အမြင်ရှင်းပြီး သပ်သပ်ရပ်ရပ်ရှိတဲ့အလုပ်စားပွဲလေးက သင့်ကို အလုပ်လုပ်ချင်စိတ် ရှိလာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် သင့်အလုပ်ခန်းသည် ဆူညံ့သံများ ကင်းဝေးရာနေရာတွင် တည်ရှိမှသာ အလုပ်အပေါ်တွင် သေချာအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။
သင့်အလုပ်ခန်းကို သေသေချာချာ Decoration ပြင်လိုက်မယ်ဆိုရင်တော့ ခမ်းနားလှပတဲ့ အလုပ်ခန်းလေးကို ပိုင်ဆိုင်နိုင်ပါတယ်။ ကိုယ့်ရဲ့အလုပ်ခန်းကို ခမ်းနားလှပတဲ့ ဘယ်လိုအပြင်အဆင်တွေနဲ့ ပြင်ဆင်လို့ရမလဲဆိုတာကို စိတ်ဝင်စားနေတဲ့ယောကျာ်းများအတွက် အခန်းအပြင်အဆင်တချို့ကို ဝေမျှပေးလိုက်ရပါတယ်။
ရိုးရှင်းလှပတဲ့ အလုပ်စားပွဲအပြင်အဆင်

နေရာကျယ်ကျယ်ဝန်းဝန်းဖြစ်တယ်ဆိုရင်တော့ ခဏတဖြုတ်အနားယူတဲ့အခါ အညောင်းပြေအညာပြေထိုင်လို့ရအောင် ဆိုဖာခုံလေး ထည့်ထားလိုက်ပါ

အဖြူရောင် အလုပ်ခန်း

မိမိကြိုက်နှစ်သက်ရာ Theme တစ်ခုခု အသုံးပြုကာ အခန်းနံရံကို အလှဆင်ပါ

Indoor Plant နှင့် အလှဆင်ပါ

အမြင်ရှင်းတဲ့ အလုပ်စားပွဲ

မိမိကြိုက်နှစ်သက်ရာ စာသားတစ်ခုခုဖြင့် အခန်းကို အလှဆင်ပါ

ကွန်ပျူတာ တစ်လုံးထက်ပိုပြီး အသုံးပြုရမယ်ဆို ဒီလိုပြင်ဆင်ပါ

အခြားသော အခန်းအပြင်အဆင်များ



သင့်ရဲ့အလုပ်ခန်းကို အခန်းဖွဲ့တဲ့အခါ အလုပ်ခန်းသည် မွန်းကြပ်နေတာမျိုးမဖြစ်ရဘဲ အသက်ရှူချောင်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးဖြစ်ရပါမယ်။ ဒါမှ အလုပ်ကြောင့် စိတ်ဖိစီးတာကတစ်မျိုး၊ အခန်းကြောင့် မွန်းကြပ်တာကတစ်မျိုး ချောင်ပိတ်ပြီး မခံစားရမှာဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ ခမ်းနားလှပတဲ့အခန်းအပြင်အဆင်တွေကို စာဖတ်သူတို့အားလုံး သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။
Source: Manofmany.com
