MMA ပြိုင်ပွဲတွေမှာ ပြိုင်ဖက်တွေအပေါ် အလွှမ်းမိုးနိုင်ဆုံး ဖိုက်တာတွေကတော့များသေား အားဖြင့် ဥရောပနိုင်ငံသားတွေပါပဲ။ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတွေမှာ UFC,Bellator, One Championship,Professional fighter League ဆိုပြီး အမျိုးအစားများစွာရှိပါတယ် ။ အကောင်းဆုံး MMA ဖိုက်တာ တွေကိုဖော်ပြပေးသွားမှာပါ။
Max Holloway

Photo : CBS Sports
Max Holloway ဟာအမေရိကန်နိုင်ငံသား UFC ဖိုက်တာတယောက်ပါ။ ၂၀၁၄ ခုနှစ်ကနေစပြီးတော့ ၂၀၁၈ ခုနှစ်ကုန်ခါနီးထိ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိအောင်စွမ်းဆောင်ထားပါတယ်။ ၁၃ ပွဲဆက်ရှုံးပွဲမရှိ အနိုင်ရရှိတဲ့ ဖိုက်တာတယောက်ပါ။ ဒါပေမဲ့ ဒီစံချိန်ဟာ ၂၀၁၉ အေပရယ်လမှာ Dustin Poirier နဲ့ထိုးသက်ခဲ့တဲ့ပွဲမှာ ကျိုးပျက်သွားခဲ့ပါတယ်။ လက်ရှိမှာ Max ဟာ UFC featherweight ချိန်ပီယံတဦးပါ။ ဒီ ဇွန်လှိုင်လထဲမှာ Frankie Edgar နဲ့ ချန်ပီယံခါးပက်ကာကွယ်ပွဲ ထိုးသက်သွားဖို့ရှိနေပါတယ်။
Dustin Poirier

Photo : MMA Junkie – USA Today
အမေရိကန်နိုင်ငံသား Dustin Poirier ဟာ မကြာသေးခင်က Max Holloway, Eddie Alvarez, Justin Gaethje, Anthony Pettis ယှဉ်ပြိုင်ထိုးသက်ခဲ့တဲ ပွဲတွေအားလုံးကို အနိုင်ရရှိထားတဲ့သူပါ။ ပြီးခဲ့တဲ့ ဧပြီလမှာ UFC featherweight ချန်ပီယံ Max Holloway နဲ့ထိုးသက်ခဲ့ပြီးတော့ lightweight ဆုကိုရရှိခဲ့ပါတယ်။ဒီလာမဲ့ စက်တင်ဘာလမှာ ရှုံးပွဲလုံးဝ မရှိးသေးတဲ့UFC Lightweight နဲ့ Ultimate Fightingချန်ပီယံ Khabib Nurmagomedov နဲ့ထိုးသက်သွားဖို့ရှိနေပါတယ်။
Khabib Nurmagomedov

Photo : Ring Sporları
Khabib Nurmagomedov ဟာရုရှားနိုင်ငံသား တယောက်ဖြစ်ပြီးတော့ MMA ပြိုင်ပွဲတလျှောက် ရှုံးပွဲလုံးဝမရှိသေးပါဘူး။ ဒီရလဒ်ကိုတော့ တော်ရုံဖိုက်တာ တယောက် အတွက်ရရယူဖို့ဆိုတာမဖြစ်နိုင်လောက်ပါဘူး။ Khabib ဟာပြိုင်ပွဲတလျှောက် ပထမအချီတွေမှာ ဘယ်လိုပဲ ထိုးခံရထိုးခံရ နောက်ပိုင်းအချီတွေမှာ ပြန်လာလေ့ရှိတဲ့ကစားသမားမျိုးပါ။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ McGregor နဲ့ထိုးသက်ခဲ့တဲ့ ပွဲမှာ ပြသာနာဖြစ်ခဲ့တာကြောင့် ၂၀၁၉ ဇွန်လှိုင် ၆ ရက်နေ့အထိ ပွဲပယ်ပစ်ဒဏ်ခံခဲ့ရပါတယ်။လာမဲ့ စက်တင်ဘာလမှာတော့ Dustin Poirier နဲ့ယှဉ်ပြိုင်ထိုးသက်သွားမှာပါ။
Daniel Cormier

Photo : South China Morning Post
Daniel Cormier ဟာအမေရိကန်နိုင်ငံသား UFC ဖိုက်တာတယောက်ဖြစ်ပြီးတော့ UFC Heavyweight ချိန်ပီယံခါးပက်ရရှိထားတဲ့သူပါ။ ဒီချန်ပီယံဆုကို နှစ်ကြိမ်တိတိ စိန်ခါ်သူတွေဆီကနေ ကာကွယ်ထားနိုင်ခဲ့ပါတယ်။သူဟာ လက်ရှိ အသက် ၄၀ ရှိနေပြီဖြစ်ပြီးတော့ လာမဲ့ Aug 17 မှာ Miocic နဲ့ယှဉ်ပြိုင်ထိုးသက်ပြီးရင် အနားယူဖွယ်ရှိနေပါတယ်။
