Scotland နဲ့ပတ်သတ်ပြီး ကျွန်တော်တို့ ယောင်္ကျားလေးအများစု ပြောဖြစ်တဲ့ Topic တွေထဲမှာ ကမ္ဘာကျော် စကော့ဝီစကီတွေအကြောင်း အမြဲပါလေ့ရှိတယ်။ စကော့ဝီစကီဆိုတာ Scotland နိုင်ငံရဲ့အထင်ကရတစ်ခုဆိုလည်း ဟုတ်တယ်။ ကြီးကျယ်ခမ်းနားတဲ့ နောက်ခံသမိုင်းတွေလည်းရှိတဲ့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဝီစကီတွေပဲ မဟုတ်လား။ Scotland မှာ ချက်လုပ်တာမဟုတ်ရင် စကော့ဝီစကီလို့ ပြောလို့မရသလို စကော့ဝီစကီစစ်စစ်မှာ Scotland ရဲ့ အငွေ့အသက်တွေ အများကြီးစီးမျောပါဝင်နေတယ်ဆိုတာလည်း ငြင်းလို့မရနိုင်ပါဘူး။

ဒါကြောင့် စကော့ဝီစကီစစ်စစ်တစ်ခွက် သောက်လိုက်ရရင်ပဲ ရာစုနှစ်များစွာက Scotland ရဲ့ခမ်းနားမှု​တွေဆီ ရောက်သွားသလို ခံစားမှုမျိုး ရစေတာပေါ့။ လက်ရှိပြည်တွင်းဈေးကွက်မှာ ဒီလိုစကော့အရသာစစ်စစ် ဝီစကီမျိုး ရှာကြည့်လိုက်တော့ ဈေးနှုန်းသင့်တင့်ပြီး 100 % Scotch Whisky ဖြစ်တဲ့ Mac Arthur’s Scotch Whisky ကို သွားတွေ့တယ်။ ဘယ်နေရာမဆို စပ်စပ်စုစုရှိတက်တဲ့ကျွန်တော်ကတော့ Mac Arthur’s Scotch Whisky အကြောင်း နည်းနည်းပါးပါး လေ့လာတီးခေါက်ကြည့်မိတယ်။

သူက ၁၈၇၇ ခုနှစ်ကတည်းက Scotland မှာရှိတဲ့ Inver House ကနေ ပထမဦးဆုံး စကော့ရိုးရာမပျက် ထုတ်လုပ်ထားတဲ့ ရှေးအကျဆုံး စကော့ဝီစကီ။ အံ့ဩဖို့ကောင်းတာတစ်ခုက စထုတ်တဲ့အချိန်ကနေ ဒီနေ့အထိ နှစ်ပေါင်း ၁၀၀ ကျော်တိုင် အရသာတစ်ချက်ပျက်မသွားပဲ ရိုးရာအမွေအနှစ်ပြည့်စုံတဲ့ စကော့ဝီစကီစစ်စစ်ရဲ့ အနံ့အရသာကို ဆက်လက်ထိန်းထားနိုင်တာပဲ။ ဒါကြောင့်လည်း ကမ္ဘာ့တဝှမ်းထိုးဖောက်နိုင်တဲ့ အရည်အသွေးမီ Brand တစ်ခုဖြစ်သလို မြန်မာနိုင်ငံမှာ ပထမဆုံး တင်သွင်းဖြန့်ဖြူးရောင်းချတဲ့အချိန်မှာလည်း လူကြိုက်များခဲ့တာလို့ပြောရမယ်။

အနံ့အရသာပိုင်းကို ဆက်ပြောရရင် MacArthur’s စကော့ဝီစကီက စိတ်ကျေနပ်စရာကောင်းတဲ့ ဗနီလာရနံ့ ၊ တော်ဖီရနံ့ ခပ်ပြင်းပြင်းနဲ့ လက်ဆတ်တဲ့ သစ်သီးရနံတွေ အားလုံးရောစပ်ထားတဲ့ ပြင်းရှရှဆွဲအားမြင့်ရနံ့မျိုး။ သောက်လိုက်တဲ့အချိန်မှာ ပေါ့ပါးတဲ့ပန်းသီးအနံ့အရသာကိုမှ ဗနီလာ ၊ တော်ဖီနဲ့ အမွှေးရနံ့တွေပေါင်းစပ်ထားတဲ့ နူးညံ့ပြေပြစ်မှုရှိတဲ့အရသာဆိုတော့ တော်တော်လေးသောက်ရ အဆင်ပြေတယ်။ နောက်ပြီး ဝက်သစ်ချစည်ထဲမှာ နှစ်နဲ့ချီ သိုလှောင်ထားတာဆိုတော့ “The Mark of Fine Taste” ဆိုတဲ့ သူရဲ့ဆောင်ပုဒ်အတိုင်း ပေါ့ပါးနူးညံ့ပြီး ပြေပြစ်တဲ့ စကော့ဝီစကီအနံ့အရသာ စစ်စစ်ကိုခံစားမိတာတော့ အမှန်ပဲ။

ကျွန်တော်ကတော့ စကော့သားတို့ရဲ့ဟန်ပန်အပြည့်အဝပါတဲ့ စကော့ဝီစကီအရသာအစစ် MacArthur’s ဝီစကီတစ်ခွက်ကို အရသာခံသောက်နေတဲ့ အချိန်တခဏအတွင်းမှာ လွန်ခဲ့သော ရာစုနှစ်အစုစုက Scotland ရဲ့ ခမ်းနားမှု​တွေဆီ ရောက်သွားသလိုခံစားရတာပါပဲ။

ဪဒါနဲ့ MacArthur’s Scotch Whisky 700 ml ပုလင်းတစ်လုံးဝယ် ယူတိုင်းမှာ ဆုကြေး ငွေ ၁၀၀၀၀, ၅၀၀၀, ၃၀၀၀,၂၀၀၀, ၁၅၀၀ ကျပ်တန် အသီးသီးပါဝင်တဲ့ ဗလာမပါငွေသားကံစမ်းမဲ ကူပွန်တွေရမယ့် အထူးပရိုမိုးရှင်းအစီအစဉ်တွေလည်း ရှိနေသေးတယ်။ နောက်ပြီး ကျွန်တော်လို ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ရတာ ကြိုက်တဲ့သူတွေအတွက်လည်း ပရိုမိုးရှင်းရှိတဲ့ဆိုင်တွေမှာ ထိုင်သောက်မယ်ဆိုရင် 700 ml ပုလင်းတစ်လုံးဝယ်ယူရင် ၃၀၀၀ ကျပ်တန် BBQ ကူပွန်တစ်စောင် ၊ 175 ml ပုလင်းတစ်လုံးဝယ်ယူရင် ၁၀၀၀ ကျပ်တန် BBQ ကူပွန်တစ် စောင်ရရှိဦးမှာဆိုတော့ လုံးဝမိုက်တာပေါ့။

ကဲဒါဆို ကျွန်တော်လို စကောအရသာစစ်စစ် ခမ်းနားတဲ့အတွေ့အကြုံအသစ်ကိုခံစားချင်တဲ့ ညီအစ်ကိုတို့လည်း MacArthur’s Scotch Whisky ရဲ့စကော့အရသာစစ်စစ် ဝီစကီကို မြည်းစမ်းခံစားရင်း ရင်ခုန်စရာဆုလက်ဆောင်တွေ အမြန်ဆုံးရယူလိုက်တော့ဗျာ။