Morning Workout တွေဟာ အားကစားသမားအများစုအကြိုက် စံလို့တောင် ပြောရပါမယ်။ မိုးမလင်းခင် ဝီရိယကောင်းကောင်းနဲ့ လမ်းပေါ်ထွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေသူတွေ မြင်ဖူးတွေ့ဖူးကြမှာပါ။ မနက်ဘက်ကြီး အခုလို အပင်ပန်းခံပြီး အားကစားလုပ်နေတယ်ဆိုတာ Morning Workout က ကျန်းမာရေးအတွက် လက်တွေ့ကျပြီး သိသာတဲ့ အကျိုးကျေးဇူးပေးမှန်း ခံစားသိရှိကြလို့ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး။
မနက်ဖက်အားကစားထွက်လုပ်တတ်သူတွေအတွက် ပိုပြီးအကျိုးရှိမယ့် နည်းတစ်ခုလည်း ညွှန်းချင်ပါတယ်။ အဲ့ဒါကတော့ မနက်ခင်း အားကစားမလုပ်ခင်မှာ Workout Level ကို ပိုမြှင့်တင်ပေးနိုင်မယ့် အထောက်အကူပြုအစားအစာတွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) သစ်သီးတွေ

eco-bag-with-different-fruits-vegetables-shopping-supermarket

Photo: Freepik

သစ်သီးဝလံတွေက အစာကြေလွယ်တယ်။ အားဖြစ်လွယ်ပါတယ်။ မနက်ဘက်မှာ အူအိမ်ရှင်းဖို့အတွက် အထောက်အကူပြုနိုင်တဲ့ အစားအသောက်ဖြစ်ပါတယ်။

(၂) Smoothies

delicious-strawberry-lemon-smoothie-garnished-with-fresh-strawberry-mint-glass-soft-focus-beautiful-appetizer-pink-strawberry-well-being-weight-loss-concept

Photo: Freepik

Smoothies တွေက နည်းမျိုးစုံ လုပ်စားလို့ရပါတယ်။ အဖက်ဖက်က အကျိုးများတဲ့ အစားအစာလည်း ဖြစ်ပါတယ်။ Smoothies တွေမှာ အသီးတွေ ၊ အရွက်တွေ ၊ ဒိန်ချဉ် ၊ ပရိုတိန်းပေါင်ဒါ ၊ Nut Butter ထောပတ်နဲ့ ချယားလို အစေ့အဆံတွေ ရောစပ်ပြီး ဖျော်စပ်ရတာ ဖြစ်လို့ အာဟာရဓါတ်တွေ စုံစုံလင်လင် ပါရှိပါတယ်။

(၃) Energy Bowls

delicious-corn-flakes-with-berries

Photo: Freepik

Energy Bowl တွေက Smoothie နဲ့ ဆင်ပါတယ်။ အားကစားသမားတွေအတွက် အာဟာရဓါတ်တွေ မြင့်မားတဲ့ ဘယ်ရီသီး ၊ ပင်လယ်စာ ၊ အစေ့အဆံ ၊ ချိစ် နဲ့ ပဲတို့လို Superfoods တွေကိုမှ ပျားရည် ဒါမှမဟုတ် Nut Butter နဲ့ နယ်ထားတာပါ။ သူကတော့ Main Dish ဟင်းပွဲကြီးအနေနဲ့ပါ စားလို့ ရပါတယ်။

(၄) Oatmeal

oatmeal-plates-with-fruits-jam-nuts-cinnamon-coffee-oat-flakes

Photo: Freepik

Oatmeal ကတော့ အားကစားသမားတွေအကြိုက် မနက်စာတစ်ခုပါပဲ။ Oatmeal မှာ ကာဗွန်ဟိုက်ဒရိတ် နဲ့ အမျှင်ဓါတ် ကြွယ်ဝပြီး Energy ပိုတက်စေဖို့ အသီးအနှံတွေ ၊ အစေ့အဆံ နဲ့ နို့တွေပါ ထည့်စားနိုင်ပါတယ်။

(၅) ကြက်ဥ

boiled-eggs-bowl-decorated-with-parsley-leaves

Photo: Freepik

ကြက်ဥက ပေးတဲ့ ကျန်းမာရေးအကျိုးကလည်း ပြောလို့ကို ပြီးမှာ မဟုတ်ပါဘူး။ ကြက်ဥကို ပြုတ်ပဲစားစား ကြော်ပဲစားစား အမျိုးမျိုး လုပ်စားလို့ရပါတယ်။ ကြက်ဥကို မနက်စာအဖြစ် နည်းလမ်းပေါင်းစုံနဲ့ ချက်ပြုတ်စီမံပြီး စားနိုင်ပါတယ်။