နေ့စဉ်နေ့တိုင်းအိပ်ရေးဝဖို့က သိပ်တော့မလွယ်ကူပါဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ နေ့စဉ်ဘ၀ ဖြတ်သန်းမှုမှာ အိပ်ရေး၀၀အိပ်နိုင်ရေးက ကျန်းမာရေးနဲ့အလှအပအတွက် အခြေခံတဲ့အချက်ပဲဖြစ်ပါတယ်။ အိပ်ရာနိုးချိန်မှာ စိုပြေလန်းဆန်းနေစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းဟာ အကောင်းဆုံးအနားယူမှုထဲက အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ တကယ်လို့ ကောင်းစွာမအိပ်ခဲ့ဘူးဆိုရင် မျက်နှာကအိပ်ရေးမဝကြောင်းကို ဦးစွာဖော်ပြပါလိမ့်မယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးပြီး ကဖင်းဓတ်ပါတဲ့အစားအစာတွေကို ရှောင်ကြည်ရပါမယ်။

Man washing face with facial cleanser

Photo : Tiege Hanley

မိန်းကလေးတွေရဲ့ အလှအပဆိုင်ရာလျှို့ဝှက်ချက်တစ်ခုက တစ်နေ့မျက်နှာ နှစ်ခါသစ်တာပါပဲ။ အမျိုးသားများလည်း မိန်းကလေးတွေရဲ့ ဒီလျှို့ဝှက်နည်းလမ်းကို ကျင့်သုံးသင့်ပါတယ်။ အဆီပြန်ခြင်းကို ထိန်းညှိပေးတဲ့ မျက်နှာသစ်ဆေးကိုသုံးပြီး ညမအိပ်ခင် မျက်နှာသစ်မယ်ဆိုရင် နောက်နေ့နံနက်မှာ စိုပြေလန်းဆန်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပြီပေ့ါ။

အိပ်စက်အနားယူနေချိန်မှာ အသားအရေရဲ့ဆဲလ်တွေဟာ အလိုအလျှောက်အလုပ်လုပ်နေမှာဖြစ်ပါတယ်။ ဆဲလ်သေတွေကိုဖယ်ရှားပြီး ဆဲလ်အသစ်တွေကို ပြန်လည်ထုတ်လုပ်ပေးပါတယ်။ အသားအရေနဲ့သင့်တော်တဲ့ ညလိမ်းခရင်မ်တစ်ခုခုကို လိမ်းထားခြင်းဖြင့် အရေပြားရဲ့ လုပ်ဆောင်ချက်ကို ပိုမိုအထောက်အကူဖြစ်စေမှာပါ။

Man using Face Cream

Photo : TimeSaver

တစ်ခါတစ်လေ အိပ်ရာနိုးလာချိန်မှာ လန်းဆန်းပေ့ါပါးမနေတာ၊ မျက်နှာအသားအရေဟာလည်း နွမ်းခြောက်နေတာမျိုးတွေ ကြုံလာနိုင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ ရေခဲရေရဲ့အကူအညီကို ယူသင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ အိပ်ရာနိုးတာနဲ့မျက်နှာသစ်ရေချိုးမှာပါပဲ။ ဒါပေမယ့် တခါတရံမှာ ရေအေးပိုက်ကိုဖွင့်ပြီး အေးမြတဲ့ရေနဲ့ အားပါးတရထိတွေ့သင့်ပါတယ်။ အေးမြတဲ့ရေက အသားအရေကို အားပြည့်လန်းဆန်းစေမှာပဲဖြစ် ပါတယ်။

မျက်လုံးတဝိုက်ကအသားအရေအတွက် စိုးရိမ်စရာတွေ ဖြေရှင်းဖို့နည်းလမ်းကတော့ ရေဓာတ်ပါဝင်တဲ့ မျက်လုံးတဝိုက်အသားအရေထိန်းသိမ်းတဲ့ခရင်မ် ဆောင်ထားသင့်ပါတယ်။ ညမအိပ်ခင်မှာ သင့်တော်တဲ့ Eye cream တစ်ခုခုကို လိမ်းအိပ်မယ်ဆိုရင် မျက်လုံးတဝိုက်မှာအရေးအကြောင်းတွေကင်းပြီး ကြည်လင်တောက်ပတဲ့ မျက်ဝန်းတွေကို နံနက်လင်းတဲ့အခါမှာပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။