ကိစ္စတစ်ခုခု မလုပ်ဆောင်ရခင်မှာ ကြိုတင်ကာ ပူပန်တွေးတောပြီး စိုးရိမ်စိတ်လွန်ကဲတတ်ပါသလား။ ထိုကဲ့သို့ စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်လှုပ်ရှားမှု လွန်ကဲခြင်းသည် တဖြည်းဖြည်းကြာလာတဲ့အခါ စိတ်ဖိစီးမှုအဖြစ် ပြောင်းလဲသွားပါတယ်။ မိမိရဲ့စိတ်ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးတတ်တဲ့ စိုးရိမ်စိတ်လွန်ကဲခြင်းကို ဘယ်လိုဖြေလျော့ရမလဲ။

မိမိစိတ်ကို ဖြေလျော့ထားပါ

man listening to music

သီချင်းနားထောင်ခြင်း၊ တရားထိုင်ခြင်း၊ အနှိပ်ခံခြင်း၊ ယောဂကျင့်ခြင်း အစရှိတဲ့ နည်းလမ်းများသည် သင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ခေါင်းအေးအေးနဲ့ စဉ်းစားနိုင်အောင် အတွေးမလွန်အောင် ကူညီပေးပါတယ်။

အာဟာရ မျှတသောအစားအစာများ စားသုံးပါ

food for men

မနက်စာ ရှောင်ခြင်း၊ အလုပ်များလို့ နေ့လည်စာ လွတ်သွားခြင်း အစရှိတဲ့အလေ့အကျင့်များသည် ကောင်းသောအလေ့အကျင့်မဟုတ်ပါဘူး။ အစားအစာများကို အာဟာရ သင့်တင့်မျှတစွာ စားသုံးကာ ကျန်းမာအောင် နေထိုင်ရပါမယ်။

အယ်လ်ကိုဟောနှင့် ကာဖိန်းဓာတ်ကို လျော့ချပါ

alcohol

ကာဖိန်းဓာတ်များ လွန်ကဲစွာပါဝင်တဲ့ အယ်လ်ကိုဟော၊ ကော်ဖီ အစရှိသည်တို့ကို လျော့သောက်ပေးပါ။ ကာဖိန်းဓာတ်များက နှလုံးခုန်မြန်အောင် လုပ်ဆောင်ပေးပြီး စိတ်လှုပ်ရှားမှုကို ပိုမိုလွန်ကဲစေပါလိမ့်မယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

man exercising

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် သင့်ရဲ့ကိုယ်ခန္ဓာ ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း အင်မတန်အရေးကြီးပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်သောသူသည် အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်ပြီး စိတ်လက်ရွှင်လန်းကျန်းမာစေပါတယ်။

အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ

man breathing exercise

တစ်စုံတစ်ခုကြောင့် စိတ်လှုပ်ရှားလာပြီဆိုရင် ၁ ကနေ ၁၀ အထိ ဖြည်းဖြည်းမှန်မှန်လေး ရေတွက်ကာ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ကြည့်လိုက်ပါ။ ၁၀ အထိ စိတ်မငြိမ်သေးဘူးဆိုရင် ၂၀ အထိ တိုးလုပ်ကြည့်ပါ။

အကောင်းဆုံးလုပ်ဆောင်ပါ

Tips to Manage Anxiety and Stress for Men

ငါ လုပ်လိုက်တာက ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံပါ့မလားဆိုပြီး ကြိုတင်မစိုးရိမ်ပါနဲ့။ ဖြစ်လာသမျှကို မိမိတတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်မယ်ဆိုပြီးသာ သတ်မှတ်ထားလိုက်ပါ။ အရာရာ အဆင်ပြေသွားပါလိမ့်မယ်။

အာရုံလွှဲပါ

Tips to Manage Anxiety and Stress for Men

ဟာသဇာတ်ကားလေးများ ကြည့်ရှုခြင်းဖြင့်လည်း သင့်ရဲ့အာရုံကို လှည့်စားနိုင်ပါတယ်။ ဒါမှ စိတ်ပူပန်မှုကို ဖြစ်စေတဲ့အရာအပေါ် စိတ်ရောက်နေမှာမဟုတ်တော့ဘဲ သင့်မျက်နှာမှာ အပြုံးပန်း ပြန်လည်ပွင့်လန်းလာပါလိမ့်မယ်။

Source: Adaa.org