အောင်မြင်ကျော်ကြားဖို့အတွက် သင် စိတ်ကူးယဉ်ဖူးပါသလား။ အချို့ယောကျာ်းများအတွက်တော့ ကျိကျိတက်ချမ်းသာခြင်းသည် အောင်မြင်မှုဖြစ်ပြီး အချို့အတွက်ကတော့ ပရဟိတလုပ်ငန်းများ ပြုလုပ်ကာ လူအများကို ကူညီနိုင်ခြင်းကို အောင်မြင်မှုလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

သင့်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ်မှာ မူတည်ပြီး အောင်မြင်ဖို့ရန်အတွက် ကြိုးစားအားထုတ်ခြင်းသည်လည်း ကွဲပြားခြားနားသွားပါလိမ့်မယ်။ ကြိုးစားအားထုတ်မှု နည်းလမ်းများ ဘယ်လောက်ပဲ ကွဲပြားခြားနားသွားပါစေ အောင်မြင်ကျော်ကြားတဲ့သူတွေမှာတော့ အခုဖော်ပြပေးမယ့် အရည်အသွေးများ ပိုင်ဆိုင်ထားကြပါတယ်။

သူတို့ဘာလိုချင်သလဲဆိုတာ သိတယ်

qualities that successful man has

ကမ္ဘာကျော် Walt Disney ကြီးရဲ့ပြောကြားချက်အရ “ကျွန်တော်တို့ရဲ့အိပ်မက်တွေနောက်ကို စီးမျောလိုက်ပါနိုင်တဲ့ သတ္တိမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင် ထိုအိပ်မက်တွေကို အမှန်တကယ်ပြည့်ဝလာအောင် လုပ်ဆောင်နိုင်ပါတယ်” လို့ ပြောထားပါတယ်။ အောင်မြင်ဖို့အတွက် ကြိုးစားနေချိန်မှာ တိကျပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိကိုရှိရပါမယ်။

လက်တွေ့ကျတဲ့ ရည်မှန်းချက်များကို ပိုင်ဆိုင်ထားကြတယ်

qualities that successful man has

မိမိရဲ့အားနည်းချက်ကြောင့် ထိုင်ပြီးတွေဝေကာ စိတ်ပူပန်နေမယ့်အစား မိမိမှာရှိထားတဲ့ ခွန်အားနဲ့ အစွမ်းကုန်ကြိုးစားပြီး အားသာချက်များကို ထိရောက်စွာ အသုံးချတတ်ဖို့လိုပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေနဲ့ လေထဲမှာ တိုက်အိမ် ဆောက်မနေဘဲ လက်တွေ့ဆန်တဲ့ရည်မှန်းချက်မျိုးနဲ့ ရှေ့ကို တစ်ဆင့်ချင်းစီ တက်လှမ်းတက်ဖို့လိုပါတယ်။

ဝေဖန်မှုများကိုလည်း လက်ခံကြိုဆိုတတ်ကြတယ်

qualities that successful man has

လူအများရှေ့မှာ အောင်မြင်စွာ ရပ်တည်နိုင်ဖို့အတွက်ဆိုရင် အသစ်သောအရာများကို လေ့လာသင်ယူဖို့လိုအပ်ပါတယ်။ ထိုကဲ့သို့ လေ့လာသင်ယူဖို့အတွက်ဆိုရင် အရင်ဦးဆုံး နားထောင်တတ်ဖို့လိုပါမယ်။ အောင်မြင်နေတဲ့လူအများသည် အခြားသူများရဲ့အကြံဉာဏ်များ၊ ဝေဖန်မှုများကို အမြဲတစေ နားထောင်ကာ မိမိကိုယ်ကို တိုးတက်လာအောင် ပြုပြင်ပြောင်းလဲတတ်ကြပါတယ်။

အာရုံပျံ့လွှင့်မသွားစေဘဲ အာရုံစူးစိုက်နိုင်စွမ်းအား မြင့်မားကြတယ်

qualities that successful man has

ကိစ္စအမြောက်အမြားကို တစ်ချိန်တည်းမှာပဲ အာရုံစူးစိုက်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အောင်မြင်တဲ့လူတွေကတော့ သူတို့ရည်မှန်းချက်ပန်းတိုင်ဆီသို့ ရောက်ရှိဖို့ရန်အတွက် ကူညီပေးမယ့်အရာများကို အာရုံစိုက်နိုင်စွမ်း မြင့်မားကြပါတယ်။

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို ဘက်စကပ်ဘောကစားသမားတစ်ဦးလည်းဖြစ်တဲ့ Michael Jordan သည် “အချို့လူတွေက သူတို့ရဲ့ရည်မှန်းချက်တွေ ပြည့်ဝလာဖို့ရန်အတွက် ဆုတောင်းနေကြချိန်မှာ အချို့လူတွေကတော့ အမှန်တကယ်ဖြစ်မြောက်လာအောင် ကြိုးစားကြတယ်” လို့ ပြောကြားထားပါတယ်။

သူတို့သည် စိတ်ရှည်ပြီး လုံ့လ ဝီရိယ ရှိကြတယ်

qualities that successful man has

အောင်မြင်မှုအတွက် အဓိကသော့ချက်သည် စိတ်ရှည်ခြင်းနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိခြင်းတို့ပဲဖြစ်ပါတယ်။ “တစ်စုံတစ်ခုသည် သင့်အတွက် အင်မတန်အရေးကြီးတယ်ဆိုရင် ဘယ်လိုအခက်အခဲ၊ အတားအဆီး၊ အနှောင့်အယှက်များ ရှိနေပါစေ ဆုံးခန်းတိုင်တဲ့အထိ သင် ပြုလုပ်သင့်တယ်” လို့ Elon Musk က ပြောကြားထားပါတယ်။

မကောင်းတဲ့စိတ်ခံစားချက်များကို ဖယ်ရှားပစ်တတ်ကြတယ်

qualities that successful man has

အောင်မြင်တဲ့လူတွေသည် သူတို့ရဲ့မကောင်းမြင်စိတ်များကို ဘယ်လိုဖယ်ရှားရမလဲဆိုတာကို သိကြပါတယ်။ သူတို့ရဲ့မကောင်းမြင်စိတ်များ၊ စိတ်ခံစားချက်ဆိုးများသည် သူတို့၏ အလုပ်နှင့် ရည်မှန်းချက်များကို ထိခိုက်မလာအောင် ကြိုးစားတတ်ကြပါတယ်။ “အခက်အခဲတိုင်းရဲ့အဆုံးသတ်မှာ အခွင့်အလမ်းများ တည်ရှိနေတယ်” လို့ Albert Einstein က ပြောကြားထားပါတယ်။

Source: Inc.com