ကောင်မလေးကို ဘယ်လို စိတ်ကျေနပ်အောင် ဘယ်လိုထားရမလဲ မသိဘူးဖြစ်နေလား။ဒီဆောင်းပါးလေးကနေ ချစ်သူကောင်မလေးကို ဘယ်လိုစိတ်ကျေနပ်အောင် ပျော်ရွှင်အောင်ထားရမလဲဆိုတာ နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပါ

Young couple discussing about relationship

မိန်းကလေးတော်တော်များများ ကတော့ သူတို့ရဲ့ပါတနာတွေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားတွေပြောနေရတာကို သဘောကျလေ့ရှိပါတယ်။ ဒါကတစ်ယောက်အကြာင်းတယောက်က ပိုနိုင်တဲ့အခွင့်အရေးလည်း ဖြစ်ပါတယ်။ ပြီးတော့ မိန်းကလေးတွေက သူတို့ရဲ့ပါတနာတွေနဲ့ စိတ်ခံစားချက်တွေမျှဝေတာ၊ တယောက်အပေါ်တယောက်ကနားလည်းမှုပေးတာတွေက သူတို့အတွက် လုံခြုံမှုရှိတယ်လို့ ပြောကြပါတယ်။

စပရိုက်စ်လုပ်ပေးပါ

Cheerful lady talking with husband
သူမက ရိုမန့်တစ်ဆန်တာကို မကြိုက်ရင်လည်းကိစ္စမရှိပါဘူး။ ရိုမန့်တစ် ဆန်တဲ့ အရာတွေ ကြိုးစားပြီး ပြုလုပ်ပေးပါ။ သူမ မကြိုက်ရင်တောင် စိတ်ထဲမှာ ကွီးဟာ သူ့ရဲ့ပျော်ရွှင်မှုကို အလေးထားတယ်ဆိုတာ သိသွားပါလိမ့်မယ်။ ကွီးရဲ့ကြိုးစားမှုကို သူမအသိအမှတ်ပြုသွားပါလိမ့်မယ်။ ဒါကသူမရဲ့စိတ်ထဲမှာ ကြည်နူးပိတိဖြစ်စေပါတယ်။

အမှတ်တရတွေဖန်တီးပါ

couple dating at town
အားလပ်ရက်မှာ သူမနဲ့အတူ ပန်းခြံသွားတာ၊ စပါ သွားတာ၊ လမ်းလျှောက်ထွက်ပြီး မုန့်တွေ လိုက်ဝယ်စားတာ စတဲ့အမှတ်တရဖြစ်မဲ့ အရာတွေလုပ်ပေးပါ။ စိတ်ထဲမှာ တနေရာရာ သွားချင်တဲ့ စိတ်ပေါ်လာရင် သူမကို ခေါ်ပြီးသွားလိုက်ပါ။ အရင်က သွားလည်ခဲ့တဲ့ နေရာတွေတော့ မဖြစ်ပါစေနဲ့။ မတူညီတဲ့ နေရာတွေကို ခေါ်သွားပေးလိုက်ပါ။

ပခုံးတစ်ဖက်အဖြစ်ရှိနေပေးပါ

 young couple man and woman sit at new home

ဘက်စ်ကားနှစ်ယောက်အတူတူစီးတဲ့အချိန်မှာ ဖြစ်ဖြစ် တတ်စီပေါ်မှာဖြစ်ဖြစ် မှီဖို့ ပခုံးတဖက်ကို သူ့အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေပါစေ။ ဝမ်းနည်းစရာတွေ ကြုံနေရတဲ့အချိန်မျိုးတွေမှာလည်း ငိုစရာပခုံးတဖက်ပေးလိုက်ပါ။ နောက်တစ်ခုမှတ်ထားရမှာက မိန်းကလေးတွေက သူတို့ရဲ့ခံစားချက်ကို ဖော်ပြတတ်တဲ့ သူတွေထဲမှာပါ ပါတယ်။ သူမပြောပြသမျှအရာ တွေကို ဝေဖန်ပြောဆိုခြင်းမပြုပဲနဲ့ အဆုံးထိနားထောင်ပေးလိုက်ပါ။ သူမ လိုအပ်တဲ့အချိန်အနားမှာ ကွီးတို့အမြဲရှိနေတယ်ဆိုတာ သူမသိပါစေ။

Photo : Freepik