မိန်းကလေးတွေက ဆွဲဆောင်မှုမရှိဘူးလို့ ထင်သွား စေမဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။ ဒီအချက်လေးတွေကို အတတ်နိုင်ဆုံး မလုပ်မိအောင် ရှောင်ရှားနိုင်အောင်ကြိုးစားပါ။
ဟာသဉာဏ်မရှိတာ

Photo : Unsplash
လေ့လာသူတွေကတော့ ဟာသဉာဏ်ရှိတဲ့ သူတွေက မာနကြီးတဲ့သူတွေထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။ဟုတ်ပါတယ်။ သူငယ်ချင်းအုပ်စု တခုထဲမှာ ဟာသညဏ် ရှိတဲ့သူတစ်ယောက်ယောက်ရှိမှ ပျော်ဖို့ကောင်းတာပါ။ မိန်းကလေးတယောက်ကိုချဉ်းကပ်ဖို့ဆိုရင် အငြိမ့်တွေထဲကလူပြတ်တွေလို မဟုတ်ရင်တောင် စကားပြောရင်း အရွှန်းဖောက်တတ်ဖို့ လိုအပ်ပါတယ်။
ကောင်မလေးအချစ်ကိုရဖို့ အရမ်းကြိုးစားတာ

Photo : Shutterstock
တချို့မိန်းကလေးတွေက သူတို့ကိုလာပြီး ကြူနေတဲ့ ကောင်လေးတွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာက ယောက်ကျားလေးတွေရဲ့စိတ်ဝင်စားမှုကို ပိုပြီးရရှိစေတယ်လို့ပါ။ ဒါမှ မဟုတ် ခဏခဏလိုက်ပြီး စကားပြောနေတာ မကြိုက်လို့လည်းဖြစ်နိုင်ပါတယ်။ကွီးတို့အနေနဲ့ ဘယ်အချိန်ရပ်ရမလဲဆိုတာ သိရပါမယ်။ မိန်းကလေးတစ်ယောက်ရဲ့အချစ်ကိုရဖို့ နေ့ညမအား ကြိုးစားနေတာ အဖြေတစ်ခုမဟုတ်ပါဘူး။ တဖက်မိန်းကလေးအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ပြီးတော့ ကွီးတို့ကို အလုပ်မရှိအားနေတဲ့သူ လို့ထင်သွားပါလိမ့်မယ်။
တစ်ယောက်တည်းနေတာ

Photo : Medical News Today
တစ်ယောက်တည်းနေတာက ကျန်းမားရေးနဲ့စိတ်ခံစားမှုတချို့အတွက် ကောင်းကျိုးတွေရှိတာအမှန်ပါ။ဒါပေမဲ့ ကိုယ့်ရဲ့လက်တွဲဖော်ကိုရှာတော့မယ်ဆိုရင်တော့ ဒီလိုနေတာ အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ လေ့လာသူတွေကတော့ သူငယ်ချင်းအဖွဲ့ တွေနဲ့ အချိန်ဖြုန်းတဲ့တတ်တဲ့ သူတွေက အများအမြင်မှာပိုပြီး ကြည့်ကောင်းတယ်လို့ပြောထားပါတယ်။
အိပ်ရေးဝ ဝမအိပ်တာ

Photo : Freepik
မိန်းကလေးတစ်ယောက်ကို လိုက်ဖို့ အိပ်ရေးဝဝ အိပ်တာနဲ့ ဘာဆိုင်လို့လဲဆိုပြီး ထင်ကောင်းထင်နေပါလိမ့်မယ်။ အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုးတွေကို ကွီးတို့တော်တော်များများ သိကြမယ်ထင်ပါတယ်။ မျက်လုံးနီတာ၊ မျက်နှာဖောင်းပွလာတာ သို့ မျက်နှာကျသွားတာ၊ အသားအရေ မွဲခြောက်သွားတာတွေက အိပ်ရေး မဝခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။
ဒါကြောင့်ဆရာဝန်တွေက အိပ်ချိန်နည်းတဲ့ သူတွေက ဆွဲဆောင်မှု နည်းတယ်လို့ပြောကြတာထင်ပါတယ်။တရက်ကို ၇-၈ ထိအိပ်ပြီး ကွကိုယ် ဆွဲဆောင်မှု ရှိအောင်နေကြဖို့တိုက်တွန်းလိုက်ပါတယ်။
