Hangxiety ဆိုတာ အရက်နာကျပြီးနောက် ကြုံရတဲ့ စိတ်ရှုပ်ထွေးမှုတစ်မျိုးကို ပြောတာပါ။ အရက်ဟာ ယာယီ ယုံကြည်မှုမြင့်တက်အောင် လုပ်နိုင်ပြီး သောက်ရင်းနဲ့ အရှိန်ပါလို့ ပါသွားမှန်း မသိအောင် ဆွဲဆောင်နိုင်ပါတယ်။ ဒီလိုနဲ့ အရက်သောက်ပြီးတဲ့ နောက်တစ်နေ့ အိပ်ရာက ထချိန်မှာ ခေါင်းထဲ အုံထူနေပြီး စိတ်တွေ နောက်ကျိရှုပ်ထွေးနေတတ်ပါတယ်။ ဒါကိုပဲ Hangxiety လို့ ခေါ်တာ ဖြစ်ပါတယ်။

Hangxiety ဝင်တဲ့လူတစ်ယောက်ဟာ စိတ်ခံစားလွယ်နေမယ်။ သည်းခံစိတ်နည်းနေပြီး သာမန်ကိစ္စလေးတွေပေါ်မှာ အာရုံစိုက်လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။ သောက်ခဲ့တဲ့ညက ကိစ္စတွေအတွက် ရှက်တာ ၊ စိုးရိမ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Hangxiety ဝင်နေရင် အခုပြောတဲ့ နည်းလေးတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

(၁) အသက်ရှုမှုပေါ် အာရုံစိုက်ပါ

Meditation

Photo: Unsplash

သောက်လာပြီး နောက်တစ်ရက် ခေါင်းတွေ နောက်ကျိနေရင် အိပ်ရာက ထတာနဲ့ တိတ်ဆိတ်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အသက်ရှုလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ မျက်လုံးကို အသာမှိတ်ထားပြီး သက်တောင့်သက်သာအနေအထားနဲ့ အသက်ရှုရမှာပါ။ ရှုရမယ့်နည်းက အသက်ပြင်းပြင်း ၁၀ စက္ကန့်ကြာအောင် ရှုပြီး ရပ်ထားရမှာပါ။ ပြီးရင် ၃ စက္ကန့်လောက် အသက်အောင့်ထားပြီး ၇ စက္ကန့်ကြာအောင် အသက်ရှုထုတ်သွားရမှာ ဖြစ်ပါတယ်။ ဒါမျိုးကို ၆ ကြိမ်ကနေ ၉ ကြိမ် လုပ်နိုင်ပါတယ်။ ဒီနည်းက Hangxiety ကြောင့် ဖြစ်တဲ့ အာရုံကြောဓါတုစနစ် ကမောက်မကဖြစ်ရပ်တွေကို ငြိမ်သက်စေနိုင်ပါတယ်။

(၂) လှုပ်လှုပ်ရှားရှား နေထိုင်ပါ

man exercise

Photo: Unsplash

အားကစားလုပ်တာဟာ ဦးနှောက်ကနေ ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ဖြစ်စေနိုင်တဲ့ Endorphins တွေ ထုတ်ပေးနိုင်ပါတယ်။ အားကစားလုပ်တယ်ဆိုလို့ Gym ကို ထသွားပြီး ဝိတ်တွေမတာ ၊ ချွေးတွေ ထွက်အောင် Workout ကစားတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ ဒီလို အပြင်းကြီးတွေ လုပ်ရင် အန်ထွက်သွားနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်မယ့် လမ်းလျှောက်တာ ၊ ပြေးတာ ၊ ယောဂကစားတာ ၊ ကခုန်တာလောက်ပဲ လုပ်ရင် အဆင်ပြေပါတယ်။

(၃) ရေဓါတ် ဖြည့်တင်းပါ

hydrate your body

Photo: Unsplash

အယ်လ်ကိုဟောက အရည်ဆိုပေမယ့် ခန္ဓာကိုယ်ထဲက ရေတွေ စုပ်ယူပြီး ရေဓါတ်ခမ်းခြောက်စေနိုင်ပါတယ်။ အာခံတွင်းနဲ့ ပါးစပ်တွေ ခြောက်ကပ်နိုင်ပါတယ်။ အရက်သောက်ကတည်းက ရေဓါတ်ခမ်းခြောက်မှုကို ဖြေရှင်းနိုင်ဖို့ အရက်တစ်ခွက်သောက်တိုင်း ရေတစ်ဖန်ခွက်သောက်ဖို့ အကြံပေးချင်ပါတယ်။ နောက်တစ်နေ့ အိပ်ရာက ထရင်လည်း ရေများများသောက်ပေးဖို့ လိုပါတယ်။

(၄) အိပ်ရေးဝအောင် လုပ်ပါ

man sleeping

Photo: Unsplash

Hangxiety ဝင်ရင် လူက နုံးသွားတတ်ပါတယ်။ အိပ်စက်ပြီး အားပြန်ဖြည့်ပေးတာ ကောင်းပါတယ်။ အိပ်ချိန် ၇ နာရီကြာ ဖြစ်အောင် ဂရုစိုက်ပါ။ အိပ်ခါနီး အိပ်လို့ကောင်းအောင် စာတစ်အုပ်ဖတ်တာ ၊ Podcast တစ်ခု နားထောင်တာ ၊ ရေချိုးတာမျိုး လုပ်ပေးသင့်ပါတယ်။ အိပ်ရာမဝင်ခင် နာရီဝက်လောက် ဒီလို လုပ်ပေးတာက အိပ်လို့ကောင်းအောင် ပြင်ဆင်လိုက်တာပါပဲ။

(၅) လစ်မစ်နဲ့ သောက်ပါ

man make cheering

Photo: Unsplash

Hangxiety မဖြစ်ချင်ရင် အစကတည်းက သောက်ချိန်မှာ လစ်မစ်ထားဖို့ပါပဲ။ အရက်များများ သောက်လေလေ Hangxiety လက္ခဏာဝင်နိုင်ဖို့ အလားအလာ များလေလေ ဖြစ်တတ်ပါတယ်။ Limit နဲ့ ကိုယ် သောက်ပါ။ သောက်တိုင်း ရေတစ်ဖန်ခွက်ပါ နောက်ကလိုက်ပြီး သောက်ပေးပါ။ အရက်ဆိုတာ ချိန်ချိန်ဆဆ သောက်နိုင်မှ ဆိုးကျိုးနည်းမှာ ဖြစ်ပါတယ်။