အိမ်မှာနေတာကြာလို့ ပျင်းရိထိုင်းမှိုင်းနေတယ် ခံစားရသူတွေအတွက် အလွယ်ဆုံးလုပ်နိုင်မယ့် နိုးကြားစေမယ့်နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။
(၁) ကဖိန်း

Photo: Unsplash
ကဖိန်းဓါတ်ဟာ လူကို နိုးကြားတက်ကြွစေပါတယ်။ ကဖိန်းဓါတ်ဆိုတာနဲ့ ကော်ဖီချည်း မြင်လို့တော့ မရပါဘူး။ ကော်ဖီအပြင် ကဖိန်းဓါတ်ပါတဲ့ အစားအသောက်တွေထဲမှာ Energy Drink ၊ လက်ဖက်ရည်တို့လည်း ပါပါတယ်။ ကဖိန်းဓါတ်ဟာ လူ့ကိုယ်ထဲမှာ ၂ နာရီကနေ ၃ နာရီလောက်အထိ ခံပါတယ်။ ကျန်းမာရေးနဲ့ ညီလှတယ်လို့တော့လည်း ပြောလို့ မရပါဘူး။
(၂) ပီကေ

Photo: Unsplash
ပီကေဝါးရင်လည်း ငိုက်မြည်းတာ ပျောက်ပါတယ်။ ပီကေဝါးတာက မျက်နှာကြွက်သားတွေ နှိုးဆွပေးရာကနေ ခေါင်းထဲ သွေးစီးဆင်းမှု ပိုတိုးစေတာကြောင့် တက်ကြွရွှင်လန်းမှု ဖြစ်စေတာပါ။
(၃) လေ့ကျင့်ခန်းလုပ်ခြင်း
Photo: Unsplash
ထိုင်းမှိုင်းနေရင် အားကစားကောက်လုပ်ကြည့်ပါ။ အားကစားလုပ်တာက နှလုံးခုန်နှုန်း တိုးစေပြီး ဦးနှောက်ထဲ သွေးအရောက် ပိုများစေလို့ ဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ အေရိုးဗစ်လို ၊ အကြောလျှော့တို့ ယောဂတို့လို လေ့ကျင့်ခန်းလေးတွေနဲ့တင် ထိုင်းမှိုင်းတာ ပြေပျောက်သွားနိုင်ပါတယ်။
(၄) သီချင်းနားထောင်ခြင်း

Photo: Unsplash
အသံတွေက သင့်ကို နိုးကြားစေနိုင်စွမ်း ရှိပါတယ်။ ကျယ်လောင်မြူးကြွတဲ့ တေးသီချင်းသံဟာ ဦးနှောက်ထဲက အကြားအာရုံကို တက်ကြွရွှင်လန်းလာအောင် နှိုးဆွပေးပါတယ်။ အိပ်ချင်လာရင် နားကြပ်လေးတပ်ပေးပြီး တီးလုံးသွက်သွက် သံစဉ်မြူးမြူးနဲ့ သီချင်းတွေ နားထောင်ပေးသင့်ပါတယ်။

