ခရီးသွားခြင်းသည် စိတ်လက်အပန်းပြေစေပြီး စိတ်ဖိစီးမှုများကို လျော့ကျစေပါတယ်။ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများ၊ မိသားစုများနှင့် ခရီးသွားခြင်းသည်လည်း ပျော်စရာကောင်းသလို တစ်ကိုယ်တည်း စွန့်စားခန်းဖြင့် ခရီးသွားမယ်ဆိုရင်လည်း စိတ်လှုပ်ရှားဖွယ်ရာအပြည့်ပါပဲ။

ဒါပေမဲ့ တစ်ကိုယ်တော်ခရီးသွားမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ မိမိရဲ့လုံခြုံရေးကိုလည်း အများကြီးထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။

ဒါ့ကြောင့် တစ်ကိုယ်တော်ခရီးမသွားခင်မှာ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်များကို ဖော်ပြပေးလိုက်ရပါတယ်။

မိမိသွားလည်မယ့်နေရာအကြောင်းကို သေချာလေ့လာထားပါ

tourist attraction around the world

မြို့ထဲမှာ လျှောက်လည်တဲ့အခါ တစ်နေရာကနေ တစ်နေရာ သွားလာဖို့အတွက် ဘယ်လောက်ကြာနိုင်မလဲ။ ဘတ်စ်ကားနဲ့ သွားနိုင်မလား။ ကားနဲ့ပဲ သွားရမလား စတာတွေကို အစကတည်းက ကြိုတင်ရှာဖွေထားရပါမယ်။

တည်းခိုမယ့်နေရာရှာတဲ့အခါ

hotel to take a rest when you travel

Photo Source: Agoda.com

၂၄ နာရီ ဝန်ဆောင်မှုပေးနိုင်တဲ့ ဧည့်ကြိုကောင်တာရှိတဲ့ ဟိုတယ်ကို သေချာရှာဖွေပါ။ ဒါမှ သင် ဟိုတယ်ကို ဆိုက်ရောက်တဲ့အခါ သင့်ကို ခရီးဦးကြိုပြုပြီး တည်းခိုမယ့်အခန်းကို ပြပေးနိုင်မှာပါ။ နို့မဟုတ်ရင် သင် ဘယ်နေရာမှာ တည်းရမှန်းမသိ ဖြစ်နေပါလိမ့်မယ်။

မိမိကိုယ်ကို ယုံကြည်ပါ

solo trip for men

မိမိကိုယ်ကို ယုံကြည်မှုရှိမှသာ တစ်ကိုယ်တည်းခရီးထွက်လို့ရမှာပါ။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘဲ ဆုံးဖြတ်ချက်မပြတ်မသားဖြစ်နေမယ်ဆိုရင်တော့ တစ်ယောက်တည်း ခရီးမသွားပါနဲ့။

လူပြတ်တဲ့နေရာတွေကို မသွားပါနဲ့

solo trip for men

အထူးသဖြင့် ညဘက်တွေမှာ လူသွားလူလာများတဲ့နေရာတွေကိုသာ သွားလာသင့်ပါတယ်။ မိမိသည် နယ်မြေမကျွမ်းတဲ့အတွက်ကြောင့် လူပြတ်တဲ့နေရာတွေကို ရှောင်ကြဉ်တာအကောင်းဆုံးပါပဲ။

ဧည့်သည်တစ်ယောက်ပုံ မပေါ်ပါစေနဲ့

man asking for directions

Photo Source: JapanInfo.com

သင်သည် ကိုယ် ရင်းနှီးကျွမ်းဝင်မှုမရှိသော ဒေသသို့ ခရီးသွားရတာဖြစ်ပေမယ့် ဧည့်သည်တစ်ယောက်အသွင် မပေါ်ပါစေနဲ့။ မအူမလည်နဲ့ ယောင်တောင်ပေါင်တောင်ပုံစံဖြစ်နေမယ်ဆိုရင်တော့ သူခိုးသူဝှက်များရဲ့ပြစ်မှတ်ဖြစ်သွားပါလိမ့်မယ်။

အဖိုးတန်ပစ္စည်းများကို အိမ်မှာပဲ ထားခဲ့ပါ

man wearing jewelery

Photo Source: Gobbato.com

ရွှေတွဲလဲ ငွေတွဲလဲဖြင့် ခရီးသွားလာခြင်းကို အထူးရှောင်ရှားသင့်ပါတယ်။ အဖိုးတန်လက်ဝတ်လက်စားများကို သင့်ရဲ့နေအိမ်တွင်သာ ထားခဲ့ပါ။ ဒါမှ လုံလုံခြုံခြုံနဲ့ ခရီးသွားလာနိုင်မှာဖြစ်ပါတယ်။

မိမိတည်းမယ့်နေရာကို နေ့ဘက် အရောက်သွားပါ

man at hotel

Photo Source: Pinterest.com

အချို့မြို့ငယ်လေးတွေက ညဘက်မိုးချုပ်တာနဲ့ ဈေးဆိုင်တွေ ပိတ်သိမ်းလိုက်တာမျိုး၊ ဘတ်စ်ကား၊ တက်စီ၊ ဆိုင်ကယ်ဂယ်ရီတွေ သိမ်းလိုက်တာမျိုး ရှိနိုင်တာကြောင့် မိမိရဲ့ ကား (သို့) ရထား (သို့) လေယာဉ်ချိန်ကို သေချာချိန်ညှိပြီး အတတ်နိုင်ဆုံး မိုးမချုပ်ခင်အရောက်သွားသင့်ပါတယ်။

Source: Smartertravel.com