အာရှမှာဆိုရင် ဟောင်ကောင်၊ ရှန်ဟိုင်း၊ တိုကျိုနှင့် စင်ကာပူမြို့ကြီးများသည် နေစရိတ်၊ စားစရိတ်အများဆုံး ကုန်ကျသော မြို့ကြီးများထဲတွင် ပါဝင်ပြီး အနောက်နိုင်ငံများတွင်တော့ နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်၊ လန်ဒန်နှင့် ပါရီမြို့ကြီးများသည် ဈေးအကြီးဆုံးမြို့ကြီးများထဲတွင် ပါဝင်ပါတယ်။
သင့်အနေနဲ့ ဈေးသက်သက်သာသာနဲ့ ခမ်းနားကြီးကျယ်ပြီး လူနေမှုအဆင့်အတန်းမြင့်မြင့်နေချင်တယ်ဆိုရင်တော့ ထိုမြို့ကြီးများကို မရွေးချယ်သင့်ပါဘူး။
ကမ္ဘာပေါ်တွင် နေထိုင်မှုစရိတ် အများအပြားကုန်ကျစေမယ့် မြို့ကြီးတွေကို ၁၅ ကနေ ၁ အထိ အစဉ်လိုက် စီကြည့်တဲ့အခါ …
(၁၅) စစ်ဒနီ

သြစတျေးလျနိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ စစ်ဒနီမြို့ကြီးသည် စစ်တမ်းများအရ ကမ္ဘာ့ဈေးအကြီးဆုံးမြို့ကြီးများထဲတွင် (၁၅) နိုင်ငံမြောက် နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Business Class လေယာဉ်လက်မှတ်များ ဈေးအကြီးဆုံးဖြစ်ပြီး လေဆာမျက်စိခွဲစိတ်မှုကတော့ တတိယမြောက်ဈေးအကြီးဆုံးမြို့ပဲဖြစ်ပါတယ်။
(၁၄) ဗီယင်နာ

သြစတြီးလျနိုင်ငံရဲ့ ဗီယင်နာမြို့တော်ကတော့ ဝိုင်အကောင်းစား ဝယ်ယူဖို့ရန်အတွက် ပဉ္စမမြောက် ဈေးအကြီးဆုံးပဲဖြစ်ပါတယ်။
(၁၃) မိုင်ယာမီ

ဒီမြို့ကတော့ စန္ဒယား ဝယ်ယူဖို့နဲ့ Personal Trainer ငှားရမ်းဖို့ရန်အတွက် ဒုတိယမြောက်ဈေးအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။
(၁၂) ပါရီ (သို့) ပဲရစ်

ဒီဇိုင်နာအဝတ်အစားများ၊ ဒီဇိုင်နာလက်ကိုင်အိတ်များကို အလွယ်တကူရရှိနိုင်တယ်ဆိုပေမယ့် Fine Dining နဲ့ သုံးဆောင်မယ်ဆိုရင်တော့ ဈေးအကြီးဆုံးမြို့တစ်မြို့ပါပဲ။
(၁၁) ဘန်ကောက်

အမျိုးသမီးဝတ် အဝတ်အစားများ၊ အမျိုးသားဝတ် ဖိနပ်များ ဝယ်ယူမယ်ဆိုရင်တော့ ဘန်ကောက်မြို့သည် ဈေးအကြီးဆုံးမြို့ပဲဖြစ်ပါတယ်။
(၁၀) မိုနာကို

မြို့သေးသေးလေး ဆိုပေမယ့် သူ့ရဲ့အိမ်ခြံမြေဈေးကွက်ကတော့ ဈေးတော်တော်မြှောက်ပါတယ်။ ဒါပေမဲ့ ဝီစကီနှင့် အမျိုးသမီးအသုံးအဆောင် လက်ကိုင်အိတ်တွေကတော့ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။
(၉) ဇူးရစ်ခ်

ဆွစ်ဇာလန်နိုင်ငံရဲ့ မြို့တော် ဇူးရစ်ခ်မြို့သည် အင်မတန်လှပပြီး နေရထိုင်ရ အလွန်ဇိမ်ကျတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ အလှအပဝန်ဆောင်မှုနှင့် Personal Trainers ငှားရမ်းမှုနှင့် ပတ်သက်လျှင်တော့ စတုတ္ထမြောက်ဈေးအကြီးဆုံးမြို့ဖြစ်ပေမယ့် ထူးကဲကောင်းမွန်သော ဝိုင်နှင့် လက်ဝတ်လက်စားများကိုတော့ ဈေးသက်သက်သာသာနှင့် ဝယ်ယူနိုင်ပါတယ်။
(၈) တိုင်ပေ

