မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းဖော် ဂျေဒန် ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ၎င်းရဲ့အသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဆိုတာကို အမှတ်တမဲ့ပြောခဲ့မိသလို ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆန်ချိုကို ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်အသင်းက ပြောင်းရွှေ့ကြေးကို ပေါင် ၁၀၈ သန်းအထိ တောင်းဆိုခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးရသတင်းအတည်ပြုချက်အရ ဒေါ့မွန် အသင်းဟာ ဂျေဒန် ဆန်ချိုကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

Marcus Rashford drops major hint over Manchester United’s Jadon Sancho transfer

Photo: Metro

အပြောင်းအရွှေ့ အတည်မဖြစ်ခင်က ဆန်ချိုဟာ အိုးထရက်ဖို့ဒ်ကို မပြောင်းရွှေ့မီ ယူရို ပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ အောင်မြင်မှုတွေနဲ့ အဆုံးသတ်ချင်နေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဒေါ့မွန်ကြယ်ပွင့်ကို ယူနိုက်တက်ဝတ်စုံနဲ့ မြင်တွေ့ရတော့မှာပါ။

ပရိသတ်တွေက ဆန်ချိုရဲ့ ဘယ်အချိန်ဖြစ်လာမလဲမသိသေးတဲ့ အပြောင်းအရွှေ့ကို စောင့်ဆိုင်းနေချိန်မှာ ရက်ရှ်ဖို့ဒ်က ဂျာမနီကို အနိုင်ရရှိခဲ့ပြီးနောက် တွစ်တာစာမျက်နှာကနေ အရိပ်အမြွက်ဖွင့်ဟသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးက ဆန်ချိုရဲ့အပြောင်းအရွှေ့ကို ကြေညာပေးပါတော့လို့ တောင်းဆိုခဲ့တာကို ရက်ရှ်ဖို့ဒ်က အခုထိတော့ မရသေးဘူးလို့ တုံ့ပြန်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ယင်းမှတ်ချက်ကို ပြန်လည်ဖျက်သွားခဲ့တာကို တွေ့ရပါတယ်။

ဒါပေမယ့် အဲဒီဖြစ်ရပ်အပြီးမှာ ဒေါ့မွန်ကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုပေးဖို့ တောင်းဆိုခဲ့တဲ့ပရိသတ်တစ်ဦးကို ရက်ရှ်ဖို့ဒ်က Yes လို့ အတည်ပြုခဲ့ပြီး ပိုမိုကြီးမားတဲ့ သဲလွန်စကို ထပ်ပေးခဲ့ပါတယ်။