ကာလယန္တရားက စက်တစ်ခုလို တကယ်ပဲ လည်ပတ်နေသလား။ ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၁၁၇ ဘီလျံလောက် အသက်ရှင်နေထိုင်ခဲ့ပြီးပါပြီ။ ဒီလူတွေထဲမှာ လူဝင်စားမှုလို့ ခေါ်နိုင်မယ့် နှစ်တစ်နှစ် ခေတ်တစ်ခေတ်ကနေ ပြောင်းပြီး လူဖြစ်လာတဲ့သူတွေ ရှိနိုင်သလား။ တချို့လူတွေဟာ တချိန်က ရှိဖူးတဲ့ လူတွေ ဖြစ်နေသလား။ ဒါမှမဟုတ် သူတို့တွေဟာ ရုပ်ချင်းဆင်တာလောက်ပဲလား။
မေးမယ်ဆို မေးခွန်းတွေမှ အများကြီး။ Time Machine လို အချိန်ခရီးသွားစက် ရှိမရှိ မပြောတတ်ပေမယ့် အခုဖော်ပြပေးမယ့် ပုံတွေကတော့ Time Machine ရှိသယောင် ထင်မြင်သွားစေအောင် သက်သေပြနိုင်ပါလိမ့်မယ်။
(၁) မိုက်ကယ်ဂျက်ဆင်

Photo: Brightside
နယူး ကင်းဒမ်က ရှေးဟောင်းအီဂျစ် အမျိုးသမီးတစ်ဦးရဲ့ ခေါင်းနဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ပုံကို တွဲပြထားတာပါ။ ဒီရုပ်တုကို ချီကာဂို Field Museum of Natural History မှာ ထားထားတာပါ။ ရုပ်ချင်းဆင်နေတာတော့ အမှန်ပါပဲ။
(၂) နီကိုလတ်စ်ကေ့ချ်

Photo: Brightside
မင်းသားကြီး နီကိုလတ်စ်ကေ့ချ်နဲ့ တစ်ပုံစံတည်း တူတဲ့ လူတစ်ယောက်ပုံပါ။ အမေရိကန်ပြည်တွင်းစစ်ကာလက ရိုက်ထားတဲ့ ပုံထဲက လူဟာ ဘရစ္စတိုးကလို့ ဆိုပါတယ်။ ပြည်တွင်းစစ်ဟာ ၁၈၆၁ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး ၄ နှစ်ကြာပါတယ်။ မင်းသားကြီး နီကိုလတ်စ်ကေ့ချ်ကတော့ ပြည်တွင်းစစ်အပြီး နှစ် ၁၀၀ အကြာ ၁၉၆၄ မှာမှ လူဖြစ်လာတာပါ။
(၃) ဆီဗက်စတြာ စတားလုံး

Photo: Brightside
ဒီပုံက မင်းသားကြီး စတားလုံးနဲ့ ရှေးဟောင်းပန်းချီကားထဲက ဆုတောင်းသူတစ်ဦးနဲ့ ဆင်နေပါတယ်။ ခရစ်နှစ် ၆၀၀ တစ်ဝိုက်က စိန့်ဂရီဂိုရီ နဲ့ ပုပ်တွေအကြောင်း ပန်းချီထဲက လူဖြစ်ပါတယ်။
(၄) ကီနူးရိဗ်

Photo: Brightside
၁၈၄၇ ဖွား ပြင်သစ်သရုပ်ဆောင် ပေါ်လ် မွန်းနက်ရဲ့ပုံတူပန်းချီနဲ့ ကီနူးရိဗ်ကို ယှဉ်ပြထားတာပါ။ နှစ်ရာနဲ့ချီ မျိုးဆက်ကွာတဲ့ လူနှစ်ယောက်ရဲ့ပုံဖြစ်ပါတယ်။
(၅) ကွင်းလာတီဖာ

Photo: Brightside
၁၈၉၁ နှစ်ဖွား အမေရိကန်လူမျိုး စာရေးဆရာ ၊ ရုပ်ရှင်ဒါရိုက်တာ ဇိုရာဟာ့စ်တန်နဲ့ ၁၉၇၀ ဖွား အမေရိကန်အဆိုတော် ၊ သရုပ်ဆောင် ကွင်းလာတီဖာတို့ရဲ့ ပုံကို ယှဉ်ပြထားပါတယ်။
(၆) ဘရက်ဒ်ပစ်

Photo: Brightside
မင်းသားကြီး ဘရက်ဒ်ပစ်နဲ့ ဟာမန်းရော့စ်ချက်လို့ ခေါ်တဲ့ ဆွစ်လူမျိုး စိတ်ပညာရှင် စိတ်သရုပ်ခွဲသမားတို့ရဲ့ ပုံဖြစ်ပါတယ်။ ဟာမန်း ရော့စ်ချက်ကို ၁၈၈၄ မှာ မွေးဖွားခဲ့ပြီး ဘရက်ဒ်ပစ်ကို ၁၉၆၃ မှာ မွေးခဲ့တာပါ။
(၇) တွန်မီ လီဂျုံးစ်

Photo: Brightside
၁၇ ဆက်မြောက် အမေရိကန်သမ္မတ အန်ဒရူးဂျွန်ဆင်နဲ့ မင်းသားကြီး တွန်မီလီဂျုံးစ်တို့ရဲ့ ပုံတွေပါ။ ၁၈၀၈ ဖွားနဲ့ ၁၉၄၆ ဖွားတို့ရဲ့ ပုံတွေ ယှဉ်ပြထားတာ ဖြစ်ပါတယ်။
(၈) အလက်စ် ဘော်ဒွင်

Photo: Brightside
အမေရိကန်သရုပ်ဆောင် နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အလက်စ် ဘော်ဒွင် နဲ့ ၁၈၀၀ ပြည့်နှစ် ဖွား ၁၃ ဆက်မြောက် အမေရိကန်သမ္မတ မီလာ့ဒ် ဖီလ်မိုးတို့ရဲ့ ပုံတူပန်းချီကို ယှဉ်ပြထားတာပါ။ ဘော်ဒွင်ဟာ ၁၉၅၈ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။
(၉) တွမ် ဟစ်ဒယ်လ်စတန်

Photo: Brightside
၉၅ ဆက်မြောက် နယူးယော့ခ် မြို့တော်ဝန် ဂျွန် ပါရွိုင်း မစ်ချယ်နဲ့ အင်္ဂလန်မင်းသား တွမ် ဟစ်ဒယ်လ်စတန်တို့ရဲ့ ပုံတွေပါ။
(၁၀) ပီတာ ဒင်းဂလက်ချ်

Photo: Brightside
Games of Thrones စီးရီးမှာ တိုင်ရီယွန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ပီတာဒင်းဂလက်ချ်နဲ့ ၁၆၄၄ ခုနှစ်ဝန်းကျင်က ဆီဘက်စတေရှန် ဒီ မော်ရာရဲ့ ပုံတူပန်းချီကို တွဲပြထားတာပါ။
