ပိုမိုရှုပ်ထွေးတဲ့ လူလတ်ပိုင်းဘဝကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်လေးတွေကို ကလေးဘဝမှာကတည်းက သင်ပေးထားသင့်ပါတယ်။ ဒီဆောင်းပါးလေးကနေ ကလေးတစ်ယောက်အတွက် သင်ပေးသင့်တဲ့ အရာတွေကို ပြောပြပေးသွားမှာပါ။ လေ့လာမှုတွေအရ ဒုတိယဘာသာစကားကို သင်ယူနေတဲ့ ကလေးတွေက ပတ်ဝန်းကျင်နဲ့ ပိုပြီး လိုက်လျော်ညီထွေ နေထိုင်နိုင်ပါတယ်။ မှတ်ဉာဏ်လည်းပိုကောင်းလာသလို၊ ဘာသာခြားတွေနဲ့ ပြောဆိုဆက်ဆံရာမှာလည်း အခက်အခဲမရှိပြောဆိုနိုင်ပါတယ်။

Photo : WOOM
အရွယ်ရောက်လာတဲ့ အချိန်မှာလည်း အလုပ်ရဖို့ အခွင့်အရေးက တခြားလူတွေထက်ပိုပြီး ရာခိုင်နှုန်းပိုများပါတယ်။ မိခင်ဘာသာစကားအပြင် အခြားဘာသာစကားတခုခုကို အသုံးပြုနေတဲ့သူတွေဟာ အသက်ကြီးသွားလို့ Alzheimer (ဦးနှောက်ချွတ်ယွင်းတဲ့ရောဂါ) ဖြစ်ခြင်းမှလည်း နှောင့်နှေးစေတယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။
အခုအရွယ်ရောက်နေတဲ့ သူတွေတော်တော်များများ ကြုံနေရတဲ့ ပြဿနာက ငွေကြေးသုံးစွဲမှုမမျှတတဲ့ပါပဲ။ ဝင်ငွေထွက်ငွေ မမျှတာကြောင့် အကြွေးတွေ ထူနေတဲ့သူတွေတောင်ရှိပါတယ်။ကလေးတွေကို ပိုက်ဆံရဲ့အရေးကြီးပုံကို သင်ပြထားပေးပါ။ ပိုက်ဆံစုတာထက် ဘယ်လိုခြွေတာသုံးစွဲရမလဲဆိုတာကိုပါ သင်ပြထားပေးပါ။

Photo : Reading Cycle Festival
ဂီတကိုလေ့လာလိုက်စားတဲ့ သူတွေဟာ အခြားသူတွေထက်ပိုပြီးတော့ အကြားအာရုံ ကောင်းပါတယ်။ ပြီးတော့ အရွယ်အိုမင်းလာလို့ ဦးနှောက်ပျက်စီးခြင်းမှလည်း နှောင့်နှေးစေပါတယ်။ အရွယ်ရောက်လာတဲ့အချိန်မှာလည်း သူတို့ဆီမှာ ရှိတဲ့ ဂီတစွမ်းရည်ကို အများရှေ့မှာ ပြသနိုင်မှာပါ။ တကယ်လို့သာ ဂီတဘက်မှာ ပါရမီ ပါလာခဲ့ရင်လည်း အောင်မြင်ကျော်ကြားတဲ့ သူဖြစ်လာဖို့ အခွင့်အရေးတွေ ရှိလာနိုင်ပါတယ်။
ကလေးတွေကို ငြင်းတတ်အောင်လည်း သင်ပေးပါ။ ကိုယ့်ထက်ကြီးတဲ့လူ၊ ဆရာ/မ တွေ နဲ့ အခြားသူတွေ ကို ငြင်းဆန်ရဲအောင်သင်ပေးပါ။“No” ဆိုတဲ့ စကားတခွန်းဟာ ပြောရလွယ်ပေမဲ့ လူတိုင်းပြောရဲတော့ စကားတစ်ခွန်းမဟုတ်ပါဘူး။ ဥပမာ အလုပ်ရှင်က ကိုယ်လုပ်နိုင်တဲ့အလုပ်ပမာဏထက်ပိုပြီး အလုပ်တွေခိုင်းပေမဲ့ မငြင်းဆန်ရဲတဲ့ အတွက်ကြောင့် လုပ်ပေးရတာတွေ ရှိပါတယ်။ဒါမျိုးတွေ မဖြစ်အောင် ကိုယ်မလုပ်ချင်အရာ သို့မဟုတ် ကိုယ်လုပ်နိုင်တဲ့ ပမာဏထက် ကျော်လွန်ပြီး ခိုင်းပြီးဆိုရင် “No” ဆိုပြီး ငြင်းဆန်ရဲအောင် သင်ပေးထားပါ။
