ကမ္ဘာကျော်အနုပညာရှင်များသည် တဖြည်းဖြည်းနာမည်ကြီးလာသည်နှင့်တစ်ပြိုင်နက် သူတို့ရဲ့ဖက်ရှင်ပစ္စည်းများ၊ နေ့စဉ်သုံးပစ္စည်းများကိုလည်း အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ နာမည်ကြီးတံဆိပ်များဖြင့်သာ ခြံရံထားကြပါတယ်။ Maserati ၊ Rolls Royce စတဲ့ ဇိမ်ခံကားများ၊ ဇိမ်ခံအိမ်များဖြင့် သက်သောင့်သက်သာဖြင့် ဇိမ်ခံလေ့ရှိကြပါတယ်။

ကမ္ဘာကျော်အနုပညာရှင် အမြောက်အမြားရှိသည့်အနက် ကြီးကျယ်ခမ်းနားလှပတဲ့ ဇိမ်ခံအိမ်ကြီးများကို ဘယ်သူတွေ ပိုင်ဆိုင်ထားသလဲဆိုတာ သင် သိပါသလား။

Mel Gibson

luxury lifestyle with magnificant house

ကမ္ဘာကျော် မင်းသား၊ ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် ဇာတ်ညွှန်းရေးဆရာအဖြစ် စွယ်စုံရတဲ့ Mel Gibson သည် အသက် ၆၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူ့မှာ ဧက ၅၀၀ ကျော် ကျယ်ဝန်းတဲ့ ခြံကျယ်ကြီးတစ်ခုရှိပြီး ထိုခြံကျယ်ကြီးထဲတွင် အမိုက်စား အိမ် (၃) အိမ် ဆောက်ထားတာဖြစ်ပါတယ်။ အိမ် (၃) လုံးစလုံးမှာ ရေကူးကန်များ ပါဝင်ပြီး ခြံကျယ်ကိုလည်း တောအုပ်ပုံသဏ္ဍာန် ဖန်တီးထားတာဖြစ်ပါတယ်။

P. Diddy

luxury lifestyle with magnificant house

နာမည်အရင်းမှာ Sean Combs ဖြစ်ပြီး အနုပညာနာမည်တွေကတော့ Puff Daddy ၊ Puffy ၊ P. Diddy (သို့) Diddy လို့ လူသိများတဲ့ အမေရိကန် ရက်ပ်အဆိုတော်၊ ထုတ်လုပ်သူနှင့် စီးပွားရေးသမားအဖြစ် နာမည်ကြီးသူကတော့ အစကတည်းက အိမ်တွေအမြောက်အမြားပိုင်ဆိုင်ထားသူတစ်ဦးပါ။ အိမ်တွေ အများကြီး ပိုင်ဆိုင်ထားတာတောင်မှပဲ သူသည် ဒေါ်လာ သန်း ၄၀ တန်တဲ့ ဥရောပစတိုင်လ် ဗီလာလေးကိုလည်း ထပ်ဝယ်လိုက်ပါသေးတယ်။

ထိုနှစ်ထပ် ဗီလာအိမ်ကြီးထဲတွင် အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၁ ခန်း၊ Gym ခန်း ၁ ခန်း၊ ဝိုင်သိုလှောင်ခန်း ၁ ခန်း၊ ခုံ ၃၅ ခု ဆန့်တဲ့ ရုပ်ရှင်ရုံနှင့် ရေကူးကန်ဆီသို့ ဆက်ထားတဲ့ မြေအောက်တူးမြောက်တစ်ခုလည်း ပါဝင်ပါတယ်။ သူ့ဘေးနားက တစ်ထပ်တိုက်လေးကတော့ ဧည့်သည်တွေအတွက် သီးသန့်ဆောက်ထားတာဖြစ်ပြီး ချွေးထုတ်ခန်း၊ အနှိပ်ခန်းများ စတဲ့အခန်းတွေလည်း ပါဝင်ပါတယ်။

Dr. Dre

luxury lifestyle with magnificant house

Andre Romelle Young ခေါ် Dr. Dre သည်လည်း အမေရိကန် ရက်ပ်အဆိုတော်၊ သီချင်းရေးဆရာ၊ အသံဖမ်းအင်ဂျင်နီယာ၊ ထုတ်လုပ်သူနှင့် စွန့်ဦးတီဌွင်သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ခမ်းနားကြီးကျယ်သော အိမ်သည်လည်း ဒေါ်လာ သန်း ၄၀ တန်ပါတယ်။ စတုရန်းပေပေါင်း ၁၄၀၀၀ ကျယ်ဝန်းသော ခြံကြီးပေါ်တွင် တည်ဆောက်ထားတာဖြစ်ပြီး ရေကူးကန်ကနေ ပစိဖိတ်ပင်လယ်ကြီးကို ငေးမောကြည့်ရှုနိုင်ပါသေးတယ်။

