ပေါ့ပေါ့ပါးပါးလောက် သောက်တတ်တဲ့ ယောင်္ကျားတွေအနေနဲ့ သောက်စရာယမကာတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ ယောင်္ကျားတွေအကြိုက် သိပ်မပြင်းလှတဲ့ ယမကာတချို့အကြောင်း ဖော်ပြလိုက်ပါတယ်။
(၁) ဘီယာ
Photo: Unsplash
ယမကာတွေထဲမှာ ဘီယာကလည်း အတော်ကြီး ရှေးကျပြီး လူ့အဖွဲ့အစည်းမှာ လူတန်းစားပေါင်းစုံ နှစ်သက်ကြတဲ့ ယမကာထဲမှာ ပါပါတယ်။ ဘီယာကို စွဲစွဲမြဲမြဲသောက်ပြီး ဘီယာကြိုက်ကြတဲ့ သူတွေအဖို့ ဘီယာကို စားစရာအရည် Liquid Meal လို့တောင် ဟာသစွက်ပြီး ပြောလေ့ရှိကြပါတယ်။ ဘီယာမှာ ပါတဲ့ အယ်လ်ကိုဟောဟာ ယောင်္ကျားရင့်မကြီးအဖို့ သိပ်ပြင်းလှတယ် မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘော်ဒါတစ်စုနဲ့ ရွှင်ကြည်မြူးထူးတဲ့ညနေတွေကို ဖြတ်သန်းဖို့ဆို ဘီယာက အကောင်းဆုံးအဖော်မွန်ပါပဲ။
(၂) ဂျင်တိုးနစ်
Photo: Unsplash
Gin နဲ့ Tonic Water ၁ အချိုး ၁ ရောစပ်ထားပြီး သံပရာသီးတစ်ခြမ်းနဲ့ ဆို ဂျင်တိုးနစ်ဖြစ်ပါပြီ။ ဂျင်တိုးနစ်တွေကို ဗြိတိသျှစစ်သားတွေဟာ အိန္ဒိယမှာ စပြီး မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီယမကာကို စစ်အတွင်း ငှက်ဖျားမဖြစ်အောင် ကာကွယ်ဖို့ တိုးနစ်ရေထဲ ကွီနိုင်ရဲ့ အခါးဓါတ်ကို သက်သာအောင် ဂျင်နဲ့ရောသောက်ရာကနေ ဂျင်တိုးနစ်ဆိုပြီး ဖြစ်လာတာပါ။ အခုတော့ ဆေးလည်း ယမကာ ၊ ယမကာလည်း ဆေးဖြစ်သွားပြီ ဖြစ်ပါတယ်။
(၃) ရမ်ကိုလာ
Photo: Unsplash
နာမည်အတိုင်းပါပဲ။ ရမ်နဲ့ကိုလာရောထားတဲ့ ယမကာမျိုး ဖြစ်ပါတယ်။ ကာရစ်ဘီယံရမ်နဲ့ ကိုလာကို ရောစပ်ပြီး သောက်ရတာပါ။ ဂျင်တိုးနစ်လိုပဲ ရေခဲလေး ၊ သံပရာခြမ်းလေးနဲ့ တွဲဖက်သောက်ရတာပါ။ သောက်ရတာ ခါးချိုချဉ်နဲ့ အရသာတစ်မျိုးထူးပါတယ်။
(၄) Mojito
Photo: Unsplash
Mojito ဟာ ပူလစ်ဇာဆုရ ကမ္ဘာကျော်စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးအကြိုက်ဆုံး ကော့တေးထဲက တစ်ခု ဖြစ်ပါတယ်။ ဝီစကီလို အပြင်းစားကြီး မဟုတ်တော့ သောက်ရတာ ငြိမ့်ပြီး စဉ်းစားလို့ကောင်းတော့ အိုင်ဒီယာနဲ့ လုပ်ရတဲ့ စာရေးခြင်းအတွက် အထောက်အကူပြုခဲ့တဲ့ပုံပါပဲ။ Mojito လုပ်ဖို့ ဘာမှ မခက်ပါဘူး။ ရမ်အဖြူ ၊ ဆိုဒါနဲ့ ပူစီနံအရွက်ရယ် ၊ သံပရာသီးအနည်းငယ်နဲ့ ရေခဲတချို့ပဲ လိုပါတယ်။