စုံတွဲတွေကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာသေးသေးလေးတွေကို ဖြေရှင်းလို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ပြဿနာကြီးသွားရင်တော့ နှစ်ယောက်သား လမ်းခွဲတဲ့ထိဖြစ်သွားနိုင်ပါတယ်။ ဒီနေ့မှာတော့ ယိုင်နှဲ့နေတဲ့ Relationship တစ်ခုကို ဘယ်လိုပြန်တည်ဆောက်မလဲ ဆိုတာပြောပြပေးမှာပါ။

နာကြည်းစရာတွေကို မေ့လိုက်ပါ

Couple Are Sitting In Sea Yacht Port

Photo : YourTango

သင်တို့နှစ်ယောက်ကြားမှာ အတိတ်က တစ်ယောက်အပေါ်တစ်ယောက် နာကြည်းစရာ အဖြစ်အပျက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာတခြားတစ်ယောက်နဲ့ မရိုးသားစကားတွေပြောခဲ့တာမျိုး ဒါမှမဟုတ်ဒိတ်ခဲ့တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီလိုအမှားတွေကို ရန်ဖြစ်တိုင်း ထောက်ပြပြီး စကားနိုင်လုတာမျိုးလုပ်မိပါစေနဲ့။ Relationships ပြန်အဖက်ဆယ်လို့ မရအောင်ဖြစ်သွားနိုင်ပါတယ်။ ပြဿနာတစ်ခုဖြစ်လာပြီရှိရင် ဘယ်သူ့အပြစ်လဲအရင်မရှာပဲနဲ့ ဘယ်လို ဖြေရှင်းရမလဲဆိုတာ အရင်အဖြေရှာပါ။

အရင်အချိန်တွေကို ပြန်ဖန်တီးပါ

A couple sitting at cafe laughing cheerfully

Photo : The Gottman Institute

စတွဲတုန်းက ပျော်စရာအချိန်တွေကို ပြန်တွေးကြည့်ပါ။ ဘယ်အရာက သင်တို့နှစ်ယောက်ကို ချစ်ကျွမ်းဝင်စေခဲ့သလဲ။ အတူတူရိုက်ထားတဲ့ ဓာက်ပုံတွေ ဗီဒီရိုတွေ ပြန်ကြည့်ပါ။ အရင်က သွားလည်ခဲ့တဲ့ နေရာတွေကို ပြန်သွားလည်လိုက်ပါ။ပထမဆုံး ဒိတ်ခဲ့တဲ့ စားသောက်ဆိုင်တွေဆီ ပြန်သွားပါ။ အရင်ကကြည်နူးစရာကောင်းတဲ့ အရာတွေ ပြန်ဖန်တီးလိုက်ပါ။ ဒီအရာတွေကသင်တို့နှစ်ယောက် နောက်တဖန်ပြန် ချစ်ကျွမ်းဝင်ဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။

တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုထားပါ

Asian Couple Talking Enjoying Conversation Sitting On Couch At Home

Photo : PhotoDune

Relationship တစ်ခုပြိုကွဲမှာကို မလိုလားဘူးဆိုရင်တော့ တစ်ယောက်အပေါ်တစ်ယောက် စာနာနားလည်မှုရှိဖို့ အရေးကြီးပါတယ်။ ဆိုလိုတာကတော့ တစ်ခုခုဖြစ်တိုင်း သင့်ပါတနာနေရာကနေ ဝင်ခံစားကြည့်လိုက်ပါ။ ဒီလိုအခြေအနေမျိုးမှာ ငါသာသူ့နေရာမှာဆိုရင် ဘယ်လိုခံစားရမလဲ။ ငါတစ်ခြားတစ်ယောက်နဲ့ စကားပြောနေတာ ချိန်းတွေ့နေတာ သူသိသွားရင်ဘယ်လိုနေမလဲ။ ဒီလိုစာနာနားလည်မှုရှိတာတွေက Relationship ပြိုကွဲသွားမှာကို ရှောင်ရှားနိုင်ပါလိမ့်မယ်။