Detox လုပ်တယ်ဆိုတာ အလွယ်ပြောရရင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားလိုက်တာပါပဲ။ တကယ်တော့ ခန္ဓာကိုယ်ဆိုရာမှာ ရုပ်ပိုင်းရော စိတ်ပိုင်းရောလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ လောလောဆယ် တစ်ကမ္ဘာလုံးမှာ ကျန်းမာရေးကပ်ဘေးကြီးက ကြောက်စရာကောင်းလောက်အောင် ခြိမ်းခြောက်နေတာ ဖြစ်လို့ အိမ်မှာ နေရင်း Detox လုပ်နိုင်မယ့် နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ရေသောက်ပါ

drink-water

Photo: apetogentleman

ရေသောက်တာဟာ ကျောက်ကပ်ကနေတစ်ဆင့် ကိုယ်တွင်းထဲက မလိုတဲ့အရာတွေ ဖယ်ရှားဖို့ အကောင်းဆုံးနည်းပါပဲ။ တစ်နေ့ အနည်းဆုံး ရေ ၂ လီတာတော့ သောက်ဖြစ်အောင် သောက်ပါ။ အိမ်မှာနေရင်း အလုပ်လုပ်ရတဲ့သူဆို အနားမှာ ရေတကောင်းထားပြီး အလုပ်လုပ်ပါ။ အာခြောက်လာတိုင်း ရေသောက်ပါ။ ရေသောက်တာဟာ မှတ်ဉာဏ်ကောင်းမွန်စေခြင်းကနေ အသားအရေလှခြင်းအထိ အကျိုးပြုပါတယ်။

(၂) အိပ်ရေး မပျက်ပါစေနဲ့

How To Sleep Better

Photo: apetogentleman

Sleep Routine လို့ ခေါ်တဲ့ အိပ်စက်တဲ့အလေ့အထက ကျန်းမာရေးပေါ် သက်ရောက်မှုရှိပါတယ်။ ဆရာဝန်တွေက တစ်ရက်ကို ၇ နာရီကနေ ၈ နာရီအထိ အိပ်ပေးဖို့ အကြံပေးထားပါတယ်။ အိပ်စက်မှုအရည်အသွေး ကျဆင်းခြင်းဟာ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။
အိပ်ရေးမပျက်စေဖို့ အိပ်ချိန်မှန်အောင်ထားပါ။ ကဖိန်းဓါတ် သောက်သုံးမှု ကန့်သတ်ပါ။ အရက်သေစာ သောက်စားမှု လျှော့ပါ။ Screen Time နဲ့ အိပ်ရာဝင်ချိန် Bed Time အကြား စည်းကမ်းထားပါ။ အိပ်လို့ကောင်းမယ့် ပတ်ဝန်းကျင်ဖြစ်အောင် ကိုယ့်အခန်းကို ပြင်ဆင်ထားပါ။

(၃) သဘာဝဆန်ဆန် ပိုစားပါ

healthy-food

Photo: apetogentleman

သဘာဝဆန်တဲ့ အစားအသောက်ဆိုတာ ပြုပြင်စီရင်မထားတဲ့ ၊ တာရှည်ခံ Ready Made Food တွေ မဟုတ်တဲ့ လတ်ဆတ်သန့်ရှင်းတဲ့ ဟင်းလျာတွေကို ပြောတာပါ။ Detoxing ဖြစ်ဖို့အတွက်ဆို အဆီ ၊ အငန်နဲ့ သကြားစားသုံးမှု လျှော့ထားပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားပေးပါ။ အသီးအနှံတွေနဲ့ အစိမ်းစားနိုင်မယ့် အသီးအရွက်တွေ တိုးစားပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ ကိုယ်အလေးချိန် ပိုကောင်းလာပါလိမ့်မယ်။

(၄) ချွေးထွက်အောင် လှုပ်ရှားပါ

yoga

Photo: apetogentleman

အားကစားလုပ်တာ မခက်ပါဘူး။ အိမ်ထဲမှာတင် လုပ်လို့ရတဲ့ အားကစားတွေ အများကြီး ရှိပါတယ်။ Plank ထောက်တာ ၊ Push-Up လုပ်တာ ၊ Stretching လျှော့တာ ၊ ယောဂကစားတာမျိုးတွေဆို YouTube ကနေ ကြည့်ပြီး လိုက်လုပ်လို့ ရပါတယ်။ လှုပ်ရှားသွက်လက်မှု ရှိတာက စိတ်ရော ရုပ်ပါ ကြည်လင်ရွှင်လန်းစေနိုင်ပါတယ်။ အိမ်မှာနေရင်း စိတ်ဖိစီးမှုတွေ လျှော့ချဖို့အတွက်လည်း အသက်ရှုလေ့ကျင့်ခန်းလုပ်တာ ၊ တရားထိုင်တာမျိုးလည်း လုပ်ပေးသင့်ပါတယ်။