တိုင်ပေမြို့ကတော့ စန္ဒာယားဝယ်မယ်ဆိုလျှင် ဈေးအကြီးဆုံးမြို့ဖြစ်ပြီး ကား ဝယ်မယ်ဆိုရင်တော့ ပဉ္စမမြောက် ဈေးအကြီးဆုံးပဲဖြစ်ပါတယ်။
(၇) လန်ဒန်

ဒီမြို့ကတော့ လေဆာဖြင့် မျက်စိခွဲစိတ်ကုသမှု ပြုလုပ်မယ်ဆိုရင် ဈေးအကြီးဆုံးဖြစ်ပြီး တိုက်ခန်းနှင့် အိမ်ခြံမြေဈေးကွက်သည်လည်း တတိယမြောက်ဈေးအကြီးဆုံးမြို့ဖြစ်ပါတယ်။
(၆) လော့စ်အိန်ဂျလိစ်

ဒီမြို့သည်လည်း Business Class လေယာဉ်လက်မှတ်များ အင်မတန်ဈေးကြီးပြီး Personal Trainers ငှားရမ်းမယ်ဆိုရင်တော့ တတိယဈေးအကြီးဆုံးပါ။ ဒါ့အပြင် မင်္ဂလာဆောင်ပွဲကျင်းပမယ်ဆိုရင်တော့ စတုတ္ထမြောက် ဈေးအကြီးဆုံးပဲဖြစ်ပါတယ်။
(၅) စင်ကာပူ

ကားဝယ်မယ်ဆိုရင် စင်ကာပူနိုင်ငံသည် ဈေးအကြီးဆုံးဖြစ်ပြီး Fine Dining နဲ့ သုံးဆောင်မယ်ဆိုရင်တော့ တတိယမြောက်ဈေးအကြီးဆုံးပါပဲ။
(၄) နယူးယော့ခ်

နယူးယော့ခ်မြို့သည် ကားဝယ်ဖို့နှင့် ဝီစကီဝယ်ရာတွင် ဈေးသက်သာကောင်း သက်သာပေမယ့် Personal Trainer ငှားရမ်းခြင်းနှင့် မင်္ဂလာဆောင်ပွဲကျင်းပမယ်ဆိုရင်တော့ ဈေးတော်တော်မြှောက်ပါတယ်။
(၃) တိုကျို

ဟော်တယ်ငှားရမ်းတဲ့အခါ Suite အခန်းနဲ့ နေမယ်ဆိုရင် တိုကျိုမြို့သည် ဈေးအကြီးဆုံးဖြစ်ပြီး အမျိုးသမီးဝတ်ဖိနပ်များ ဝယ်ယူမယ်ဆိုရင်တော့ ဒုတိယဈေးအကြီးဆုံးပါ။
(၂) ရှန်ဟိုင်း

ရှန်ဟိုင်းမှာ ကား ဝယ်ခြင်းနှင့် ရှေ့နေငှားရမ်းခြင်းသည် ဒုတိယဈေးအကြီးဆုံးမြို့ထဲတွင် ပါဝင်ပြီး ဇိမ်ခံနာရီ ဝယ်မယ်ဆိုရင်တော့ တတိယဈေးအကြီးဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။
(၁) ဟောင်ကောင်

ဟော်ကောင်ကတော့ Fine Dining နဲ့ သုံးဆောင်ချင်တာလား။ ဒါဆိုရင်တော့ ဒုတိယဈေးအကြီးဆုံးမြို့ပါ။ ရှေ့နေငှားရမ်းမယ်ဆိုရင်တော့ ဈေးအကြီးဆုံးဖြစ်ပြီး ကားဝယ်ခြင်း၊ Business Class လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ အလှအပဝန်ဆောင်မှုများ၊ မင်္ဂလာဆောင်ပွဲကျင်းပခြင်းများနှင့် ပတ်သက်လျှင်တော့ တတိယမြောက်ဈေးအကြီးဆုံးဖြစ်ပါတယ်။
Source: Businessinsider.com