Will Smith

luxury lifestyle with magnificant house

ကမ္ဘာကျော် မင်းသားကြီး Will Smith နဲ့ သူ့ရဲ့ချစ်ဇနီး Jada Pinkett Smith တို့ရဲ့အိမ်ကြီးကတော့ ဒေါ်လာ ၄၂ သန်း တန်ပါတယ်။ သူတို့ရဲ့ခြံကြီးသည် ၂၅၀၀၀ စတုရန်းပေ ကျယ်ဝန်းပြီး ဒီဇိုင်းကလည်း ဆန်းသစ်တဲ့ အိမ်ကြီးတစ်လုံးပဲဖြစ်ပါတယ်။ ထိုအိမ်ကြီးထဲတွင် အိပ်ခန်း ၉ ခန်း၊ အသံသွင်းစတူဒီယို ၁ ခန်း၊ တရားထိုင်သောအခန်း ၁ ခန်း၊ ရေကန်သဖွယ်ဆောက်လုပ်ထားသော ရေကူးကန်တစ်ခု၊ ဘက်စကပ်ဘောကစားကွင်း ၁ ခု၊ တင်းနစ်ကစားကွင်း ၁ ခု၊ ဂေါ့ဖ်ကွင်း ၃ ကွင်း၊ လျှို့ဝှက်အခန်းငယ်များစွာနှင့် ရေကန်ကို ကြည့်ရှုခံစားရမယ့် အဆောက်အအုံငယ်လေးတစ်ခုလည်း ပါဝင်ပါတယ်။

Howard Stern

luxury lifestyle with magnificant house

Howard Stern ကတော့ အမေရိကန် ရေဒီယိုတင်ဆက်သူ၊ ဟာသလူရွှင်တော်နှင့် စာရေးဆရာတစ်ယောက်ဖြစ်ပြီး အသက် ၆၇ နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ဒေါ်လာ ၅၂ သန်းတန်တဲ့ အိမ်ကြီးကတော့ ကမ်းခြေဘေးမှာ တည်ရှိပြီး စတုရန်းပေပေါင်း ၁၈၆၇၃ ကျယ်ဝန်းပါတယ်။ အိပ်ခန်း ၁၂ ခန်း ပါဝင်ပြီး ကြီးကျယ်ခမ်းနားတဲ့ ခြံကြီးတစ်ခုပဲဖြစ်ပါတယ်။

Tiger Woods

luxury lifestyle with magnificant house

နာမည်ကြီး ဂေါ့ဖ်အားကစားသမားတစ်ယောက်ဖြစ်တဲ့ Tiger Woods ရဲ့အိမ်ကတော့ ဒေါ်လာ ၅၄.၅ သန်း တန်ဖိုးရှိပါတယ်။ စတုရန်းပေပေါင်း ၁၀၀၀၀ ကျော် ကျယ်ဝန်းတဲ့ ခြံကြီးပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး  ပေ ၆၀ နက်သော ရေကူးကန်တစ်ခုနှင့် ပေ ၁၀၀ နက်သော ရေကူးကန်တစ်ခု၊ တင်းနစ်ကစားကွင်း၊ ဘက်စကပ်ဘောကစားကွင်း၊ မြောက်မြားစွာသော အိပ်ခန်းများ ပါဝင်ပါတယ်။

Tom Cruise

luxury lifestyle with magnificant house

ကမ္ဘာကျော် မင်းသားကြီး Tom Cruise ရဲ့အိမ်ကြီးကတော့ ဒေါ်လာ ၅၉ သန်း တန်ဖိုးရှိပြီး စတုရန်းပေပေါင်း ၁၀၀၀၀ ကျယ်ဝန်းတဲ့ ခြံကြီးပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ အိမ်ရဲ့တံခါးများကို ကြမ်းပြင်ကနေ မျက်နှာကျက်အထိ ရှည်လျားသော တံခါးများဖြင့် ဆောက်လုပ်ထားတာကြောင့် လှပတဲ့ တောင်တန်းများကို ကြည့်ရှုခံစားနိုင်ပါတယ်။ အိမ်ကြီးထဲတွင် စာကြည့်ခန်း၊ Gym ခန်း၊ ဂိမ်းဆော့ရန်အခန်းအပြင် ဘက်စကပ်ဘော၊ တင်းနစ်နှင့် ဟော်ကီကစားရန် ကစားကွင်းများနှင့် အိပ်ခန်းအမြောက်အမြား ပါဝင်ပါတယ်။

Source: Nimvo.com