြာတံခါး
ဒီတံခါးကို တောင်ပံတံခါးနှင့်လည်း မှားတတ်ကြပါတယ်။ ဒါပေမဲ့ လိပ်ပြာတံခါးက တောင်ပံတံခါးထက် ပိုကျယ်ပြီး ပိုပြီးသက်သောင့်သက်သာရှိပါတယ်။
သေကြောင်းကြံတံခါး
ဒီတံခါးကို ဘာ့ကြောင့် ဒီလိုနာမည်ပေးခဲ့ရသလဲဆိုတော့ ကားပေါ်စီးနင်းလိုက်ပါသူသည် ကားပေါ်မှ တံခါးဖွင့်ပြီး အောက်သို့ဆင်းလိုက်သည့်အခါ အန္တရာယ်များလို့ပဲဖြစ်ပါတယ်။ ဒီတံခါး စတင်ပေါ်ပေါ်ခဲ့ချိန်ကတော့ ၂၀ ရာစုအလယ်လောက်ကဖြစ်ပါတယ်။ ထိုအချိန်တုန်းကတော့ ဂိုဏ်းစတားများအကြားတွင် လူကြိုက်များခဲ့တာပဲဖြစ်ပါတယ်။
Slide တံခါး
ဒီတံခါးကို ပထမဆုံးစတင်အသုံးပြုခဲ့ချိန်ကတော့ ၁၉၅၄ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး Peugeot 1007 ၊ Toyota Porte ၊ Renault နဲ့ Peugeot 807 တို့တွင် တပ်ဆင်ထားတာကို တွေ့ရပါလိမ့်မယ်။
အိတ်ကပ်တံခါး
ဒီလိုတံခါးမျိုးကိုတော့ ကုန်ပစ္စည်းသယ်တဲ့ကားမျိုးတွေမှာ အသုံးများပါတယ်။ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရလွယ်ကူအောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။
ဘဲငန်းတောင်ပံတံခါး
ဘဲငန်းရဲ့ ခံညားတဲ့အသွင်ကို ဒီဇိုင်းယူထားကာ ဒီတံခါးလေးကို တီထွင်ထားတာပဲဖြစ်ပါတယ်။ ဒီလိုတံခါးမျိုးကို ရွေးဝယ်ချင်တယ်ဆိုရင်တော့ GTA Spano ၊ Aston Martin DB9 မော်ဒယ်နှင့် Jaguar C-X 75 မော်ဒယ်တို့ကို လေ့လာကြည့်လိုက်ပါ။
မျက်နှာကျက်တံခါး
ဒီဒီဇိုင်းကတော့ ရှားပါးဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ မျက်နှာကျက်နိမ့်တဲ့ကားပါကင်မှာ ကားရပ်ထားရတဲ့အခါ အခက်အခဲကြုံတွေ့ရခြင်းပဲဖြစ်ပါတယ်။
လေယာဉ်တောင်ပံတံခါး
ဒီတံခါးသည်လည်း ကတ်ကြေးပုံသဏ္ဍာန်တံခါးနှင့် ဆင်တူပါတယ်။ ကားဒီဇိုင်းတွေထဲမှာ နောက်ဆုံးတီထွင်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး လူကြိုက်လည်း များပါတယ်။
ကားခေါင်းခန်းမှ ပွင့်သောတံခါး
ဒီတံခါးကိုတော့ ၁၉၅၅ နှင့် ၁၉၆၂ ခုနှစ်အတွင်း အသုံးပြုခဲ့ကြပြီး တံခါးပေါက်တစ်ခုပဲရှိတဲ့ကားဖြစ်ပါတယ်။ ခရီးသည်များသည် ကားတံခါးအရှေ့ကနေပဲ အဝင်အထွက်ပြုလုပ်ရတဲ့အတွက်ကြောင့် ကားမတော်တဆဖြစ်နိုင်ချေလည်း အလွန်နည်းပါးပါတယ်။ အရေးပေါ်အခြေအနေမျိုးမှာဆိုရင်တော့ ကားအမိုးကနေ ထွက်ရမှာပါ။
Source: Lemonbin.com