အခုလို Stay At Home နေနေချိန်မှာ Gun တစ်လက် ဝယ်ထားဖို့ အကြံပေးချင်ပါတယ်။ အခုပြောမယ့် Gun က ရိုးရိုး Gun မဟုတ်ပါဘူး။ အနှိပ်သေနတ် Massage Gun ပါ။

Massage Gun ဆိုတာ အလွယ်ပြောရရင် လက်ကိုင်အနှိပ်စက်တစ်မျိုး ဖြစ်ပါတယ်။ Massage Gun တွေက အရွယ်အစားမျိုးစုံ ၊ ပုံသဏ္ဍာန်နဲ့ မော်ဒယ်မျိုးစုံ ထွက်ပါတယ်။ Massage Gun ရဲ့ အလုပ်က နှိပ်ပြီး အကြောတွေ ဖြေလျှော့ပေးတာပါပဲ။ ပုံမှန်ကတော့ ဒီပစ္စည်းကို ကိုယ့်ဘာသာ နှိပ်ရာမှာလည်း သုံးနိုင်သလို တခြားသူတစ်ယောက်ကို ပေးပြီးလည်း နှိပ်ခိုင်းလို့ရပါတယ်။

massage-gun-massage

Photo: apetogentleman

အားကစားလုပ်တဲ့သူတွေလည်း သုံးကြသလို အညောင်းမိလွယ်သူတွေ ၊ ရုံးသမားတွေနဲ့ သက်ကြီးရွယ်အိုပိုင်းတွေလည်း သုံးနိုင်ပါတယ်။ လက်ပြင်တို့ နောက်ကျောတို့လို နေရာတွေမှာ နှိပ်ဖို့တော့ လူအကူလိုမှာပါ။ Massage Gun ဟာ ကြွက်သားတွေထဲ သွေးစီးဆင်းမှုကို တိုးတက်စေဖို့ ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီလို ကြွက်သားထဲ သွေးအသစ်တွေ ရောက်စေခြင်းအားဖြင့် အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ ရောက်ရှိစေပြီး ကြွက်သားလည်း ဖွံ့ဖြိုးစေသလို အညောင်းလည်း ပြေစေပါတယ်။

ကျန်းမာရေးအမြင်အရ ပြောမယ်ဆိုရင် အားကစားလုပ်ပေးပြီး Massage Gun သုံးတာဟာ ကြွက်သားထဲ ဖွဲ့စည်းနေတဲ့ Metabolites လို့ခေါ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားရာမှာ အထောက်အကူဖြစ်ပါတယ်။ အားကစားလုပ်ပြီး Post-Workout Burning အာရုံခံမှု မြင့်အောင်လည်း ကူညီပေးပါတယ်။ တကယ်တော့ Massage Gun ဟာ Gym ကစားသူတွေ နဲ့ အားကစားသမားတွေအတွက်ပဲ အကျိုးများတာ မဟုတ်ပါဘူး။

CMPND Fitness

Photo: CMPND Fitness

နာတာရှည် ကျောနာ ၊ ကြွက်သားနာကျင်တဲ့သူတွေ ၊ တစ်နေကုန် ထိုင်ခုံမှာ တောက်လျှောက်ထိုင်လာသူတွေမှာ Massage Gun သုံးပေးတာဟာ ချက်ချင်းဆိုသလို သိသာစေတဲ့ အကျိုးကျေးဇူးပြပါတယ်။ အထိုင်အထ လေးလံတာ ၊ ညောင်းညာကိုက်ခဲတာတွေ မိနစ်ပိုင်းအတွင်း သက်သာပြေလျော့စေပါတယ်။ အခုလို COVID-19 ကာလ အိမ်တွင်းအောင်းပြီး အညောင်းမိနေတဲ့အချိန်မျိုးမှာ အနှိပ်ခန်းတွေ သွားဖို့ မဖြစ်နိုင်တာကြောင့် Massage Gun လေး တစ်လက်ရှိတာ အကောင်းဆုံးပါပဲ။